ထမင်းဝိုင်း

သမိုင်းဆိုတာ
ထမင်းဝိုင်းတွေရဲ့ အကြောင်းပါ။
မဝရေစာ ကျွေးရင်
ထမင်းလုတ်ကို ပုတ်ချရင်
လည်မျိုညှစ်ပြီး အန်ခိုင်းရင်
တိုက်ပွဲဝင်ရမှာပဲ။

သူတို့ တုတ်ကိုင်လာရင်
တို့လည်း တုတ်ကိုင်ရမယ်
သူတို့ ဓားကိုင်လာရင်
တို့လည်း ဓားကိုင်ရမယ်။

သူတို့ပန်းပွေ့လာရင်
တို့ပန်းအိုးမှာ ထိုးကြမယ်
သူတို့ဆန်သယ်လာရင်
တို့ထမင်းအိုးမှာ ချက်ကြမယ်

သူတို့ယပ်ခတ်ပေးရင်
တို့ထမင်းဝိုင်း မြိန်ကြမယ်။
သမိုင်း ရိုင်း၊ မရိုင်း
ထမင်းဝိုင်းနဲ့ တိုင်းရတယ်။

ဂျိုဇော်

Respect & Credit to Poet Jo Zaw

Comments

  1. ဆရာ့ကဗျာ​ကောင်းလိုက်တာ​နော်

    ReplyDelete
  2. we must attack using all means , until the gold is reached

    ReplyDelete
  3. သမိုင်းမရိုင်းဖို့ ထမင်းဝိုင်းမြိန်ဖို့
    ဖိုက် ဖိုက် ဖိုက်

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. သူရဲကောင်း
    -------------------

    ပန်းလိုကြွေလည်း
    ဝေတုန်းအတိုင်း သင်းနေတယ်..။

    ကြယ်လိုကြွေ‌လည်း
    နေတုန်းအတိုင်း လင်းနေတယ်..။

    ပန်းလိုလည်းသင်း
    ကြယ်လိုလင်းသူ
    ရင်တွင်းထာ၀ရ ရှိနေမယ်...။

    -မောင်စိန်၀င်း(ပုတီးကုန်း)

    ReplyDelete
  6. 🥷 ညီညွတ်မှ ...

    @ နိုင်ဘို့ဆိုရင် ...
    အစိုးရရယ်,ပြည်သူရယ်
    လက်နက်ကိုင်အဖွဲ့ရယ် ဟန်ချက်ညီညီ
    ညီညီညွတ်ညွတ်လုပ်ဆောင်မှ
    မလွဲမသွေရပါလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  7. Nice Poem.🌹🕊

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
    Replies
    1. Wheel............dope.🏹🏹🏹

      Delete
    2. မီးပေါက်လေး၊အကြောင်းပြန်ဦးနော်😍

      Delete
    3. သူ့ကို မတွေ့တာကြာနေပီ

      Delete
  9. Fighting
    Click,click,click............

    ReplyDelete
  10. Fighting
    Click,click,click........

    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog