အလှဆုံးခေတ် 

အကျဉ်းကျနေတဲ့နေရောင်အောက်မှာ
အသက်ရှူရတာကအစ မလွတ်လပ် 

လေဟာ
မောပမ်း 

မြေဟာ
နွမ်းနယ် 

ဝေးကွာခြင်းဟာ
မီးရထားသံလမ်းများကို
အရည်ပျော်ကျသွားစေတယ် 

စစ်ကြီးပြီးရင်
ခန်းစီးအသစ်တွေလဲကြမယ် 

ပျော်စရာကောင်းတဲ့
ဖျော်ရည်တွေသောက်ကြမယ် 

ဘုရားစင်ပေါ်မှာ
အလှဆုံးနှင်းဆီပန်းတွေ ပူဇော်ကြမယ် 

တောင်းရမယ့်ဆုက
ချစ်သူများသာ အဓွန့်ရှည်ပါစေ။ 

ကြည်ဇော်အေး

Respect & Credit to Poet Kyi Zaw Aye

Comments

  1. ချစ်တတ်သူများသာအဓွန့်ရှည်ပါစေ

    ReplyDelete
  2. နှလုံးသားရှိသူတိုင်း
    ပျော်ရွှင်ချမ်းမြေ့ပါစေ
    ❣️❣️❣️

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. စစ်ကြီးပြီးရင်.............
    ဆိုတဲ့စိတ်နဲ့ ပြိုလဲလိုက် ပြန်ထလိုက် .....

    ReplyDelete
  5. မင်းလည်း အဒမ်စမစ်ကိုမဖတ်ဖူးဘူး
    ငါလည်း အရင်းကျမ်းကိုမဖတ်ဖူးဘူး

    ပါရီသန်းခေါင်ယံအချိန်ပဲဖြစ်ဖြစ်
    ပါရီမီးလောင်နေချိန်ပဲဖြစ်ဖြစ်

    အရက်မူးနေတဲ့ပန်းချီဆရာတစ်ယောက်က
    မွန်ပါနာဆေရပ်ကွက်လေးကိုချစ်သလို
    မင်းကိုငါချစ်တယ်

    နိုင်ငံရေးဆိုတာ
    စီးပွားရေးပဲ

    အချစ်ရေးဆိုတာ
    လူမှုရေးပဲ

    ငါတိုအခန်းလေးကို
    မီးပိတ်

    ငါတိုအိပ်ရာလေးကို
    ဖြန့်ခင်း

    စစ်ကြီးပြီးရင်
    အချစ်သီချင်းလေးတွေပဲနားထောင်ကြမယ်

    ချစ်သူများသာ
    အဓွန့်ရှည်ပါစေ ။

    /ကြည်ဇော်အေး

    ReplyDelete
  6. တောင်းဆုတွေလည်းပြည့်ပါစေ

    ReplyDelete
  7. အလှဆုံး‌‌ခေတ်ကို မျှော်လင့်ခဲ့သူ
    ခုတော့ စစ်ပွဲတွေမရှိတဲ့အရပ်ကို ထွက်သွားခဲ့ပြီး ပေါ့ ....

    ReplyDelete
  8. "အကျဉ်းကျနေတဲ့နေရောင်အောက်မှာ အသက်ရှူရတာကအစ မလွတ်လပ်"

    ReplyDelete
  9. တို့ ကိုယ်တိုင် ကြိုးစားရမယ်
    တနေ့ တော့ ရောက်မယ်
    💪

    ReplyDelete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. Merry Christmas to you all 🥰

    ReplyDelete
  12. စစ်ကြီးပြီးရင်
    ငါ....
    မင်းတို့ အားလုံးကို
    ချစ်ပြမယ်။

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  14. ကလစ်ပီးရင်းClickကြမယ်

    ReplyDelete
  15. စစ်ကြီးပြီးရင် ...
    😊

    ReplyDelete
  16. စစ်ကြိီးပြီးရင် သူငယ်ချင်းတွေနဲ့အတူ ကျောင်းတက်မယ်😟😍

    ReplyDelete
  17. Click,click,click..............

    ReplyDelete
  18. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  19. တောင်းရမည့် ဆုက.....

    ReplyDelete
  20. Fighting
    Click,click,click.........

    ReplyDelete

Post a Comment

Popular posts from this blog