ရင်တုန်မှာကြောက်တဲ့သူက
ကော်ဖီကိုရှောင်တယ်
ရင်ခုန်မှာကြောက်တဲ့သူက
အချစ်ကိုရှောင်တယ်
ငါဟာ ငါအေးချမ်းဖို့ 
ငါကြိုက်တဲ့အရာတွေကိုရှောင်ခဲ့တယ်

ဥပမာ ...
ပါးချိုင့်တွေ 
သွားတက်တွေ ဆံပင်အရှည်တွေ
မျက်မှန်ကိုင်းအောက်က 
အကြည့်တွေ...။

ဗာဂို

Respect & Credit to Poet Va Goh

Comments

  1. ရှောင်နိုင်ခဲ့ရဲ့လား...

    ReplyDelete

  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. Replies
    1. အခု မရှောင်နိုင်တော့ဘူး😁🧐

      Delete
  4. အေးချမ်းပါစေ....။

    ReplyDelete
  5. "ချစ်ခြင်းမေတ္တာ"ကို အဓိပ္ပာယ်
    ဖွင့်ကြည့်လိုက်တယ်

    ပါးဖောင်းဖောင်းလေးက အစ
    မျက်မှန် ကိုင်းလေး အဆုံး
    တုနိူင်းမရတဲ့ နိဗ္ဗာန်လေးပဲ။

    S M W

    ReplyDelete
    Replies
    1. ပါးချိုင့်တွေ
      သွားတက်တွေ ဆံပင်အရှည်တွေ
      မျက်မှန်ကိုင်းအောက်က
      အကြည့်တွေ...။

      Delete
  6. This comment has been removed by the author.

    ReplyDelete
  7. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  8. အစွန်းနှစ်ဖက်ကြား
    မွန်းကြပ်ပြီး ခါးသက်​နေတာ။
    ကြိုက်တာ​တွေ ဆိုတာက တစွန်း
    ​ရှောင်​နေတယ် ဆိုတာက တစွန်း
    ကြိုက်တာက ​လောဘ
    ​ရှောင်တာက ​ဒေါသ
    အာရုံလို့ မသိတာက ​မောဟ။

    ReplyDelete
  9. မျက်မှန်ကိုင်းအောက်က အကြည့်တွေ.....👀

    ReplyDelete
  10. ဓမ္မ​ဆောင်းပါး​တွေ ​ရေးပို့မယ်ဆိုရင် ယူမှာလား​ဟေ ..

    ReplyDelete
    Replies
    1. ကလစ်ကာတွေတရားပေါက်တော‌‌ထွက်ကုန်လို့ကလစ်မယ့်သူမရှိဖြစ်ကုန်ပါ့မယ်😅😁✌️

      Delete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. မ​ရှောင်နိင်ဘူး ​ကော်ဖီ​ရော သူ့အကြည့်​တွေ​ရော

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  14. ငါဟာ ငါအေးချမ်းဖို့
    ငါကြိုက်တဲ့အရာတွေကိုရှောင်ခဲ့တယ်

    ဥပမာ ...
    ပါးချိုင့်တွေ
    သွားတက်တွေ ဆံပင်အရှည်တွေ
    မျက်မှန်ကိုင်းအောက်က
    အကြည့်တွေ...။

    ဗာဂို

    ReplyDelete
  15. ကော်ဖီခါးခါး ကြိုက်ပါ၏။

    ReplyDelete
  16. အေးချမ်းချင်တယ်
    ဒါမဲ့ ကြိုက်တဲ့အရာတွေကိုတော့မရှောင်ချင်ဘူး
    တော်တော်လောဘကြီးတဲ့ငါလေးပဲ😇

    ReplyDelete
  17. ငါဟာ ငါအေးချမ်းဖို့
    ငါကြိုက်တဲ့အရာတွေကိုရှောင်ခဲ့တယ်

    ReplyDelete

Post a Comment

Popular posts from this blog