မထင်ထားမှုများ

ထွက်လာတုန်းက အမောတကော
အမောတကောပြေးထွက်လာတဲ့ မနက်ခင်းမှာ
ကျည်သင့်ဒဏ်ရာ ဗရပွ၊
လမ်းပေါ်မှာ 
ခဏခဏ ခြေချော်ကျသွားတဲ့ မနက်ခင်းများ...၊
ကော်ဖီတွေဟာ သိပ်ခါးလွန်းတယ်။

မထင်ထားမှုများမှာ
မီးတွေသိပ်လောင်တာ ပါတယ်။
မိုးတွေသိပ်ရွာတာ ပါတယ်။
လမ်းကြောင်းလွဲမှားမှုတွေ ပါတယ်။
ကျောချင်းကပ်ပြီး တရွေ့ရွေ့ခွာတာ ပါတယ်။
အမောတကောပြေးနေသူချင်း ခြေထိုးမှုတွေ ပါတယ်။
အကြောင်းမဲ့ ဒေါသတွေ ပါတယ်။
မချေငံမှုတွေ ပါတယ်။

ကျည်ဆံတွေက ပြည်တန်တာမဟုတ်ဘူးတဲ့
မြည်သံတွေက ပြည်တန်တာပါတဲ့
မထင်ထားမှုများ.....၊

မထင်ထားမှုများမှာ
လိင်စိတ်ကို အချိုသပ်ရတာ ပါတယ်။
သူတောင်းစားဆန်မှု ပါတယ်။
အပြန်အလှန်သံသယ ပါတယ်။
ဗီလိန်ဖြစ်ရမှု ပါတယ်။
5000 တန်အသုံးချခံရမှု ပါတယ်။
တောက်တိုမည်ရ ပွေလီရှုပ်ထွေးမှုတွေ ပါတယ်။
ရှင်ကွဲနဲ့ အလွမ်းဒဏ်ရာ ပါတယ်။

မနက်ဖြန်ကို 
တစ်ယောက်တည်း ဖန်တီးတာမဟုတ်ပါဘူးတဲ့
ကျောချင်းကပ် ရင်ချင်းအပ်ပြီး 
အဆုံးအရှုံး အတုံးအရုန်းများနဲ့ ဖန်တီးပါသတဲ့
မထင်ထားမှုများ.....၊

မထင်ထားမှုများမှာ
တယောက်ကိုတယောက် မနွေးထွေးနိုင်မှု ပါတယ်။
တကိုယ်ရေအထီးကျန်မှု ပါတယ်။
အားမလိုအားမရဖြစ်မှု ပါတယ်။
အိပ်မပျော်ခြင်းများ ပါတယ်။
အဆက်အသွယ်ပြတ်တောက်မှု ပါတယ်။
ကဗျာနဲ့သဟဇာတ မဖြစ်မှု ပါတယ်။
လူတွေက သမိုင်းကိုလှီးမထုတ်နိုင်ပါဘူးတဲ့
သမိုင်းကသာ လူတွေကိုလှီးထုတ်နိုင်ပါသတဲ့
မထင်ထားမှုများ.....၊

မထင်ထားမှုများကို ကုစားဖို့
ဗုဒ္ဓရဲ့ တရားဓမ္မ ပါမလာ။
မောင်ချောနွယ်ရဲ့ သမိုင်းဖတ်စာ ပါမလာ။
အောင်ဝေးရဲ့ မြင်းကုန်းနှီးပေါ်ရွက်လွှင့် ပါမလာ။
အောင်ခင်မြင့်ရဲ့ နိုင်ငံတော်သီချင်း ပါမလာ။
ချစ်သူရဲ့ ကျန်းမာစေကြောင်း ပါမလာ။
မိတ်ဆွေတွေရဲ့ ပီယဝါစာများ ပါမလာ။

ချစ်သူနဲ့ ကွေကွင်းရသူများခင်ဗျား
မိသားစု ပျောက်ဆုံးနေသူများခင်ဗျား
မိခင် ဆုံးရှုံးသူများခင်ဗျား
နိုင်ငံတော်ကို ​​ဖေးမချင်သူများခင်ဗျား
ကျန်းမာရေးကိုဂရုစိုက်ကြပါ။

ကျည်သင့်ဒဏ်ရာ ဗရပွနဲ့ 
လမ်းပေါ်မှာ 
ခဏခဏ ခြေချော်ကျတဲ့မနက်ခင်းများ
အိမ်ပြန်စရာ အသက်ဓာတ်ကျန်တဲ့အခါ 
ပြန်စရာအိမ်ရှိနေဖို့ လိုပါတယ်။          ။


ရင်သွေး

Comments

  1. ပြန်စရာ အိမ်မရှိတော့တဲ့ ဘဝတွေ 😔

    ReplyDelete
  2. ကဗျာခေါင်းစဉ်ကိုတွေ့ကတည်းက ကဗျာဆရာက ရင်သွေး များဖြစ်မလားလို့စိတ်ထဲမှာထင်လိုက်တာ မှန်သွားတယ်🤭🍁

    ReplyDelete

  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. Replies
    1. This comment has been removed by the author.

      Delete
  5. 🥷 ခေါင်းဆောင်ကောင်း ...

    @ တိတိကျကျဦးဆောင်၍ ...
    မြန်မြန်ဆန်ဆန်တာဝန်ခံလုပ်ဆောင်သော
    ခေါင်းဆောင်ကောင်းလိုနေသည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  6. ကျန်းမာရေးကိုဂရုစိုက်ကြပါ...။

    ReplyDelete
    Replies
    1. တလရ အောင်ပြီးရင်တောင်
      တချို့ဘ၀(တော်တော်များများ) အရင်လိုပြန်မဖြစ်နိုင်ကြ‌တော့ဘူး။
      တချို့က မိသားစုတွေဆုံးရှုံး
      တချို့က ခန္ဓာကိုယ် အစိတ်အပိုင်းတွေဆုံးရှုံး
      တချို့က ပြန်စရာအိမ်မရှိကြတော့ဘူး....

      Delete
    2. ကိုယ်ချင်းစာတတ်သူလေးလဲ
      ကျန်းမာရေးဂရုစိုက်ပါ။

      Delete
  7. ကျန်းမာရေးဂရုစိုက်ကြပါ

    ReplyDelete
  8. သေချင်တယ်

    ReplyDelete
  9. Click with love🥰

    ReplyDelete
  10. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  11. လူတိုင်း လူတိုင်း
    စုံလင်တဲ့ မိသားစု
    ​ငြိမ်းချမ်းတဲ့ အမေအိမ်ကို
    အမြန်ဆုံး ပြန်လည်ရောက်ရှိကြပါစေ။

    ReplyDelete
  12. သစ်ရွက်ကလေးတွေတောင်မကြွေ
    ငြိမ်သက်စွာအသံထွက်ကြတယ်

    နှလုံးသားရှိမှသာ
    ကြားရသောချစ်ခြင်း ။

    -ကြည်ဇော်အေး

    ReplyDelete
  13. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  14. 😌 အခံရဆုံးလူသား ...

