ဝလုံးရေးဖို့ ရွှေခဲထိုင် 

ခဲတံတွေလည်း ကျိုးခဲ့ပြီ 
သွေးတွေလည်းစွန်းခဲ့ပြီ
ဝလုံးလေးတွေ မဝိုင်းနိုင်တော့ဘူး
ညီလေး မင်း ငြိမ်းချမ်းသွားပြီလား
တောရွာအရပ်က လေယာဉ်သံတွေက
မြို့ပြက ဒီဂျေအသံတွေကို ထိုးဖောက်ဖို့
ဗုံး  ဘယ်နှစ်လုံးလောက်ကြဲပြဖို့ လိုနေသေးတာလဲ
ဘာအရေးလဲ  အရင်လိုပဲ  
Save The Children ပေါ့......

ThaeNu

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. 🥷 တစ်စိုက်မတ်မတ် ...

    @ အရာရာအောင်မြင်ဘို့ ...
    အခက်အခဲပေါင်းများစွာရှိကြောင်း
    အပြောလွယ်သလောက် ...
    လက်တွေ့လုပ်ရာမှာခက်ခဲမှုရှိကြောင်း
    လူတိုင်းလူတိုင်းသိကြပါသည်
    သို့သော် ရည်မှန်းချက်ပန်းတိုင် ...
    အချိန်နှင့်တစ်ပြေးညီမဖြစ်ခြင်း
    ဆုံးရှုံးနစ်နာမှုတွေများလာခြင်း
    ရောက်သင့်သလောက်မရောက်ခြင်း
    စသည်စသည်တို့ဖြစ်လာပါက ...
    ပြန်လည်ဆန်းစစ်ခြုံငုံသုံးသပ်ပြီး
    ဗျူဟာပြောင်းသင့်ပါလျှင် ...
    ရဲရဲမြန်မြန်ပြောင်းဘို့လိုပါလိမ့်မည်။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  3. ခေါင်ကိုနိှမ်ဖို့လိုပါမယ် အကောင်ကြီးကြီးကိုစပြီးလက်စားခြေမှပွဲပြီးမြန်မယ်

    ReplyDelete
  4. 🤮ကောင်းတဲ့အဖွဲ့အစည်းတွေ

    ReplyDelete
  5. မင်းအိမ်က မဟုတ်လို
    မင်း မကြားသေးတာပါ
    ငိုသံတွေက လမ်းမမှာ…။

    PK(ကျောင်းစောင့်ကြီး)

    ReplyDelete
  6. လူမဆန်သူ​တွေ​ကြောင့် အရာရာအဆင်​ပြေမ​နေဘူး လူမချမ်းသာချင်​နေ စိတ်ချမ်းသာစွာ​နေထိုင်ရတဲ့တိုင်းပြည်​ဖြစ်း​စေချင်လှပြီ

    ReplyDelete
  7. စကားလုံးတွေပျောက်ရှကုန်အောင် နာကျင်ရတယ်

    ReplyDelete
  8. 🥷 ဖြစ်နိုင်ခြေ ...

    @ လောကမှာ ...
    နိုင်နေရာကနေ ရှုံးနိုင်သလို
    ရှုံးနေရာကနေ နိုင်သွားနိုင်တယ်
    ဘယ်အရာမှ မတည်မြဲပါ၊

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  9. အခုနောက်ပိုင်း ယုတ်မာ လူမဆန်တဲ့လုပ်ရပ်‌တွေကို ပုံစံအမျိုးမျိုးနဲ့နေ့တိုင်းနီးပါး တတိုင်းပြည်လုံးနေရာအနံ့မှာ ပိုပြီးကျူးလွန်လာကြတာ‌တွေ၊ မိဘတွေ၊ သားသမီး‌တွေရက်ရက်စက်စက် အသတ်ခံနေရ၊ သေ
    ဆုံးနေကြတာတွေကို ကြားနေရ မြင်နေရတော့ ဘယ်လိုပဲ အားတင်းထားပေမယ့် ရှင်သန်‌နေထိုင်ချင်စိတ်ပျောက်မိတယ်။ ရှင်လျက်ရှိနေလို့ ဒီခွေးတိရစ္ဆာန်တွေရဲ့ လုပ်ရက်တွေကို မြင်နေကြားနေရတာ မဟုတ်လား။

    ReplyDelete
  10. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  11. 🥷 ရင်လေးတယ် ...

    @ အင်္ဂလိပ်၊ဖက်ဆစ် ...
    တော်လှန်ရေးကားတွေကြည့်ဖြစ်တယ်
    အမှန်ဆို ...
    အင်္ဂလိပ်ရဲ့အုပ်ချုပ်ရေးစံနစ်
    စံနစ်ကျပြီးကောင်းမွန်တယ်ဆိုရမယ်
    ပြည်သူတွေနှိပ်ကွပ်ပေမယ့်
    အစွန်းမရောက်ဘူး
    ဖက်ဆစ်ရဲ့အုပ်ချုပ်ရေးစံနစ်ကျတော့
    မတရားဖမ်းဆီး၊နှိပ်စက်၊သတ်ဖြတ်
    မုဒိမ်းကျင့် လုပ်ချင်သလိုလုပ်တယ်
    အစွန်း လက်ဝဲစွန်းဆန်တယ်
    တူတာတစ်ချက်က ...
    မြန်မာလူမျိုးတွေ ကိုယ့်နိုင်ငံကိုယ့်လူမျိုး
    မျက်နှာမထောက် သာကူးလုပ်ကြတယ်
    အဲ့ဒါအဆိုးဆုံးဘဲ
    အခုလည်း ...
    အမှားအမှန်မခွဲခြား နေသာသလိုနေ
    သာတဲ့ဘက်ကူး အမျိုးမျိုးသစ္စာဖောက်
    "လိပ်"သာကူးတွေများလာတာမို့
    ငါတို့နိုင်ငံ ငါတို့လူမျိုးတွေအတွက်
    ရင်လေးမိတယ်။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  12. တောရွာအရပ်က လေယာဉ်သံတွေက
    မြို့ပြက ဒီဂျေအသံတွေကို ထိုးဖောက်ဖို့
    ဗုံး ဘယ်နှစ်လုံးလောက်ကြဲပြဖို့ လိုနေသေးတာလဲ
    #ThaeNu

    ReplyDelete
  13. Replies
    1. ဒါကဘာဖြစ်တာလဲ🙄

      Delete
    2. သတိတော့ထားမိပါတယ်။🤣
      ကောင်မလေးကယ်ပါ😂

      Delete
  14. Replies
    1. အ့ ဘာဖြစ်နေတာလန်းApril 18, 2023 at 3:45 AM

      🤔🤔🤔

      Delete
    2. မှတ်မိတော့ဘူးအဲနေ့ကမူးနေတာApril 18, 2023 at 4:47 AM

      🤭

      Delete
  15. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog