ကျွန်တော်နဲ့ အနတ္တဆန်တဲ့နေ့ရက်များ

တိတ်ဆိတ်တဲ့ အခန်းကျဥ်းထဲလေးမှာ
ကျွန်တော်တစ်ယောက်တည်း
ကော်ဖီတစ်ခွက်နဲ့ ဆေးပေါ့လိပ်ဖွာရင်း
ကျွန်တော့်အတွေးတွေ ဝေမိနေလျက်
ကျွန်တော့်ရဲ့ နှောင်ကြိုးတစ်ချောင်း
ပျက်ပြယ်သွားရင်...
ကျွန်တော် ဘယ်လိုနေမလဲ

နောက်ပြီး
စိမ်းစိုရောင် ပန်းခြံလေး
ပန်းများနဲ့ လှပတဲ့နေရာလေး
ပျက်စီးသွားတဲ့တစ်နေ့
ကျွန်တော့်ရဲ့ ချစ်စရာ ကဝီ ဆိုတဲ့
ခွေးလေးတစ်ကောင်ရော

နောက်ဆုံးမှာ
ကျွန်တော်ကိုယ်တိုင်
ပျက်ပြယ်သွားတဲ့ တနေ့...
လူတွေ ဝမ်းနည်းသူလည်းရှိခဲ့နိုင်သလို
ဝမ်းသာတဲ့လူတစ်စုလည်း ရှိချင်ရှိခဲ့မှာပါ့
ငိုကြွေးသူလည်း ရှိသလို
မေ့လျော့သူလည်း ရှိနိုင်တာမို့
နောက်ဆုံးတော့ 
ဘာမှ မပိုင်ဆိုင်နိုင်ခဲ့တဲ့...
ကျွန်တော်နဲ့ အနတ္တဆန်တဲ့ နေ့ရက်များပါလား။         ။ 

Zeus

Comments

  1. ဒီလိုပါပဲ

    ReplyDelete
  2. အစိုးမရခြင်းများ..............

    ReplyDelete
  3. ရည်မှန်ချက်ပန်းတိုင်ရောက်တဲ့အထိ .....
    ကြောခြင်းကပ်ကာ ......
    လက်ခြင်းချိတ်ထားကြ......

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. နေ့မြင်ညပျောက်ခေတ်ကြီးထဲ
    ချစ်ခြင်းတရားတွေနဲ့ပဲ
    ရှေ့ဆက်ပါရစေ 🙏

    ReplyDelete
  6. အင်းးး
    life goes on......

    ReplyDelete
  7. ကျွန်တော်က အသည်းနှလုံးပဲ သုံးတယ်ဆိုတော့
    အမေက ပြုံးတယ်
    လောကကြီးအကြောင်း မင်းမသိသေးလိုပါ သားရယ်တဲ့
    ကဗျာမှာသာ ခေါင်းမသုံးဘဲ မင်းရရင် ရမယ်
    လမ်းပေါ်မှာတော့ မရ
    မင်းအမြဲ သေရတယ်မဟုတ်လားတဲ့။

    #စိုင်းဝင်းမြင့်

    ReplyDelete
  8. နောက်ဆုံးတော့ ဘာမှမပိုင်ဆိုင်ခဲ့ပါဘူး......

    ReplyDelete
  9. "ပျက်ပြယ်သွားတဲ့ တနေ့..."

    ReplyDelete
  10. ကိုယ်တိုင်ပျက်ပြယ်သွားတဲ့ တနေ့...
    ဘယ်သူ့ကိုမှ ဝမ်းနည်းပူဆွေး မဖြစ်စေချင်ပါ..🤍

    ReplyDelete
  11. မအလ တရားရရင်တိုင်းပြည်​အေးချမ်းပြီ

    ReplyDelete
  12. Bel Ar yar hmr ma myae de law ka gyi pr Shint..😭🕊

    ReplyDelete
  13. ကျွန်တော်ကိုယ်တိုင်ကိုက အနတ္တပဲ​လေ။ အတိတ်အ​ကြောင်းကံ​ကြောင့် ပစ္စုပ္ပန် အကျိုး, ပစ္စုပ္ပန် အ​ကြောင်းကံ​ကြောင့် အနာဂါတ်အကျိုး - ကျွန်​တော်ဆိုတာ ​အဲလို အ​ကြောင်းတလှည့် အကျိုးတလှည့်ပါကွယ်။

    ReplyDelete
  14. Wheel............dope.🏹🏹🏹

    ReplyDelete
  15. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  16. Replies
    1. နောက်ဆုံးတော့
      ဘာမှ မပိုင်ဆိုင်နိုင်ခဲ့တဲ့...

      Delete
    2. သူရဲ့ ချစ်ခြင်း​ပေါ့ကွယ်

      Delete
  17. လေးစားထိုက်သူတွေအားလုံးကို
    လေးစားမှုနဲ့အတူ ဂုဏ်ယူပါတယ်။

    ReplyDelete
  18. Fighting
    Click,click,click..........

    ReplyDelete
  19. Fighting
    Click,click,click........

    ReplyDelete
  20. Wheel............dope.🏹🏹🏹

    ReplyDelete
  21. ကျွန်တော့်ရဲ့ နှောင်ကြိုးတစ်ချောင်း
    ပျက်ပြယ်သွားရင်...
    ကျွန်တော် ဘယ်လိုနေမလဲ ...

    ReplyDelete

Post a Comment

Popular posts from this blog