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    အာဆာ(ရခိုင်)အရေးမှာလည်း ...
    စစ်အာဏာရှင်တစ်စုနဲ့မရိုးသားတဲ့နိုင်ငံရေး
    သမားများက "ရိုဟင်ဂျာ"စကားလုံးနဲ့သွေးခွဲ
    ခဲ့တယ်၊ဂျင်းထဲ့ခံရတဲ့ "ဗမာ"များကိုရခိုင်ညီ
    အကိုတွေကအမုန်းကြီးမုန်းခဲ့ကြတယ်၊
    ကရင်ညီအကိုများကိုလည်း "ဒီမရိုးသား
    တဲ့အုပ်စု"ကဘဲ၊ဘာသာရေးမှိုင်းတိုက်"သူပုန်
    ဆိုတဲ့"စကားလုံးနဲ့"ပင်လုံညီလာခံ"ပြုလုပ်ပြီး၊အမျိုးမျိုးလှည့်စားခဲ့ကြတယ်၊ကရင်ညီ
    အကိုအဖွဲ့လည်းနှစ်ဖွဲ့ကွဲသွားသလို၊ အမုန်းတရားတွေလည်း "ဗမာ"ဆိုတဲ့လူမျိုးအပေါ်
    ကျရောက်ခဲ့ရတယ်၊
    တစ်ခြားတိုင်းရင်းသားညီအကိုတွေ အ
    ပေါ်မှာလည်း၊"ဒီအုပ်စု"တွေကဘဲအမျိုးမျိုး
    ချယ်လှယ်မတရားလုပ်ခဲ့တာမို့၊ ""ဗမာ"ဆိုတဲ့အသံကိုတောင်၊မကြားချင်လောက်အော
    င်၊ရာဇဝင်တွင်ခဲ့ရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    "ဗမာ"ဆိုတာ၊နှစ်ပေါင်း၇၀လုံးလုံး၊အလိမ်
    အညာတွေနဲ့ယုံခဲ့ကြရသလို၊လက်နက်ကိုင်
    အဖွဲ့အစည်းလည်း မရှိခဲ့ကြပါဘူး၊ခေတ်အ
    ဆက်ဆက်"ဂျင်း"ထဲ့ခံခဲ့ကြရသလို၊"ဆန္ဒပြပွဲ
    အနွုဲနွုဲ"မှာလည်း၊အမျိုးကောင်းသားသမီး
    တွေ၊နှိပ်စက်ညှင်းပမ်း ဖမ်းချင်သလိုဖမ်းနဲ့
    အသက်တွေဆုံးရှုံးခဲ့ကြရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    ခေတ်အဆက်ဆက်၊တိုင်းရင်းသားညီအ
    ကိုတွေခံခဲ့ကြရသလို၊မသိမသာအတွင်းလှို
    က်စား"ဂလိုင်"ဖြစ်ခဲ့ရတာက၊ ဗမာလူမျိုးဗမာသွေးသားတွေပါ၊ အမှားကိုသိ"ဝန်ချ"
    တောင်းပန်မယ့်၊ကျနော်တို့ဗမာလူမျိုးများ
    ကို၊ "တိုင်းရင်းသားညီရင်းအကို"တို့ ...
    " ဝိုင်းဝန်းကူညီကြပါလို့ "ဘဲတောင်းဆိုလိုက်
    ပါရစေခင်ဗျာ။

    🥷 ရဲရဲတောက်ဗမာ ...
    စစ်မင်းထက်သာ

    ReplyDelete
  15. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  16. နိုင်ငံတော်ကိုဖေးမချင်သူများ ကျန်းမာရေးအထူးဂရုစိုက်ကြပါ 🌻

    ReplyDelete
  17. Wheel............dope.🏹🏹🏹

    ReplyDelete
  18. Nice Poem 🌟😪🕊🌹

    ReplyDelete
  19. ချစ်သူနဲ့ ကွေကွင်းရသူများခင်ဗျား
    မိသားစု ပျောက်ဆုံးနေသူများခင်ဗျား
    မိခင် ဆုံးရှုံးသူများခင်ဗျား
    နိုင်ငံတော်ကို ​​ဖေးမချင်သူများခင်ဗျား
    ကျန်းမာရေးကိုဂရုစိုက်ကြပါ ...

    ReplyDelete
  20. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  21. မင်းကပိုဂရုစိုက်ပါကောင်လေးရေ🤗March 27, 2023 at 12:16 AM

    မင်းကျန်းမာရင်ကျနော်လည်းကျန်းမာတယ်ဗျ🤗

    ReplyDelete
    Replies
    1. ကောင်မလေးပိုဂရုစိုက်ပါနော်March 27, 2023 at 12:52 AM

      ကျနော်ကသန်မာပါတယ်

      Delete
  22. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog