စိတ်ဖိစီးမှုများ 

တတောင်တောင် တတင်တင်
နိုတီတွေ မနားတမ်းတက်လာသံတွေကြားတော့
အိပ်ရေးမဝတဲ့ကြားထဲ သူလန့်နိုး ခဲ့တယ်
ကွင်းဆင်း လေ့လာကြည့်တော့
သူ့အလုပ်သိပ်များနေတာကို တွေ့လိုက်ရတယ် 

ဒို့အရေးလို့ အော်နေသူတွေကြားထဲ
တိုးဝင်သွားတယ်
အာဏာရူးသုတ်ပိုးတွေ လွှတ်ထုတ်လိုက်တဲ့
ကျည်ဆန်တွေကြား လွတ်အောင်ပြေးရင်း
လက်သုံးချောင်းတထောင်ထောင်နဲ့ လူတချို့ကို
သူ ကယ်တင်သွားတယ်။ 

ကျွန်တော့် သားသေသွားတာ 
ကျွန်မသမီး သေသွားတာဆိုပြီး 
အော်ဟစ်သံတွေကိုကြားတော့ 
သူ့လက်နှစ်ဖက်ကို တွဲထားတဲ့ 
ကလေးနှစ်ယောက်ကိုငုံ့ကြည့်ရင်း ရှော့ခ်ရသွားတယ်။ 

မီးလောင်နေတဲ့ ရွာတွေကြား
အောက်ဆီဂျင်ဘူးနဲ့ ပြေးရလွှားရ 
အရှင်လတ်လတ်လောင်နေတဲ့ လူတချို့ကြောင့်
သူ့ဝတ်ရုံလည်း မီးပေါက်ရာတွေနဲ့ ပြည့်ကုန်တယ် 
အမည်မသိ အလောင်းတွေကြောင့်လည်း ခေါင်းစားခဲ့ရတယ်

မအားတဲ့ကြားထဲ ကလေးတချို့က 
မိုင်းနင်းတမ်းကစားဖို့ တောင်းဆိုကြသေး 
လက်နက်ကြီးကျည်စမှန်သွားတဲ့
ကလေးရဲ့အသုဘလည်း လိုက်ပို့ရသေး
ဒီမိုကရေစီရမှ အမျှဝေကြဆိုတော့ 
ဗိုက်မှောက်ခဲ့ရတဲ့ နေ့တွေလည်းရှိရဲ့
ညရောက်တော့ ခဏနားမယ်ကြံ
မာရှယ်လောချိုးဖောက်တဲ့ 
အလောင်းတွေ သွားထမ်းရသေးတယ်။ 

သူ အလုပ်တွေနဲ့ပိနေတာ တနှစ်ကျော်ပြီ
သေပုံသေနည်းတွေက ဆန်းပြားလာတော့ 
သူပါ သေချင်စိတ်ပေါက်လာတယ်။ 
စိတ်ညစ်လွန်းလာတော့ သေကြောင်းကြံပစ်တယ်
နောက်မှ ကိုယ့်ကိုကိုယ် 
သေမင်းဆိုတာ သတိရသွားတယ် 
ရှက်ကိုးရှက်ကန်းနဲ့ 
Fuck you Dictator ဆိုပြီး အော်ဆဲပစ်လိုက်တယ်။ 

နားငြီးလွန်းလို့ နိုတီကို ပိတ်
ခွင့်တိုင်စာရေးပြီး ဘုရားသခင်ဆီပို့လိုက်တယ် 
ဒီနိုင်ငံမှာ လူ​ဖြစ်ရတာ 
ကံမကောင်းဘူးလို့ ပြောနေကြတော့ 
သူလည်း ညည်းပြလိုက်တယ်
"ငါလည်း ပင်ပန်းပါတယ်ကွာ" 

သီချင်းသံကြားတော့ 
နည်းနည်း စိတ်အပန်းပြေသွားတယ်
ဝိညာဉ်တခု ဂစ်တာတစ်လက်
"မပျော်နိုင်ရင် မင်း ဘာလိုနေသေးလဲ" တဲ့။

ကိုဟိန်း

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  3. ဒီမိုကရေစီရမှအမျှဝေကြတဲ့😭

    ReplyDelete
  4. ပင်ပန်းနေပေမယ့်
    အားတင်းလို့ဆက်လျှောက်နေပါတယ်

    ReplyDelete
  5. This comment has been removed by the author.

    ReplyDelete
  6. တောင်နဘေးက စေတီတော်
    ရွှေအထပ်ထပ်ကွာကျ..။
    မြိုနဲ့မဝေးတဲ့ ဈေးတဝိုက် အရက်ဆိုင်အနီးက ဖိနပ်ဆိုင်က
    ဖာရာအပြည့်နဲ့လူတယောက်...

    ကျနော့ကိုမေးတယ်...
    မင်းအရက်သောက်ချိန်မှာ
    ကုန်ဆုံးရက်ရှိသလားတဲ့။

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. သရဏံဂုဏ် တင်ထားပြီးသား ယမ်းငွေ့တအူအူတွေ အကြား လမ်းခုလတ်ဝယ် ငါကျန်ခဲ့ရင်လည်း လည်ပြန်မကြည့်နဲ့ ရဲဘော်ရေ....

      Delete
    3. အတောင်ပံ မခတ်တဲ့ ပိုးစုံးကြူးမှာ

      အရောင် ထွက်ဖို့ ခက်တယ်။

      Delete
  7. "ဝိညာဉ်တခု ဂစ်တာတစ်လက်"

    Miss you Raymond...💔

    ReplyDelete
  8. Stress တွေပိလွန်းလို့ ခါးကိုင်းနေပြီ

    ReplyDelete
    Replies
    1. "ပြည်သူတွေ ၊ တလရသမားတွေရဲ့
      နာကျင်စရာသတင်းတွေကြားရတိုင်း
      ကြေကွဲရတာချည်းပါပဲ ...

      ကြေကွဲတာကို ရယ်မောခြင်းနဲ့ဖုံးဖိ
      ဘဝဟာ ရယ်စရာမဟုတ်ပေမယ့်
      ရအောင်ရှေ့ဆက်နေလိုက်ပါတယ်

      မငိုချင်လို့ရယ်ရတဲ့နေ့တွေများလာသလို
      အောင်မြင်ခြင်းကလည်း လက်တကမ်းမှာမို့
      အားတင်းရှေ့ဆက်ကြရအောင် ...

      ဘေးအကင်းဆုံး click တဲ့နည်းနဲ့
      တလရကိုသာ အားစိုက်ထောက်ပံ့ကြပါ ချစ်ရသူများ  ...။"

      -သျှီ

      Delete
    2. အဖွားအိုပေါက်စလေးဖြစ်ပြီလား😜

      Delete
    3. အဖွားအိုပေါက်စJanuary 27, 2023 at 10:27 PM

      👵

      Delete
  9. 🥷 ဖြစ်နိုင်ခြေ ...

    @ လောကမှာ ...
    နိုင်နေရာကနေ ရှုံးနိုင်သလို
    ရှုံးနေရာကနေ နိုင်သွားနိုင်တယ်
    ဘယ်အရာမှ မတည်မြဲပါ၊

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  10. ပေါ့ပါးအောင်နေနေရတယ်

    ReplyDelete
    Replies
    1. မိုး​ပျံဗူဖောင်းတွေရမယ်။😛

      Delete
  11. 🥷 ရင်လေးတယ် ...

    @ အင်္ဂလိပ်၊ဖက်ဆစ် ...
    တော်လှန်ရေးကားတွေကြည့်ဖြစ်တယ်
    အမှန်ဆို ...
    အင်္ဂလိပ်ရဲ့အုပ်ချုပ်ရေးစံနစ်
    စံနစ်ကျပြီးကောင်းမွန်တယ်ဆိုရမယ်
    ပြည်သူတွေနှိပ်ကွပ်ပေမယ့်
    အစွန်းမရောက်ဘူး
    ဖက်ဆစ်ရဲ့အုပ်ချုပ်ရေးစံနစ်ကျတော့
    မတရားဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်
    မုဒိမ်းကျင့် လုပ်ချင်သလိုလုပ်တယ်
    အစွန်း လက်ဝဲစွန်းဆန်တယ်
    တူတာတစ်ချက်က ...
    မြန်မာလူမျိုးတွေ ကိုယ့်နိုင်ငံကိုယ့်လူမျိုး
    မျက်နှာမထောက် သာကူးလုပ်ကြတယ်
    အဲ့ဒါအဆိုးဆုံးဘဲ
    အခုလည်း ...
    အမှားအမှန်မခွဲခြား နေသာသလိုနေ
    သာတဲ့ဘက်ကူး အမျိုးမျိုးသစ္စာဖောက်
    "လိပ်"သာကူးတွေများလာတာမို့
    ငါတို့နိုင်ငံ ငါတို့လူမျိုးတွေအတွက်
    ရင်လေးမိတယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  12. ဒီမိုကရေစီရမှ အမျှဝေကြ💔😢

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  14. မပျော်နိုင်ရင် မင်းဘာလိုနေသေးလဲ

    ReplyDelete
  15. Wheel............dope.🏹🏹🏹

    ReplyDelete
  16. Fighting
    Clivk,click, click...........

    ReplyDelete
  17. Fighting
    Click,click,click...... .

    ReplyDelete

Post a Comment

Popular posts from this blog