မမ လာနာ လှိုင်သာယာရောက်ဖူးလား

မမ လာနာ လှိုင်သာယာရောက်ဖူးလား
ရောက်ဖူးတဲ့ ကျနော့် စကီဟောင်း
တစ်ပွေကတော့ ပြောဖူးတယ်။
ရန်ကုန်တိုင်းမယ် နင်တို့မြို့ ပါတယ်လို့ကို မထင်တာတဲ့။
ဟာသပဲ၊ ကျနော့်မယ် ရယ်လို့ မရ။ 

ဒါပေမဲ့ ဘဝအကြောင်း 
ကျနော့်ကိုသာ ပြောခိုင်းရင်
ဝဇီရာ ၂ ရုပ်ရှင်ရုံထဲမယ် 
စော်ကို နှိုက်နေရင်းတန်းလန်းက 
ခြင်ထရိုက်လိုက်ရတာဟာ 
ဘဝပဲလို့ ကျနော်ကတော့ ပြောရမှာပဲ။

ကျနော် ဘာတစ်ခုမှကောင်းကောင်းမသိပါဘူး 
ကျနော် သိတာ မှန်သမျှကလည်း 
အမြဲ သွေးထွက်တယ်။

အားတဲ့တစ်ရက်လောက် ကျနော်နဲ့အတူ 
ရန်ကုန်-ညောင်တုန်းလမ်းမပေါ်က
သွေးကွက်တွေ သွားကြည့်ကြမလား
မနက် ၂နာရီခွဲလောက်ထပြီးမှ 
သမကုန်းထိပ်က ဘိုကလေး ဝက်ချိုစားမလား
သူများ လျှာကို 
ကိုယ့်လျှာပေါ် တင်လိုက်ရတဲ့ အရသာ 
မမလာနာကို သိစေချင်တယ်
ဒါမှမဟုတ် ထန်းတပင် တွံတေး 
ဆိုင်ကယ်လေးစီးပြီး သွားရှို့ကြမလား
ဗုံးတွေတော့ မပါကြေး။ 

ကျနော့်နားက ဖြတ်လျှောက်ရင် 
နင်းပြားနံ့ဟာ 
ပေနှစ်ဆယ် ပတ်လည်လောက်အထိ မွှေးနေလိမ့်မယ်
ဒါပေမဲ့ ကျနော့်မှာ ရှက်နေစရာ 
ဘာစောက်ကြောင်းမှ မရှိ။ 

မမလာနာ သေချာမှတ်မိအောင်တော့
ကျနော် ထပ်ပြောရလိမ့်ဦးမယ်။ 
တရုတ်ထုတ် ဝမ်းတူးဖိုက်ဘီးကို 
ပါဝါအိတ်ဇောတပ်ပြီး 
စက်ရုံဆင်းကောင်မလေးတွေရဲ့ 
ထမင်းချိုင့် လိုက်လုပြေးတဲ့ ကောင်ဟာ ကျနော်ပဲ။ 

မီးခွက်ဈေးမှာ 
အရက်ဖိုး ၁၅၀၀ တောင်းတာ မပေးလို့ 
ကားဆရာကို စကေဘာနဲ့ 
ကပ်ထိုးခဲ့တဲ့လူဟာလည်း ကျနော်ပဲ။

နဝဒေးထဲက တစ်ညလုံးမှ ၆ထောင်ပဲ
ကျမယ်ဆိုတဲ့ စော်တွေကို 
မယုံကြည်နိုင်စိတ်တစ်ဝက် 
သနားစိတ်တစ်ဝက်နဲ့မို့ မချရဲခဲ့တဲ့ 
နှာဘူးကောင်ဇိုးလေးဟာလည်း ကျနော်ပဲ။

အောင်မြေသာယာ ဘောကွင်းရှေ့က 
နှစ်ထပ်တိုက်ပေါ်မှာ စနိုက်ပါရှိတယ်ဆိုလို့ 
ဓားဆွဲပြီး ပြေးတက်ခဲ့တဲ့ကောင်ဟာလည်း ကျနော်ပဲ
ကျနော့် သူငယ်ချင်းရဲ့အလောင်းကို 
မထားခဲ့ရက်လို့ ဒိုင်းကိုင်ပြီး 
ထိုင်ငိုနေတဲ့ ကလေးဟာလည်း ကျနော်ပဲ။

အခွင့်အရေးသာ ရမယ်ဆိုရင် 
မမရဲ့ ပက်စီကိုလာအရသာရှိတဲ့ဟာကို 
ဝဇီရာရုပ်ရှင်ရုံခေါ် ပြီး နှိုက်ဖို့ 
ကြိုးစားမယ့်သူဟာလည်း ကျနော်ပဲ မမလာနာရေ။

