ကောင်လေး...ရေ

မြန်မာစာပေကို အရသာမခံတတ်ဘဲ
မြန်မာစာပေကို ဖန်တီးချင်တဲ့ ကောင်လေး
ရွှေဥဒေါင်းနဲ့ သော်တာဆွေတောင် မဖတ်ဖူးဘဲ
ဝတ္ထုရေးနေတဲ့ ကောင်လေး
ဟာရိုးရော်ဘင်ဝတ္ထု ဘာသာပြန်တောင် မဖတ်ဖူးဘဲ
ဝတ္ထုရေးနေတဲ့ ကောင်လေး
တေဇနဲ့ ရွှေသွေးလောက် ဖတ်ပြီး
ကဗျာရေးလို့ ရပြီထင်နေတဲ့ ကောင်လေး
မင်းအတွက် ငါ ရင်လေးတယ်

မော်ဒန်တွေ ပို့စ်မော်ဒန်တွေ အသာထား
အနုပညာမြောက်တာတွေ 
မမြောက်တာတွေ အသာထား
မင်းစာအုပ်တွေ... 
လူတွေကကော ဖတ်ကြရဲ့လား ကောင်လေး
မင်းစာအုပ်တွေ စာကြည့်တိုက်ရောက်ဖို့ နေနေ
စာအုပ်အငှားဆိုင်ကတောင် လက်မခံတဲ့ကောင်လေး
မင်းဘဝကို မင်း နားလည်သင့်တယ်

ဟိုပွဲတက် ဒီပွဲတက် 
လျှပ်စီးလက်နေတာ အနုပညာ မဟုတ်ဘူး
မိုးကြိုးပစ်ချသလို အနုပညာကို
သံသရာမှာ ကျင်လည်နေသရွေ့
မင်း တွေ့မှာမဟုတ်ဘူး ကောင်လေး

ကဗျာရေးပြီး...
ဆယ်လီဘရစ်တီဖြစ်ချင်လို့ မရဘူး ကောင်လေး
ဂျာနယ်တွေ မဂ္ဂဇင်းတွေထဲမှာ
ဓာတ်ပုံတွေ အင်တာဗျူးတွေ ခဏခဏ ပါတိုင်း
အောင်မြင်တဲ့ စာရေးဆရာ မဟုတ်ဘူး ကောင်လေး

ဝတ္ထုစာအုပ်တွေ 
အုပ်နှစ်ဆယ် အုပ်သုံးဆယ် ရေးထုတ်ပြီး
စာရေးဆရာ ဟုတ်ပြီကွလို့ 
ကိုယ့်ကိုယ်ကိုယ် အထင်မကြီးနဲ့ ကောင်လေး
မင်း ပရိတ်သတ်ဆိုလို့
ရူးပေါပေါ ကောင်မလေး တစ်ယောက် နှစ်ယောက်ပဲ
ငါ တွေ့ဖူးတယ် ကောင်လေး

မင်း ကြားဖူးမလား မသိဘူး
အဲရစ်ကလက်ပ်တန်ဆို သားတစ်ယောက်လုံး သေပြီးမှ
သီချင်းတစ်ပုဒ်ပဲ ပြန်ရတယ် ကောင်လေး
အနုပညာဆိုတာ... 
ငွေနဲ့တိုင်းထွာလို့ မရဘူး ကောင်လေး
ကဗျာဆိုတာ...
ဘယ်နိုင်ငံမှာမှ စျေးကွက်မဝင်ဘူး ကောင်လေး

လာသေးတယ်... မင်းက 
မြန်မာစာပေအနာဂတ်ကို စိတ်မချဘူးတဲ့...
အဲဒီလောက် မစိုးရိမ်ပါနဲ့ ကောင်လေး
ငါ တခါက ရေးခဲ့သလိုပါပဲ

သမိုင်းရဲ့ကန်ချက်မှာ
တိုင်ထိပြီး ပြန်ထွက်လာတာ တစ်ခါမှမရှိပါဘူး ကောင်လေး
မင်းလို ကောင်လေးတစ်ယောက်အတွက်
မင်းတို့မျိုးဆက်ကို အထင်မသေးရက်ပါဘူး ကောင်လေး
မင်းရှေ့က ငါတို့မျိုးဆက်က
ဝက်သားနဲ့ ချဥ်ပေါင်ကို လဲခဲ့တဲ့ မျိုးဆက်ကွ ကောင်လေး
ငါတို့မျိုးဆက်က ဘဝပျက်ရတယ် ကောင်လေး
ငါတို့မျိုးဆက်က အသက်နဲ့ရင်းရတယ် ကောင်လေး။       ။

လှသန်း (၂၀၀၉)

Respect & Credit to Poet Hla Than 

Comments

  1. နည်းလမ်းပေါင်းစုံသုံးပြီစစ်ခွေးတွေကိုသုတ်သင်ရှင်းလင်းကြ....
    ပန်းတိုင်ကငါတို့လက်တကမ်းမှာပါ.......

    ReplyDelete
  2. သမိုင်းရဲ့ဖရီးကစ်

    ReplyDelete
  3. အခုခေတ်အထိ ဆရာလှသန်းရှိသေးရင် ကောင်လေးရေကဗျာ (၂) တို့ (၃)တို့ပါထွက်ဉီးမယ်

    ReplyDelete
  4. "ဝက်သားနဲ့ ချဥ်ပေါင်ကို လဲခဲ့တယ်
    ဘဝပျက်ရတယ်
    အသက်နဲ့ရင်းရတယ်"

    ကဗျာဆရာတွေရဲ့ဘ၀ 🤍

    ReplyDelete
  5. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. ဆယ်လီဖြစ်ဖို့ အရေး ဆရာချိမ့်ရဲ့ ဂန္တဝင်မမ ကိုတောင် ဖျက်လို့ ဖျက်ဆီး လုပ်နေကြတဲ့ ခေတ် 💔

      Delete
  6. အသက်နဲ့ရင်းရတဲ့ မျိုးဆက် ..

    ReplyDelete
  7. ကျွန်တော်က အသည်းနှလုံးပဲ သုံးတယ်ဆိုတော့
    အမေက ပြုံးတယ်
    လောကကြီးအကြောင်း မင်းမသိသေးလိုပါ သားရယ်တဲ့
    ကဗျာမှာသာ ခေါင်းမသုံးဘဲ မင်းရရင် ရမယ်
    လမ်းပေါ်မှာတော့ မရ
    မင်းအမြဲ သေရတယ်မဟုတ်လားတဲ့။

    #စိုင်းဝင်းမြင့်

    ReplyDelete
  8. စာ ကဗျာ ‌‌ရေးချင်ရင် စာဖတ်နာရတယ်တဲ့
    ငယ်ငယ်က ဆရာတစ်ဦး ဆုံးမဖူးတဲ့ စကားလေး

    ReplyDelete
  9. 💕💕💕💕💕

    ReplyDelete
  10. Have a sweet dream all clickers

    ReplyDelete
  11. ကဗျာ ချစ်တဲ့ငါ
    စာ​တွေနှစ်သက်တာ ဘာဆန်းလဲ
    အထာကြမ်းကြမ်း​ပေးတဲ့ C4K ​ကြောင့်
    ဥပါဒါန်နဲ့ လမ်းမခွဲနိုင်​တော့ဘူး။

    ReplyDelete
    Replies
    1. အထာကြမ်းကြမ်းပေးတဲ့ C4K
      Vs
      ကဗျာရေးစကေးကြမ်းတဲ့ Clickers🔥 🤗🥰
      ( မီမပါ 😁)

      Delete
    2. Yoy Yoy, Never Say Goodbye

      Delete
  12. ဘစိုင်းကိုပြောတာလားမသိ

    ReplyDelete
  13. ဘစ်ုင်းလားမသိ

    ReplyDelete
  14. Wheel............dope.🏹🏹🏹

    ReplyDelete
  15. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  16. Replies
    1. ​ကောင်​လေး​ရေ ...

      Delete
  17. ကောင်လေးရေApril 21, 2023 at 11:59 PM

    🤭🌻

    ReplyDelete
  18. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog