ကဗျာတစ်ပုဒ်ကိုစောင့်မျှော်ခြင်း

ဘယ်ထောင့်က ပေါ်လာမည် မသိ
ချိန်းဆိုထားတယ် မဟုတ်ပါဘူး။

အစာငတ်နေသော ကြောင်
လှောင်အိမ်မှာ ငိုနေသောငှက်
စီးဆင်းမှုပိတ်ပင်ခံထားရသော မြစ်
ရှင်သန်မှုမျိုးကန်းသွားသည့် သစ်ပင် 

စျေးတန်းမှာ
စျေးဗန်းတွေ ငါ့ကိုရန်ရှာတယ်။

လူက
လူကိုလူလို မမြင်ချင်နေပါ
အစားအစာနဲ့ သစ်သီးဝလံတွေကပါ
မင်းတတ်နိုင်ရဲ့လားကွာ သဘော
မချေမငံကြည့် ကြည့်တာလောက်
အခံရခက်တာ မရှိဘူး။

သြော်
ကိုယ်ခေါ်နေတာတောင်
ကိုယ်ပြန်မကြားပြန်ဘူး။

မကောင်းဆိုးရွားတွေ လန်းရွှင်သလိုမျိုး
မီးစက်ဟောင်သံတွေ
ကြားလာရပြန်ပြီ။        ။

လူအိမ်

Respect & Credit to Poet Luu Eain

Comments


  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. 🥷 ခေါင်းဆောင်ကောင်း ...

    @ တိတိကျကျဦးဆောင်၍ ...
    မြန်မြန်ဆန်ဆန်တာဝန်ခံလုပ်ဆောင်သော
    ခေါင်းဆောင်ကောင်းလိုနေသည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  3. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  4. We click as a daily action

    ReplyDelete
  5. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  6. Thanks..🕊🌹🕊

    ReplyDelete
  7. Wheel............dope.🏹🏹🏹

    ReplyDelete
  8. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  9. Fighting
    Click,click,click............

    ReplyDelete

Post a Comment

Popular posts from this blog