"အရက်ဆိုင်"

ဝမ်းနည်းစရာကောင်းလောက်အောင် 
ကမ္ဘာပေါ်မှာ...
အရက်ဆိုင်တွေ လိုအပ်ခဲ့ပါတယ် 

လောကကြီးမှာ 
ဘုရားကျောင်းတွေ လိုအပ်သလို 
ပန်းခြံတွေ ကမ်းခြေတွေ 
ကစားကွင်းတွေ လိုအပ်သလို 
ရုပ်ရုင်ရုံတွေ ပွဲတော်တွေ လိုအပ်သလို 
ဝမ်းနည်းစရာ ကောင်းလောက်အောင် 
အရက်ဆိုင်တွေ လိုအပ်ခဲ့ပါတယ် 

ဘုရားသခင်ဆီမှာ 
အပြစ်တွေဝန်ချရတာ လွယ်ပါတယ် 
အထီးကျန်မှုကို ဘယ်လိုဝန်ချရမလဲ 
သစ်ခွပင်တွေ စိုက်တော့လည်း 
ပန်းတွေပဲပွင့်မှာ 
ဆုံးရှုံးခဲ့တာတွေက 
သီးပွင့်လာမှာမှမဟုတ်တာ 

နာကျင်မှုဟာ 
ရေကူးရုံနဲ့ပျောက်မသွားဘူး 
လွမ်းဆွတ်ခြင်းကို 
ကိုက်နေတဲ့သွားလို နှုတ်ပစ်လို့မရဘူး 
ချစ်ခြင်းမေတ္တာကို ဆာလောင်တဲ့အခါ 
စားနေကျထမင်းဆိုင်မှာ မှာစားလို့မှမရတာ 
ဒဏ်ရာကို အမှိုက်လို 
တံမြက်စည်းနဲ့ လှည်းလို့မှမရတာ 

ဝေဒနာကို 
လက်ကမ်းစာစောင်လို ဝေပစ်လို့ရမလား 
ပြူတင်းပေါက်တွေ အကုန်ဖွင့်ပြီး 
အိမ်ကို ဆေးအသစ်သုတ်ရမှာလား 

တရားစခန်းပဲ ဝင်ကြည့်ရမလို 
ပင်လယ်ဘက်ပဲ ခရီးထွက်ရမလိုလို 
ခွေးလေးတစ်ကောင်မွေးဖို့ ရည်ရွယ်ထားတယ် 
အားကစားတစ်ခုခုလုပ်ဖို့လည်း တွေးထားတယ် 

ဆေးလိပ်ဖြတ်ရင်ကော ဒီအမောကပြေပါ့မလား 
ဆာလောင်နေတာက စားစရာတစ်ခု မဟုတ်ဘူး 
လိုနေတာ ဝယ်လို့ရတဲ့ပစ္စည်း မဟုတ်ဘူး 

ညတွေရောက်လာပြန်ပြီ မိတ်ဆွေတို့ရေ 
ဝမ်းနည်းခြင်းတွေကို ရင်ဆိုင်ဖို့ 
ဝမ်းနည်းစရာကောင်းလောက်အောင် 
အရက်ဆိုင်တွေ လိုအပ်လာပါပြီ။          ။

စိုးမိုးယံ

Respect & Credit to Poet  Soe Moe Yan 

Comments

  1. Replies
    1. လှိုင်းတံပိုးတေက ဘဝရဲ့ သံစဉ်တွေလား...
      ငါကဒူးထောက်အရှုံးပေးရင်း လေးဘက်ထောက်ဆက်လျှောက်နေသူပါ...
      ထွက်ပေါက်ကို အရက်တစ်ခွက်နဲ့စောင့်ကြည့်ရင်း ...
      သွန်သင်ဆုံးမလို့မရတဲ့သတိရခြင်းနဲ့...
      ခါးသက်သက်အတိတ်တေကို ရေခဲနဲ့ရောရင်း
      မျက်လုံးဆုံမှိတ်မော့ချလိုက်တယ်...
      အား........ ကောင်းလိုက်တဲ့အလွမ်းတစ်ခွက်...

      Delete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. ချစ်ခြင်းမေတ္တာကို ဆာလောင်တဲ့အခါ
    စားနေကျထမင်းဆိုင်မှာ မှာစားလို့မှမရတာ
    # Credit Soe Moe Yan

    ReplyDelete
  4. " ချက်အရက်တစ်လုံး
    နှမ်းဖတ်ချဥ် ပိုပိုသာသာထည့်ပေးပါ ” လို
    အော်ပြောတော့ မိအေး နှာခေါင်းရှုတယ်

    လက်ဖက်တစ်ပွဲတောင် အမြည်းမစားနိုင်သူမို
    ဖိုးထောင်ကို မိအေး ငြိုငြင်တယ်ထင်ပ။

    ReplyDelete
  5. "လွမ်းဆွတ်ခြင်းကို
    ကိုက်နေတဲ့သွားလို နှုတ်ပစ်လို့မရဘူး"

    ReplyDelete
  6. 🥷 ကြောက်ကြောက် ...
    သေအောင်ကြောက်
    အသေကြောက်၊
    ဖားဖား ...
    သေအောင်ဖား
    ဘောမပါတီများ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  7. ခက်ခဲတဲ့ဘဝတွေ
    ရင်ကွဲရတဲ့ခွဲခွာခြင်းတွေ
    များစွာသောဒုက္ခကို ခါးစည်းခံနေရရှာတဲ့
    အခြေခံ လူတန်းစား ဘဝတွေ
    ကလေးသူငယ်အခွင့်ရေးခ လူ့အခွရေး
    ဘာ အခွင့်ရေးမှမရရှာတဲ့ နိုင်ငံ မှာ
    အာဏာရှင် ကို တော်လှန်ရတဲ့
    နောက်ဆုံး မျိုးဆက်ဖြစ်ပါစေ🙏

    ReplyDelete
  8. တခါတလေ မူးရင်းမေ့ကြတာပေါ့....

    ReplyDelete
    Replies
    1. မူးရင် သတိရတယ် ခင်ဗျာ

      Delete
    2. သတိရတဲ့အခါမူးပါတယ်ဗျ

      Delete
    3. အပေါ်ကမန့်တွေဖတ်ပြီး
      ကိုယ်ပါ မူးသလိုလို
      သတိရသလိုလို ဖြစ်လာပြီ...🥴

      Delete
    4. ခုတော့ လောင်ပါ လောင်နေရပြီ
      လောင်အပေါင်းအသင်းတွေကြော့
      လောင်ဓာတ်ကူး :3

      Delete
    5. မပြာလောင်🤭

      Delete
    6. ကိုဖိုးလောင် လာပါပြီ😁

      Delete
    7. ပြာလောင်July 2, 2023 at 12:50 AM

      အတော်လှနေပြီ :3

      Delete
  9. အရက်ဆိုင်များ လိုအပ်တယ်😁

    ReplyDelete
  10. လွမ်းဆွတ်ခြင်းကို
    ကိုက်နေတဲ့သွားလို နှုတ်ပစ်လို့မရဘူး
    ချစ်ခြင်းမေတ္တာကို ဆာလောင်တဲ့အခါ
    စားနေကျထမင်းဆိုင်မှာ မှာစားလို့မှမရတာ
    ဒဏ်ရာကို အမှိုက်လို
    တံမြက်စည်းနဲ့ လှည်းလို့မှမရတာ
    🤍🤍🤍

    ReplyDelete
  11. Fighting
    Click,click,click..............

    ReplyDelete
  12. လွမ်း​ဆွေးခြင်းလား
    ဟာသ တခုပါပဲကွာ။

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  14. "အရက်ဆိုင်"

    ဝမ်းနည်းစရာကောင်းလောက်အောင်
    ကမ္ဘာပေါ်မှာ...
    အရက်ဆိုင်တွေ လိုအပ်ခဲ့ပါတယ်

    ReplyDelete
  15. Fighting
    Click,click,click.........

    ReplyDelete
  16. Wheel............dope.🏹🏹🏹

    ReplyDelete
  17. ကလစ်ခြင်းဖြင့်
    အားဖြည့်ပါဝင်ပါ၏။

    ReplyDelete
  18. Fighting
    Click,click,click.......

    ReplyDelete
  19. နာကျင်မှုဟာ
    ရေကူးရုံနဲ့ပျောက်မသွားဘူး
    လွမ်းဆွတ်ခြင်းကို
    ကိုက်နေတဲ့သွားလို နှုတ်ပစ်လို့မရဘူး

    ReplyDelete
  20. ချစ်ခြင်းမေတ္တာကို ဆာလောင်တဲ့အခါ
    စားနေကျထမင်းဆိုင်မှာ မှာစားလို့မှမရတာ

    ကိုယ့်အတွက်ဘယ်သူတွေရှိမလဲမသိပေမယ့် ကျမချစ်ရတဲ့သူတွေအတွက်တော့ ကျမဟာ ချစ်ခြင်းမေတ္တာကိုဆာလောင်တိုင်း မှာစားလို့ရတဲ့ထမင်းဆိုင်လေးပါ😊

    ReplyDelete

Post a Comment

Popular posts from this blog