ကြယ်တွေအကြောင်းကိုမေ့တဲ့ ညက

ကြယ်တွေအကြောင်းကိုမေ့တဲ့ ညက
ညထဲမှာ တစ်ယောက်တည်း
အချစ်ကိုဆာလောင်တဲ့အခါ
ကိုယ်က သူ့ကိုလွမ်းလို့ 
အရက်မသောက်တော့ဘူး
သူက ကိုယ့်ကိုလွမ်းလို့ 
မငိုတော့ဘူး
ဟိုး...တောင်ထိပ်မှာတော့ 
မိုးတွေညိုလို့မည်းလို့။

ကြယ်တွေအကြောင်းကိုမေ့တဲ့ ညက
ညထဲမှာ တစ်ယောက်တည်း
ဝန်တွေကို ပစ်ချလိုက်လို့ကလည်း မဖြစ်ဘူး
ရင်ကို ဖွင့်ချလိုက်လို့ကလည်း မဖြစ်ဘူး
တကိုယ်လုံးလည်း နင်နေလှပြီဆိုတော့
ကိုယ်က ညကိုအစိမ်းလိုက် မျိုချလိုက်ပါတယ်
ဟိုး...ရင်အတွင်းမှာ 
မှောင်လို့မည်းလို့။

ကြယ်တွေအကြောင်းကိုမေ့တဲ့ ညက
ညထဲမှာ တစ်ယောက်တည်း
ကိုယ့်လက်ထဲမှာရှိတဲ့ ဖုန်းဆိုတာကလည်း
အမှောင်ထုရဲ့ စာရွက်တစ်ခုမျှသာ
ရင်ဘတ်ကို သူ့အထဲပစ်ထည့်လိုက်တော့
ညက ညကို စိတ်ကုန်ဆုံးသွားခဲ့ပါပေါ့
ဟိုး....သန်းခေါင်ကျော် အိပ်မက်ဟာ 
ခြောက်လို့ကပ်လို့။

ကြယ်တွေအကြောင်းကို မေ့တဲ့ညက
ညထဲမှာ တစ်ယောက်တည်း
ညဟာ အရောင်ပိုပိုနက်လာ
ညဟာ ညဖြစ်ကြောင်း 
အစွမ်းကုန်မှောင်မိုက်ပြီး ခြောက်လှန့်
ညထဲကို တစ်ကိုယ်လုံးနစ်မြုပ်သွားတဲ့အခါမှာတော့
ကိုယ့်တကိုယ်လုံး မွန်းကြပ်မွတ်သိပ်မောဟိုက်လို့...
မျက်လုံးအစုံကို ဖွင့်ချလိုက်တဲ့အခါမှာ
ကြယ်တွေကို ပြန်သတိရ
ကိုယ်လည်း အလင်းပြန်ရခဲ့ရပေါ့။

အချစ်ရေ...
ကိုယ်တို့ဘဝတွေဟာ 
တခဏလေးမျှ 
ကြယ်တွေအကြောင်းကို မေ့ဖို့ 
အခွင့်မရတော့ပါဘူး။          ။

ရင်သွေး

Comments

  1. ဒီတသက် ကြယ်တွေအကြောင်း မေ့ရက်မှာမဟုတ်တော့ဘူး
    အထူးသဖြင့် မြေကြီးပေါ်က ကြယ်လေးတွေပေါ့

    ReplyDelete
  2. အချစ်ရေ...
    ကိုယ်တို့ဘဝတွေဟာ
    တခဏလေးမျှ
    ကြယ်တွေအကြောင်းကို မေ့ဖို့
    အခွင့်မရတော့ပါဘူး။ ။

    ရင်သွေး

    ရင်ထဲနင့်သွားတယ်💔

    ReplyDelete
  3. အမြဲရှင်သန်နေမယ့် ကြယ်လေးတွေ

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. kyalkalay(😁😁😁)October 20, 2022 at 3:31 AM

    ကြယ်လေး 🌼🥀

    ReplyDelete
    Replies
    1. ရင်ထဲမှာအမြဲရှင်သန်နေတဲ့ 💫

      Delete
  6. အဖိုးတန် ကြယ်လေးတွေ 💔

    ReplyDelete
  7. "ကိုယ်က ညကိုအစိမ်းလိုက် မျိုချလိုက်ပါတယ်။ ဟိုး...ရင်အတွင်းမှာ မှောင်လို့မည်းလို့။" 🖤

    ReplyDelete
  8. တခဏခလးမျှ ကြယ်တွေကိုမေ့ဖို့အခွင့်မရတော့ပါဘူး

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
    Replies
    1. Wheel............dope.🏹🏹🏹

      Delete
    2. မေ့သွားဖို့မရှိခဲ့ပါဘူး...

      Delete
  10. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  11. ရင်ထဲကိုထိချက်။

    ReplyDelete
  12. အချစ်ရေ...
    ကိုယ်တို့ဘဝတွေဟာ
    တခဏလေးမျှ
    ကြယ်တွေအကြောင်းကို မေ့ဖို့
    အခွင့်မရတော့ပါဘူး။ ။

    ရင်သွေး

    ReplyDelete
  13. ရောင်နီကိုသတိရ ဒီကဗျာမြင်တော့

    ReplyDelete

Post a Comment

Popular posts from this blog