စိတ်ရင်းပေါ်သောနေ့ရက်များ 

စစ်ဘေးသင့်ပြည်သူတွေ  
သားတို့မြို့လေးဆီ လာရှောင်ကြတဲ့အခါ
"ခေတ်ပျက်ကြီးထဲ...ဒီလိုအေးချမ်းတဲ့ 
မြို့လေးရှိသေးတာပဲ"လို့ သူတို့ပြောကြရင်
သား ဘယ်လိုဂုဏ်ယူနိုင်မှာလဲ အမေရယ်။

ကြံကြံဖန်ဖန်အတွေးထဲ 
မဆီမဆိုင် ရှက်နေရတယ်
အချိန်တစ်ခုအထိ မျက်နှာကိုသာ 
ဖြုတ်လဲထားလိုက်ချင်တယ်။ 

ခေတ်ပျက်ကြီးမှာ လက်ထဲ ပိုက်ဆံမထားချင်လို့ 
မြေဝယ် တိုက်ဆောက်နေတဲ့လူတွေကအစ၊
ဆန်တစ်ပြည် တစ်ရာ၊ 
ကြက်ဥတစ်ကဒ် တစ်ရာရောင်းပေးတဲ့ဆိုင်ရှေ့ 
ကိုယ့်အသက် ကိုယ်ပြန်လုဝယ်နေရတဲ့ ဘဝတွေကအလယ်၊
အသက်ကလွဲရင် ဘာမှဆုံးရှုံးစရာမရှိတော့တဲ့ 
​ပြာပုံပေါ်က လူတွေအဆုံး
တစ်နိုင်ငံလုံး ပြုံးစရာတကွက်မှမရှိတော့ဘူး။ 

ဒီနှစ်တွေအတွင်း အမေလည်း ပိန်သွားတယ်နော်
သားချစ်တဲ့သူတွေလည်း အမေ့လိုပဲ ပိန်သွားတယ် 
အချစ်မရှိတဲ့နှစ်တွေ ပိန်တယ်
အသံတွေ ပိန်တယ်
အစာအိမ်​တွေလည်း ပိန်တယ်
မဆူဖြိုး​သေးတဲ့ နိုင်ငံတော်ကြီးဟာလည်း  
လူရုပ်သူရုပ်မပေါ်အောင် ပိန်ချုံးခဲ့ပြီ
လေရူးတမှုတ်ခါလိုက်ရင် 
လွင့်ထွက်သွားရလောက်အောင် 
နိုင်ငံတော်ဟာ အခွံပဲကျန်တော့တယ်။  

ငရဲတွင်းကြီးထဲ
ရူးချင်ယောင်ဆောင် ပျော်နေကြတဲ့သူတွေအတွက်
သားတို့ဟာ...
ဘူပေါက်စေတဲ့ဖဲချပ်လေးတွေပါပဲ။
ပျော်စရာမြင်ရင်...
မပျော်နိုင်သူတွေကို သတိရမိတော့
သားတို့ရဲ့ ပျော်ရွှင်ခြင်းမှာ...
ကြိုးတိုလေးတစ်ချောင်း ချည်နှောင်မိပေါ့။ 

သားတို့ဟာ...
ကိုယ့်သမိုင်းထဲ ကိုယ့်နိုင်ငံကိုပါထည့်ရေးနေကြတယ်
ညာလက်ပြတ်ရင် ဘယ်လက်နှင့်ရေးတယ်
ဘယ်လက်ပြတ်ရင် ခြေထောက်နှင့်ရေးတယ်
ခြေထောက်ပြတ်ရင် ပါးစပ်နှင့်ဆက်ရေးတယ်
အသက်ပါပြတ်သွားရင်လည်း အရှုံးမပေး
ဝိညာဉ်နဲ့ ဆက်ရေးကြသေးတယ်
သွေးတွေရင်းရတဲ့ ခေတ်တွေ
မကုန်သေးဘူး အမေရယ်။ 

နိုင်ငံတော်အတုကို နိဂုံးချုပ်နိုင်ရင်ချုပ် 
မချုပ်နိုင်ရင် ကိုယ့်သမိုင်း နိဂုံးချုပ်ပြီပဲ 
ခက်ခဲတယ်...
ဒါပေမယ့် မရပ်တန့်ဘူး အမေ 
ခြောက်လှန့်​ကြတယ် 
ဒါပေမယ့် သားမကြောက်ဘူး 
လူဆိုတာ...
အကုသိုလ်ကောင်ကြီးမဖြစ်ရင်ဘဲ
အနေမြတ်နေပြီမဟုတ်လား 
စိတ်ချပါအမေ... 
သားဟာ အနေမြတ်ခဲ့ပါပြီ
အသေမြတ်ဖို့ပဲ ကျန်တော့တယ်။         ။ 

ကိုဟိန်း 

၄.၉.၂၀၂၂

Comments

  1. မရပ်တန့်ဘူး အဆုံးထိ ရှေ့ဆက်တိုက်မယ်

    ReplyDelete
  2. အနေမြတ်ဖို့
    အသေမြတ်ဖို့

    ReplyDelete

  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. ကိုယ့်သမိုင်း ကိုယ့်ဘာသာရေးမယ်
    လိပ်ပြာသန့်စွာ ရှင်သန်မယ် 🤜🤛

    ReplyDelete
  5. အမှန်ပေါ့ဗျာ

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. ရေးထားတာလေးကောင်းလိုက်တာ
    Fighting

    ReplyDelete
  8. လူတစ်ယောက်ဆီမှာ မြိုတစ်မြိုတော့ရှိလိမ့်မယ်။

    အမြဲ ပြန်ချင်နေတဲ့ မြိုပေါ့ ... ... ...

    အဲ့မြိုမှာတစ်စုံတစ်ယောက်ရှိလိုလည်းဖြစ်နိုင်သလို၊
    ဘာမှမရှိဘဲ ဒီအတိုင်း ပြန်ချင်တဲ့
    မြိုတစ်ခုလည်းဖြစ်နိုင်တယ်။

    နေဝင်ချိန်ချင်းအတူတူ အဲ့မြိုရဲ့ နေဝင်ချိန်ကတော့
    ပိုပြီး စိတ်အေးစရာကောင်းနေသလို ...

    နေထွက်တာချင်းအတူတူ အဲ့မြိုရဲ့ နေထွက်ချိန်က
    ပိုပြီးခွန်အားဖြစ်စရာပါပဲ။

    တိုက်ခတ်လာတဲ့လေပြေညှင်းတွေကြား
    စိတ်သက်သာ ရပြီး အဲ့မြိုရဲ့လမ်းတွေပေါ်မှာ
    ညဘက်လမ်းလျှောက်ရတဲ့ ချမ်းအေးလူလူအရသာက လောကရဲ့ဘယ်အရာနဲ့မှထပ်မလဲချင်ဘူး။

    ချစ်ခြင်းမေတ္တာကိုလည်း အဲ့မြိုမှာပဲ တွေ့ချင်တယ်။

    အခြေချရတဲ့အခါလည်း အဲ့မြိုမှာပဲ ဖြစ်ချင်တယ်။

    လူတစ်ယောက်ကိုလည်းလွမ်းရသလို
    မြိုတစ်မြိုကိုလည်း လွမ်းတတ်ပါတယ်။

    စိတ်ရော၊ လူပါ ဖျားနာရတဲ့နေတွေဆို
    အရာအားလုံးကနေပြေးထွက်ပြီး

    အဲ့ မြိုရဲ့ လေပြေတွေကိုရှူရှိက်ရင်း
    အဲ့မြိုက ပန်းတွေကို ကြည့်ရတာက
    လောကရဲ့အမောတွေပြေမှာအမှန်ပါပဲ။

    #Nayvel

    ReplyDelete
  9. တစ်ချို့လူတွေ‌နေရက်ကြသလောက် လိပ်ပြာမလုံတဲ့သူတွေက ဖေးမကြတယ်

    ReplyDelete
  10. အရမ်းသဘောကျရသော ကဗျာလေး ⭐

    ReplyDelete
  11. ရပ်တန့်လို့မရတော့ဘူး။ အဆုံးထိ လျှောက်ဖို့ တွေးထားပြီးသား။

    ReplyDelete
  12. Fighting All Clickers..🕊🌹🕊

    ReplyDelete
  13. ကြိုက်ပြီ​လေ 💞💞

    ReplyDelete
  14. Wheel............dope.🏹🏹🏹

    ReplyDelete
  15. Replies
    1. မသေသေးတဲ့ ငါ

      ငါ့ရဲ့မိတ်ဆွေတွေက သေကုန်ပြီး ငါက မသေသေးတာဟာ ကံကောင်းလို့သာဖြစ်တယ်။ ဒါကို ငါ သိပါတယ်။
      ဒါပေမယ့် မနေ့ညက အိပ်မက်ထဲမှာ အဲဒီမိတ်ဆွေတွေက ပြောတယ်။
      " လိုက်လျောညီထွေ နေနိုင်တဲ့ကောင် ကျန်တာပေါ့တဲ့ "
      ငါ့ကိုယ်ငါ မုန်းလိုက်တဲ့ဖြစ်ခြင်း။

      #ဘားတော့ထ်ဘရက်(က်ရှ်ထ်)
      #ကဗျာဖတ်ရင်းလှူ

      Delete
  16. ငါတို့အားလုံးရပ်တန့်မနေဘုးအဆုံးထိကိုလုပ်မှာအသက်ရှိနေသ၍ ငါတို့ ကအမြစ်ပါဖြုတ်မယ်

    ReplyDelete
  17. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  18. Fighting
    Click,click,click.............

    ReplyDelete
  19. Done
    Click,click,click..........

    ReplyDelete
  20. လူသာသေရင်သေ
    နာမည် မသေဘို့ပဲ လိုတယ်။

    ReplyDelete
  21. Fighting
    Click,click,click........

    ReplyDelete
  22. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog