ကဗျာ

ညနေတိုင်း ဒယိမ်းဒယိုင်ခြေလှမ်းတွေနဲ့
အိမ်ပြန်လာတတ်တဲ့ 
အဖေ့ရဲ့မပီမပြင် ပလုံးပထွေးအသံဟာလည်း 
သံစဥ်ကဗျာ။

ဆူဆူဆောင့်ဆောင့်အသံနဲ့ 
ညနေစာ ပြင်ဆင်ချက်ပြုတ်နေတတ်တဲ့ 
အမေ့ရဲ့ မျက်စောင်းဟာလည်း 
မေတ္တာမလျော့လေတဲ့
အနှစ်သာရကဗျာ။

ခနော်ခနဲ့ စားပွဲလေးမှာ
ဖယောင်းတိုင်ထွန်းလို့ စာကျက်နေတဲ့
ညီမလေးရဲ့ မျက်နှာနုနုနယ်နယ်လေးဟာလည်း 
ချစ်စရာကဗျာ။

နှင်းဆီသွေးရောင်ပါးပြင်လေးမှာ
ရှက်ပြုံးလေးပြုံးလိုက်တိုင်း သိပ်လှတဲ့ 
သူမရဲ့ မျက်နှာ၀ိုင်းလေးဟာလည်း
ရင်ခုန်သံကာရန်ကဗျာ။

ပင့်သက်ကို တစ်ဆုံးရှိုက်သွင်းရင်း
ကျနော်မေ့ာကြည့်လိုက်တဲ့
မိုးစဲစ ကြည်စင်ပြာလွင်ကောင်းကင်ကြီးဟာလည်း
လွမ်းမောဖွယ်ကဗျာ။

ကဗျာ...။
ကျနော့်ရဲ့ အတွေးတွေအားလုံး
အဆုံး အစ မရှိ
လွင့်မျောနိုင်တဲ့ 
လွင့်မျောခွင့်ရှိတဲ့
စီးဆင်းမျောရာ တစ်ခုတည်းသော
သုခနိဗ္ဗာန်ဘုံဟာလည်း ကဗျာ။        ။

စိုး🖤

Comments


  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. စိတ်လိုလက်ရပြုံးလိုက်တိုင်း သိပ်လှတဲ့ သူ့မျက်နှာလေး...

    ReplyDelete
  3. "ကဗျာရေးသူတွေရဲ့ တခုတည်းသော သုခနိဗ္ဗာန်ဘုံဟာ ကဗျာ....။"

    ကျနော်တော့ အားကျမိတယ်

    ReplyDelete
  4. 🥷 အကုသိုလ် ...

    @ တရားတော်အရ ...
    ကုသိုလ်နဲ့အကုသိုလ် နှစ်မျိုးရှိတယ်
    ကုသိုလ်ဆိုတာ ...
    ပိုက်ဆံစုသလို နေ့တိုင်းစုရပြီး
    ကုသိုလ်အကျိုးကို ချက်ချင်းမရနိုင်
    အကုသိုလ်ဆိုတာ ...
    လက်ယပ်ခေါ်စရာမလိုဘဲ
    သူ့အလိုလိုဝင်လာတတ်တဲ့အရာ
    သူများအပေါ်စိတ်လေး ပြစ်မှားလိုက်တာနဲ့
    အလုံးလိုက်အခဲလိုက် ဝင်လာတတ်တဲ့သူ
    ဝင်လာရင်လည်း ...
    တစ်ခုပြီးတစ်ခုဆက်တိုက်ဘဲ
    အဲ့ဒီတော့ ...
    မအလတို့ရေ မင်းတို့အကုသိုလ်နဲ့ဘဲ
    ကြည့်မကောင်း မြင်မကောင်းအောင်
    အသေဆိုးနဲ့သေဆုံးပြီး ငရဲကျတော့မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  5. 🥷 နေဝင်ချိန် ...

