ဗမာ့ဆိုက်ဘေးရီးယား 

ဘယ်တုန်းကမှ
ကမ္ဘာဟာ ငါတို့ဘက်မှာမရှိခဲ့ဘူး 

ကိုယ့်အလံကိုယ်လွှင့်
ကိုယ့်ရွက်ကိုယ်ဖွင့်
ဆန်တက်ခဲ့ရတာချည်းပဲ 

စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ
ကမ္ဘာကိုဖျက်တယ်လို့
အဲဒီကဗျာငါဖတ်ဖူးတယ် 

မင်းလောင်းလည်းမမျှော်နဲ့
ကယ်တင်ရှင်လည်းအားမကိုးနဲ့
သူ့ဘဝနဲ့သူ
ကိုယ့်ဘဝနဲ့ကိုယ် 

ကျည်ဆန်မှာ
နေရပ်လိပ်စာမပါဘူး 

ဓားဆိုတာ
မီးနဲ့ဆေးရတာ 

တရားဆိုတာ
ကိုယ်တိုင်ကျင့်ရတာ 

လေ့ကျင့်ခန်းမှန်မှန်လုပ်ခဲ့ရင်တော့
အမှားနည်းတာပေါ့ 

ဝမ်းနည်းစရာကောင်းတာက
ကမ္ဘာကြီးဟာ သူ့သမိုင်းကိုပြန်ပြောပြမယ့်
ကဗျာဆရာတစ်ယောက်ကို
ဆုံးရှုံးလိုက်ရတာပဲ 

တစ်နေ့နေ့
လက်ဝဲသုန္ဓရလို
အလက်ဇန္ဒားလို 
ဇန်နစ်ဇင်လို
ဒီကောင်ပြန်မလာဘူးလို့
ဘယ်သူပြောရဲသလဲ။ 

-ကြည်ဇော်အေးဗမာ့ဆိုက်ဘေးရီးယား 

ဘယ်တုန်းကမှ
ကမ္ဘာဟာ ငါတို့ဘက်မှာမရှိခဲ့ဘူး 

ကိုယ့်အလံကိုယ်လွှင့်
ကိုယ့်ရွက်ကိုယ်ဖွင့်
ဆန်တက်ခဲ့ရတာချည်းပဲ 

စာရွက်ကိုလက်မှတ်ထိုးတဲ့လက်ဟာ
ကမ္ဘာကိုဖျက်တယ်လို့
အဲဒီကဗျာငါဖတ်ဖူးတယ် 

မင်းလောင်းလည်းမမျှော်နဲ့
ကယ်တင်ရှင်လည်းအားမကိုးနဲ့
သူ့ဘဝနဲ့သူ
ကိုယ့်ဘဝနဲ့ကိုယ် 

ကျည်ဆန်မှာ
နေရပ်လိပ်စာမပါဘူး 

ဓားဆိုတာ
မီးနဲ့ဆေးရတာ 

တရားဆိုတာ
ကိုယ်တိုင်ကျင့်ရတာ 

လေ့ကျင့်ခန်းမှန်မှန်လုပ်ခဲ့ရင်တော့
အမှားနည်းတာပေါ့ 

ဝမ်းနည်းစရာကောင်းတာက
ကမ္ဘာကြီးဟာ သူ့သမိုင်းကိုပြန်ပြောပြမယ့်
ကဗျာဆရာတစ်ယောက်ကို
ဆုံးရှုံးလိုက်ရတာပဲ 

တစ်နေ့နေ့
လက်ဝဲသုန္ဓရလို
အလက်ဇန္ဒားလို 
ဇန်နစ်ဇင်လို
ဒီကောင်ပြန်မလာဘူးလို့
ဘယ်သူပြောရဲသလဲ။ 

ကြည်ဇော်အေး

Respect & Credit to Poet Kyi Zaw Aye


Comments

  1. ကယ်တင်ရှင် မမျှော်လင့်ပါဘူး
    ကိုယ်တိုင်ကြိုးစားကြမယ် 🤜🤛

    ReplyDelete
  2. To our victory…

    ReplyDelete
  3. ဝမ်းနည်းစရာကောင်းတာက
    ကမ္ဘာကြီးဟာ သူ့သမိုင်းကိုပြန်ပြောပြမယ့်
    ကဗျာဆရာတစ်ယောက်ကို
    ဆုံးရှုံးလိုက်ရတာပဲ

    ReplyDelete
  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. ကိုယ့်အလံကိုယ်လွင့်
    ကိုယ့်ရွက်ကိုယ်ဖွင့်

    ReplyDelete
  6. အဆိုးဆုံးတွေကုန်ရင် အကောင်းဆုံးတွေလာမယ်လို သီအိုရီမရှိပါဘူး
    ထပ်ဆိုးတာတွေ ထပ်ပြီ လာချင်လာပါတယ်
    ရွှေဝါရောင် ၂၀၀၇ ပြီးတော့ ၂၀၀၈ဟာ
    နာဂစ်မုန်တိုင်း ဖွဲစည်းပုံအခြေခံဥပဒေ
    ထောင်ကျတန်းကျကြပေါ့ မိတ်ဆွေများ

    ထပ်ဆိုးတဲ့ တိုင်းပြည်မှာ
    ထပ်ဆိုးတာတွေ အထပ်ထပ်ပါပဲ။

    ကြည်ဇော်အေး

    ReplyDelete
  7. "ဝမ်းနည်းစရာကောင်းတာက
    ကမ္ဘာကြီးဟာ သူ့သမိုင်းကိုပြန်ပြောပြမယ့်
    ကဗျာဆရာတစ်ယောက်ကို
    ဆုံးရှုံးလိုက်ရတာပဲ..။"

    အကြိုက်ဆုံးတွေထဲက တပုဒ်

    ReplyDelete
  8. " ကိုယ့်အလံကိုယ်လွှင့်
    ကိုယ့်ရွက်ကိုယ်ဖွင့်
    ဆန်တက်ခဲ့ရတာချည်းပဲ "

    ReplyDelete
  9. 𝙳𝚘𝚗𝚎 👍

    ReplyDelete
  10. မြန်မာ တွေ ကိုယ်တိုင် ကြိုးစားရမယ်
    အချိန်တန်ရင် တနေ့ရောက်ရမယ်

    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. ဒီ​ကောင် တစ်​နေ့
    ​သေချာ​ပေါက် ပြန်လာလိမ့်မယ်
    အဲ့ခါကျ
    ငါတို့ ဝိုင်းလို့ ကြိုဆို
    ကဗျာ​တွေ ပိုပိုပြီး ဖတ်ကြရ​အောင်။

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  14. လင်းဆက်June 14, 2023 at 4:15 AM

    😢

    ReplyDelete

Post a Comment

Popular posts from this blog