ကျနော်တို့ ချစ်ရသူတွေမှာ 
အပေါက်တွေနဲ့ချည်းပဲ သိလား ?
သူတို့ တဘဝလုံး အဲဒီအပေါက်တွေကို
ထိုင်ဖြည့်နေခဲ့ကြတာ 
ဒါပေမဲ့ ဘယ်လောက်ပဲဖြည့်ဖြည့် 
ဘယ်သောအခါမှ မပြည့်နိုင်တာကပဲ
အပေါက်ကြီး ထပ်ထပ်ဖြစ်လာတာ 
ရယ်စရာပဲ။
 
"ကျနော် နည်းနည်းရယ်မယ်နော်"လို့ 
ခွင့်တောင်းပြီးမှ ရယ်ခဲ့တဲ့ 
ကျနော့် ဘော်ဒါတစ်ကောင်ကိုတောင် သတိရမိတယ်။
အဲဒီလို... 
စောက်ရမ်းယဉ်ကျေးခဲ့တဲ့ ကောင်လည်း 
အခုတော့...
သူတတ်သလောက် မှတ်သလောက်နဲ့ ထထဆဲလို့။ 

ကျနော်လည်း ကျနော့်ယီး ကျနော်ထမ်းပြီး 
မအေလိုးတိုင်းပြည်ရဲ့ လမ်းတွေပေါ်မယ် 
လိုက်ထိုးရမယ့် စောက်ခွက်တွေကို တောနင်းရှာလို့။
တချို့ကလေးအဖေတွေလည်း 
တဒိုင်းဒိုင်းနဲ့ မိုက်တဲ့ ဒိုင်းနမိုက်တွေ ဖြစ်သွားလို့။

ဖားဈေး 
ငါးဈေး 
သမီးပြန်မလာဈေး သွားတဲ့ ကားပေါ်တက်သွားပြီး 
တကယ်ပြန်မရောက်လာတော့တဲ့ သမီးတွေ ရှိလာလို့။

ဒီမယ်... 
ကျနော့် မျက်နှာကို စေ့စေ့ကြည့်ပြီး ဖြေစမ်းပါ။

မမလာနာ 
လှိုင်သာယာကို တကယ်ရော ရောက်ဖူးရဲ့လား ??

ဆစ်ခ်
(ရည်ညွှန်း- မမလီဆာ လိုင်ဇာရောက်ဖူးလား/ဇေယျာလင်း)

Respect & Credit to Poet Sik

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. Be safe and healthy all clickers

    ReplyDelete
  3. တချို့တွေကတော့အဲ့ထမ်းထားဟာကြီးဖင်ခုထိုင်လို့ စခွက်ပြောင်နိုင်ကြတယ် 😐

    ReplyDelete
  4. လိုနေတာ ကိုယ်ချင်းစာတရား

    ReplyDelete
  5. 🥷 ကျေနပ်ပြီ ...

    @ သူငယ်ချင်း ...
    ကြောက်တတ်လို့
    ဘယ်မှမပါချင်ရင်တောင်
    မင်းရဲ့စိတ်ထဲမှာ ...
    တော်လှန်ချင်တဲ့စိတ်နဲ့
    အောင်စိတ်ရှိနေရင်
    ငါကျေနပ်ပြီ။

    🖕 စစ်မင်းထက်သာ

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. 🥷 မကြောက်ပါနဲ့ ...

    @ ယောက်ျားဆိုတာ ...
    စကားသိပ်မပြောဘူး
    လက်တွေ့လုပ်တာ၊
    ကလိန်ကကျစ်မကျဘူး ...
    သေချာအောင်စုံစမ်းသေးတာ၊
    ကျိန်းသေပြီဆိုရင်တော့ ...
    မရှင်းဂန်းလိုကျည်မဖြုံးပါ
    Sniperနဲ့တစ်ချက်ချင်းလာမှာ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  8. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  9. တကယ်​​တော်လှန်
    ​အော်ပြန်​နေတဲ့ စိတ်ဓါတ်​တွေက
    အိပ်ကပ်​တွေ ပြားချပ်
    ထမင်းငတ်တဲ့ ဘဝ​တွေ
    ​ပေးဆပ်ကြတဲ့ ဘဝ​တွေ
    နင်းပြားဆိုတဲ့ သူ​တွေ။
    အမှန်​ပြောရရင်
    ကိုယ်..
    လှိုင်သာယာ မ​ရောက်ဖူးဘူး
    ရင်နာနာနဲ့ မှတ်တမ်းတင်ထားပါတယ်
    ကိုယ် အ​ရောက် လာလိုက်ပါဦးမယ်။

    ReplyDelete

Post a Comment

Popular posts from this blog