    @ တွေးရင် ...
    အဓိပ္ပါယ်တွေ အများကြီးရှိသလို
    လူ့လောကရဲ့နိမိတ်လို့လည်း ...
    ကောက်ယူ ယူဆလို့ရတယ်
    မသိကြလို့ပါ ...
    နေဝင်ချိန်ဆိုတာ
    နောက်တစ်နေ့ရဲ့ နံနက်ခင်းအစဖြစ်သလို
    ဆိုးသွမ်းမိုက်ရိုင်းသူတစ်ဦးရဲ့ ...
    နောက်ဆုံးထွက်သက်အချိန်လေးပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  6. 😌 အခံရဆုံးလူသား ...

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    အာဆာ(ရခိုင်)အရေးမှာလည်း ...
    စစ်အာဏာရှင်တစ်စုနဲ့မရိုးသားတဲ့နိုင်ငံရေး
    သမားများက "ရိုဟင်ဂျာ"စကားလုံးနဲ့သွေးခွဲ
    ခဲ့တယ်၊ဂျင်းထဲ့ခံရတဲ့ "ဗမာ"များကိုရခိုင်ညီ
    အကိုတွေကအမုန်းကြီးမုန်းခဲ့ကြတယ်၊
    ကရင်ညီအကိုများကိုလည်း "ဒီမရိုးသား
    တဲ့အုပ်စု"ကဘဲ၊ဘာသာရေးမှိုင်းတိုက်"သူပုန်
    ဆိုတဲ့"စကားလုံးနဲ့"ပင်လုံညီလာခံ"ပြုလုပ်ပြီး၊အမျိုးမျိုးလှည့်စားခဲ့ကြတယ်၊ကရင်ညီ
    အကိုအဖွဲ့လည်းနှစ်ဖွဲ့ကွဲသွားသလို၊ အမုန်းတရားတွေလည်း "ဗမာ"ဆိုတဲ့လူမျိုးအပေါ်
    ကျရောက်ခဲ့ရတယ်၊
    တစ်ခြားတိုင်းရင်းသားညီအကိုတွေ အ
    ပေါ်မှာလည်း၊"ဒီအုပ်စု"တွေကဘဲအမျိုးမျိုး
    ချယ်လှယ်မတရားလုပ်ခဲ့တာမို့၊ ""ဗမာ"ဆိုတဲ့အသံကိုတောင်၊မကြားချင်လောက်အော
    င်၊ရာဇဝင်တွင်ခဲ့ရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    "ဗမာ"ဆိုတာ၊နှစ်ပေါင်း၇၀လုံးလုံး၊အလိမ်
    အညာတွေနဲ့ယုံခဲ့ကြရသလို၊လက်နက်ကိုင်
    အဖွဲ့အစည်းလည်း မရှိခဲ့ကြပါဘူး၊ခေတ်အ
    ဆက်ဆက်"ဂျင်း"ထဲ့ခံခဲ့ကြရသလို၊"ဆန္ဒပြပွဲ
    အနွုဲနွုဲ"မှာလည်း၊အမျိုးကောင်းသားသမီး
    တွေ၊နှိပ်စက်ညှင်းပမ်း ဖမ်းချင်သလိုဖမ်းနဲ့
    အသက်တွေဆုံးရှုံးခဲ့ကြရတယ်။

    @ အို ... တိုင်းရင်းသားညီအကိုအပေါင်းတို့
    ခေတ်အဆက်ဆက်၊တိုင်းရင်းသားညီအ
    ကိုတွေခံခဲ့ကြရသလို၊မသိမသာအတွင်းလှို
    က်စား"ဂလိုင်"ဖြစ်ခဲ့ရတာက၊ ဗမာလူမျိုးဗမာသွေးသားတွေပါ၊ အမှားကိုသိ"ဝန်ချ"
    တောင်းပန်မယ့်၊ကျနော်တို့ဗမာလူမျိုးများ
    ကို၊ "တိုင်းရင်းသားညီရင်းအကို"တို့ ...
    " ဝိုင်းဝန်းကူညီကြပါလို့ "ဘဲတောင်းဆိုလိုက်
    ပါရစေခင်ဗျာ။

    🥷 ရဲရဲတောက်ဗမာ ...
    စစ်မင်းထက်သာ

    ReplyDelete
  7. Wheel............dope.🏹🏹🏹

    ReplyDelete
  8. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  9. Fighting
    Click,click,click.........

    ReplyDelete
  10. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog