စင်သီယာ - ၃

ငါ မပြောတော့ဘူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒ ဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ ကိန်းဂဏန်းတွေ
“ငွေ ..ငွေ ..ငွေ” 
(မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါ အလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ 
ငါမလာနိုင်ဘူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဘူး။

သျှပ်မှူးကျော်

Respect & Credit to Artist Htoo Eain Thin 

Comments

  1. 🙂 လွမ်းစရာကချင်မြေ ...

    @ ငါတို့ရဲ့ ...
    အချုပ်အချာအာဏာ
    ပြည်သူ့ဘဝလွပ်လပ်ရေး
    လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအရေး
    ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး
    တရားမျှတရေးနှင့်တန်းတူအခွင့်ရေးတွက်
    တိုက်ကိုတိုက်ယူရလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. 🥷 ညီညွတ်မှ ...

    @ နိုင်ဘို့ဆိုရင် ...
    အစိုးရရယ်,ပြည်သူရယ်
    လက်နက်ကိုင်အဖွဲ့ရယ် ဟန်ချက်ညီညီ
    ညီညီညွတ်ညွတ်လုပ်ဆောင်မှ
    မလွဲမသွေရပါလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  4. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  5. Wheel............dope.🏹🏹🏹

    ReplyDelete
  6. 🥷 အမေရိကန်ရဲ့NDAA ...

    @ အတိုချုပ်နဲ့ရှင်းရှင်းပြောရရင် ...
    KNUလို ကျန်တဲ့ညီအကိုတိုင်းရင်းသား
    အထူးသဖြင့် လက်နက်ကိုင်တွေ ...
    ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားနဲ့
    ဝိုင်းဆော်ခဲ့ရင်၊ အခုချိန်လောက်မှာ
    ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး
    ဆောက်တည်ပြီးပြီ၊
    တစ်ကယ်တော့ ...
    နိုင်ငံပျောက်နေတာ ဗမာ
    စစ်တပ်မရှိသေးတာ ဗမာ
    ခင်ဗျားတို့ စဉ်းစားကြည့်ပါ
    ခင်ဗျားတို့ ကူမှရမှာဗျ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  7. ငါမပြောတော့ဘူး။

    ReplyDelete

Post a Comment

Popular posts from this blog