သံမဏိနှင်းဆီ

တစ်ပွင့်တည်းပါ
တစ်ပွင့်တည်း 
ဒါပေမဲ့
ရဲရဲနီနေတယ်

မသဲမကွဲမြင်နေရတဲ့
အချိန်မှာတောင်
အဝေးကရှုမျှော်
ထိုပန်း လန်းဆန်းနေတာ
အထင်းသားမြင်နေရတယ်

ပွင့်ချပ်တွေက အလွှာထပ်လို့
ခန့်ညားထည်ဝါလိုက်တာ
အကွယ်အကာမရှိဘူး

မေတ္တာတွေ
ကရုဏာတွေ
စာနာ နားလည်မှုတွေ
သန့်ရှင်းစင်ကြယ်တဲ့
မုဒိတာက ခိုင်းနှိုင်းမှုကင်းမဲ့

တစ်ပွင့်တည်းပါ
တစ်ကယ့်ကို တစ်ပွင့်တည်း
ပမာခိုင်း နှိုင်းစရာမရှိဘူး
အလှသမိုင်းတွေနဲ့
ဘဝမရိုင်းတဲ့ ရဲရဲတောက်နှင်းဆီ

သံမဏိတွေနဲ့ ဖွဲ့သီပေမဲ့
ဝတ်ဆံညှာတွေက 
တစ်ကမ္ဘာလုံးကို ရနံ့သင်းစေတယ်

ပွင့်ချပ်အလွှာတွေက ခိုင်ခန့်တည်မြဲ
အလှတရားက 
မြင်သူ ငေးမောပေါ့

အဲဒါ
မနွမ်းသော
မ​ကြွေသော
အမြဲလန်းနေသော

ငါတို့ရဲ့
တစ်ပွင့်တည်းသော နှင်းဆီ
သံမဏိနှင်းဆီပေါ့


ယမုံ (aas)

Comments

  1. ရင်ထဲက တစ်ပွင့်ထဲသော
    သံမဏိနှင်းဆီ🌹

    ReplyDelete
  2. 🥷 သည်ခေတ်နဲ့ဤခေတ် ...

    @ သည်ခေတ်ကြီးက ...
    သူခိုးက လူပြန်ဟစ်ပြီး
    လူကောင်းက ထောင်ကျတဲ့ခေတ်။

    😀 စစ်မင်းထက်သာ

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. တစ်ပွင့်ထဲပါ
    တစ်ကယ့်ကိုတစ်ပွင့်ထဲ
    ပမာခိုင်း နှိုင်းစရာမရှိဘူး
    အလှသမိုင်းတွေနဲ့
    ဘဝမရိုင်းတဲ့ ရဲရဲတောက်နှင်းဆီ🌹

    ReplyDelete
  5. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  6. တကယ်ကိုတစ်ပွင့်တည်းပါ

    ReplyDelete
  7. မလိုလိုပဲ ပစ်ပစ်
    ပိုလိုပဲ ပစ်ပစ်
    အပစ်ခံရသူက ဒီလူပါ။

    ရင်ဘတ်ထဲက ဒဏ်ရာဟာ
    မျက်နှာမှာမပေါ်ပေမယ့်
    အနာတကာ့အနာထက် ပိုနာပါတယ်။

    တကယ်ပါ
    ခင်ဗျားကိုလေ
    ဘယ်နည်းနဲ့ဖြစ်ဖြစ်
    ချစ်စရာတွေကို အပြစ်အနာဆာရှာပြီး
    မေ့ပစ်လိုက်ချင်တယ်။

    သိုပေမယ့်လည်း............။

    -ထွန်းဟိန်းယံ

    ReplyDelete
  8. တစ်ပွင့်တည်းသောနှင်းဆီ

    ReplyDelete
  9. တစ်ပွင့်ထဲပါ
    ဒါပေမဲ့ ရဲရဲနီနေတယ်🌹♥️

    ReplyDelete
  10. ရင်ထဲက ချစ်နှင်းဆီ..

    ReplyDelete
  11. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. တစ်ပွင့်ထဲပါ
    ဒါပေမဲ့ ရဲရဲနီနေတယ်🌹🥺

    ReplyDelete
    Replies
    1. လွမ်းတာရော သတိရတာရောပါ အမေ🥺March 25, 2023 at 11:10 PM

      🌹
      🤲

      Delete
    2. မီးပေါက်လား၊မတွေ့တာကြာပြီနော်

      Delete
  14. ကျန်းမာပါစေအမေ။

    ReplyDelete
  15. သံမဏိ နှင်းဆီ။

    ReplyDelete
  16. ငါတို့ရဲ့ တပွင်းတည်းသော နှင်းဆီ
    သံမဏိ နှင်းဆီပေါ့။

    ReplyDelete

Post a Comment

Popular posts from this blog