အဝိဇ္ဇာ အရောင်းပြခန်း

အမဲဖျက် ခံလိုက်ရပြန်ပြီပေါ့
ရွှေသားအတိ အိပ်မက်တွေ
အထည်ကြီးပျက် ကဗျာတစ်ပုဒ်
အဲဒီရုပ်တု ရေညှိတက်နေပြီ

တစ်ယောက်က သေချင်ယောင်ဆောင်နေသူ
တစ်ယောက်က ရှင်ချင်ယောင်ဆောင်နေသူ
ကျွန်တော်က ပျော်ချင်ယောင်ဆောင်နေသူ
ဒီတောင်ကို ကျော်နိုင်ပါ့မလား

ဘယ်အချိန်က စပြီး မှားခဲ့တာလဲ
မီးကို တွေ့ရှိပြီး နောက်ပိုင်းလား
ဘီးကို တီထွင်ပြီး နောက်ပိုင်းလား
သင့်အမျိုးအစားကို သိပါရစေ

ယာဥ်ကြောပိတ်ဆို့မှုကို ကြည့်ရင်း
စိတ်ပျက်နေတဲ့ မိတ်ဆွေ
ခင်ဗျားစိတ်ထဲမှာ ဘာတွေ ပိတ်ဆို့နေပါသလဲ
စာအိတ်ပေါ်က တံဆိပ်ခေါင်းကို ကြည့်ရုံနဲ့
အဲဒီဒေသ အ​ခြေအနေကို ရိပ်မိပါတယ်

အဆင်သင့်ဖြစ်ပြီလား
အချိန်မှန် နောက်ကျခြင်းတွေနဲ့
ဖုတ်သွင်းရထား ဝင်လာပြီ
ကပ်ဆိုက်ခြင်း ဘူတာရုံဆီသို့
မေ့ကျန်နေခဲ့တာက
သံလိုက်အိမ်မြှောင်တစ်ခု
လမ်းညွှန်​မြေပုံတစ်ချပ်
စားနပ်ရိက္ခာတော့ လုံလောက်မယ် ထင်ရဲ့
အာရုံငါးပါးရဲ့ ရှုမျှော်ခင်းကို
ပုလင်းထဲက သွန်ချလိုက်တယ်
ယခုအချိန်မှစ၍
ကျွန်တော့်ကို မြည်းကြည့်နိုင်ပါပြီ။         ။

လှသန်း

Respect & Credit to Poet Hla Than

Comments

  1. "ဘယ်အချိန်က စပြီး မှားခဲ့တာလဲ"

    ReplyDelete
  2. အဖေ ခံစားခဲ့ရတဲ့ စိတ်သောက ဒုက္ခတွေကို
    ဘယ်တော့မှ မမေ့ဘူး
    အမေ ကျခဲ့ရတဲ့ မျက်ရည်ပေါက် ကြီးငယ်တွေကို
    ဘယ်တော့မှ မမေ့ဘူး
    ဖရိုဖရဲ ဖြစ်ခဲ့ရတဲ့ ငါ့ရဲ့ မိသားစု ဘဝကို
    ဘယ်တော့မှ မမေ့ဘူး

    #လှသန်း

    ReplyDelete
  3. ကျွန်တော့်ကိုမြည်းကြည့်နိုင်ပါပြီ

    ReplyDelete

  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. ကျွန်တော်က ပျော်ချင်ယောင်ဆောင်နေသူ
    #လှသန်း

    ReplyDelete
    Replies
    1. ကျနော်ကပျင်းချင်ယောင်ဆောင်နေသူ

      Delete
  6. "ပျော်ချင်ယောင်ဆောင်နေသူ"

    ReplyDelete
  7. အိပ်မက်တွေ..........

    ReplyDelete
    Replies
    1. အခုတော့ မက်ချိန်တောင်မရတော့ ......

      Delete
  8. အမဲဖျက် ခံလိုက်ရပြန်ပြီပေါ့
    ရွှေသားအတိ အိပ်မက်တွေ
    အထည်ကြီးပျက် ကဗျာတစ်ပုဒ်
    အဲဒီရုပ်တု ရေညှိတက်နေပြီ

    တစ်ယောက်က သေချင်ယောင်ဆောင်နေသူ
    တစ်ယောက်က ရှင်ချင်ယောင်ဆောင်နေသူ
    ကျွန်တော်က ပျော်ချင်ယောင်ဆောင်နေသူ
    ဒီတောင်ကို ကျော်နိုင်ပါ့မလား

    ReplyDelete
  9. ပျော်ချင်ယောင်ဆောင်နေသူတွေ

    ReplyDelete
  10. 🙂 မိသားစု ...

    @ လူ့အဖွဲ့အစည်းမှာ ...
    မိသားစုဆိုတာရှိတယ်
    ကိုယ့်မိသားစုဆိုတာရှိသလို
    သူများမိသားစုဆိုတာလည်းရှိတယ်
    အဓိကကတော့ ...
    "ကိုယ်ချင်းစာတရား" ထားတတ်ဘို့ပါဘဲ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  11. အာရုံငါးပါးရဲ့ ရှု​မျှော်ခင်းကို
    ပုလင်းထဲက​နေ သွန်ချလိုက်ပါတယ်
    ယခုအချိန်က စ ၍
    ကျ​နော့်ကို မြည်းကြည့်နိုင်ပါပြီ။

    ReplyDelete
  12. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  13. ပျော်ချင်ယောင်ဆောင်သူ

    ReplyDelete
  14. ပျော်ချင်ယောင်ဆောင်ချင်သူ

    ReplyDelete
  15. ဘယ်အချိန်က စပြီး မှားခဲ့တာလဲ 😿

    ReplyDelete
  16. Wheel............dope.🏹🏹🏹

    ReplyDelete
  17. ကလစ်ပီးရင်းClick

    ReplyDelete
  18. ယခုအချိန်မှစ၍
    ကျွန်တော့်ကို မြည်းကြည့်နိုင်ပါပြီ

    ReplyDelete
  19. စိတ်ဓာတ်ခွန်အားတွေ ပြည့်ဝပါကြပါစေ။

    ReplyDelete
  20. Fighting
    Click,click,click......

    ReplyDelete

Post a Comment

Popular posts from this blog