အမေ...
သားတော့မီးလောင်နေပြီ
လူတွေကတော့ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ...
ကဗျာ...
ကဗျာ...
သက်သာရာရမလားလို့ပါ...
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းတော့ ခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။ 

သျှပ်မှူးကျော်

Respect & Credit to Artisit Htoo Eain Thin

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  3. ရန်သူက ရန်ငါပြတ်တယ်

    ReplyDelete
  4. နှလုံးသားထဲမှာ

    ReplyDelete
  5. ⁠・⁠–⁠・⁠・⁠–⁠・⁠・⁠–⁠・

    ReplyDelete
  6. အချိန်တန်ရင်မေ့သွားမှာပါတဲ့
    မေ့ပြီးသားဖြစ်နေတဲ့ခင်ဗျားအတွက်
    အဲ့လိုပြောရတာသိပ်လွယ်မှာပေါ့

    _ထွန်းဟိန်းယံ

    ReplyDelete
    Replies
    1. အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ

      အရောင် ထွက်ဖို့ ခက်တယ်။

      Delete
  7. Replies
    1. "မိုက်မဲမှုအရသာကို ခံစားချင်ရင်တော့
      အရက်ပြင်းပြင်းတစ်ခွက်လောက်သောက်ပါ။
      ရိုးသားမှုရဲ့ စည်းစိမ်ကို ခံစားချင်ရင်တော့
      ကဗျာတစ်ပုဒ်ကို ဖတ်ပါလေ..။"

      - နေမျိုး
      ကဗျာဆရာဝံပုလွေမှ..

      Delete
  8. 🥷 ဖြစ်နိုင်ခြေ ...

    @ လောကမှာ ...
    နိုင်နေရာကနေ ရှုံးနိုင်သလို
    ရှုံးနေရာကနေ နိုင်သွားနိုင်တယ်
    ဘယ်အရာမှ မတည်မြဲပါ၊

    🏇 စစ်မင်း ထက်သာ

    ReplyDelete
    Replies
    1. ကိုယ်တို့ အားထည့်ပြီး တိုက်​နေဖို့သာ လိုရင်း,

      Delete
  9. 🙂 ပုံရိပ် ...

    @ ပန်းချီကာတွန်းလေးတွေကို ...
    ကျနော့်အယူအဆအရ"ပုံရိပ်"လို့ထင်တယ်
    ဘာလို့လည်းဆိုတော့ ...
    သက်ရှိသက်မဲ့လှုပ်ရှားမှုသဘာဝတွေကို
    ပုံရိပ်အဖြစ်ဖန်တီးထားလို့ပါဘဲ
    ဒီနေရာမှာပုံရိပ်လေးတွေကိုကြည့်ပြီး
    လူတွေက ...
    မှန်တယ်မှားတယ်
    ကောင်းတယ်ဆိုးတယ်လို့ဝေဖန်ပါလိမ့်မယ်
    ဒါပေမယ့်"အရေးအကြီးဆုံး"က ...
    လူသားဆန်ဆန်‌တွေးခေါ်ကြည့်တတ်ဘို့
    လိုအပ်ပါလိမ့်မယ်။

    🥷 စစ်မင်း ထက်သာသီအိုရီ

    ReplyDelete
  10. 🥷 ရင်လေးတယ် ...

    @ အင်္ဂလိပ်၊ဖက်ဆစ် ...
    တော်လှန်ရေးကားတွေကြည့်ဖြစ်တယ်
    အမှန်ဆို ...
    အင်္ဂလိပ်ရဲ့အုပ်ချုပ်ရေးစံနစ်
    စံနစ်ကျပြီးကောင်းမွန်တယ်ဆိုရမယ်
    ပြည်သူတွေနှိပ်ကွပ်ပေမယ့်
    အစွန်းမရောက်ဘူး
    ဖက်ဆစ်ရဲ့အုပ်ချုပ်ရေးစံနစ်ကျတော့
    မတရားဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်
    မုဒိမ်းကျင့် လုပ်ချင်သလိုလုပ်တယ်
    အစွန်း လက်ဝဲစွန်းဆန်တယ်
    တူတာတစ်ချက်က ...
    မြန်မာလူမျိုးတွေ ကိုယ့်နိုင်ငံကိုယ့်လူမျိုး
    မျက်နှာမထောက် သာကူးလုပ်ကြတယ်
    အဲ့ဒါအဆိုးဆုံးဘဲ
    အခုလည်း ...
    အမှားအမှန်မခွဲခြား နေသာသလိုနေ
    သာတဲ့ဘက်ကူး အမျိုးမျိုးသစ္စာဖောက်
    "လိပ်"သာကူးတွေများလာတာမို့
    ငါတို့နိုင်ငံ ငါတို့လူမျိုးတွေအတွက်
    ရင်လေးမိတယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
    Replies
    1. ရေစုန်မှာပန်းပြသူကရှိသေး

      Delete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. Fighting
    Click,click,click........

    ReplyDelete
  13. Fighting
    Click,click,click.......

    ReplyDelete
  14. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete

Post a Comment

Popular posts from this blog