အမာရွတ်

သစ်ပင်တွေက 
မနုပျိုတော့တာကလွဲရင်
အရင်တုန်းက နာမည်တွေအတိုင်းပဲ

သီးမြဲ 
ပွင့်မြဲ 
လှမြဲ 
စိမ်းမြဲ

စကားပြောရင် 
အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ်
တချို့အရာတွေက မရှိတော့ဘူး 

မရှိတော့တဲ့အထဲ 
ကိုယ့်ငယ်ရွယ်မှုပါ ပါသွားတယ်

ရေဆင်းချိုးခဲ့ဖူးတယ် ဆိုတဲ့အဖြစ်နဲ့
ဓားထစ်ပြီး မှတ်သားထားခဲ့တဲ့ မြစ်ရေတွေဟာ

အထစ်အငေါ့မရှိ စီးဆင်းသွားပေါ့
ရေတိုက်စားခြင်းခံရတဲ့ 
ကမ်းပါးတွေသာ ငေးကျန်ရစ်ခဲ့။       ။

စိုးခိုင်ညိန်း

Respect & Credit to Poet Soe Khaing Nyein

Comments

  1. မရှိတော့တဲ့အထဲ
    ကိုယ့်ငယ်ရွယ်မှုပါ ပါသွားတယ်.....

    ReplyDelete
  2. ရေတိုက်စားခြင်းခံရတဲ့
    ကမ်းပါးတွေသာ ငေးကျန်ရစ်ခဲ့..

    ReplyDelete
  3. တချို့အရာတွေက မရှိတော့ဘူး

    ReplyDelete
  4. This comment has been removed by the author.

    ReplyDelete
  5. kyalkalay(😁😁😁)October 21, 2022 at 6:47 AM

    မရှိတော့ဘူး🥀

    ReplyDelete
  6. "ရေတိုက်စားခြင်းခံရတဲ့
    ကမ်းပါးတွေသာ ငေးကျန်ရစ်ခဲ့"

    ReplyDelete
  7. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  8. တချို့အရာတွေက မရှိတော့ဘူး

    ReplyDelete
  9. ဝါးဆိုတာဟာလည်းတစ်ချိန်တုန်းကတော့မျှစ်ပါ 😁

    ReplyDelete
  10. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. Good Morning 🌞

    ReplyDelete
  13. အမာရွတ်👍

    ReplyDelete
  14. စကားပြောရင်
    အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ်
    တချို့အရာတွေက မရှိတော့ဘူး

    ReplyDelete
    Replies
    1. မရှိတော့တဲ့အထဲ
      ကိုယ့်ငယ်ရွယ်မှုပါ ပါသွားတယ်

      Delete
    2. ဘာမှမရှိတော့ပဲဘာမှမကျန်ခဲ့လဲရတယ်
      လက်ရှိအခ်ျန်လေးမှာတော့အနားမှာအစစ်အမှန်တွေပဲရှိနေစေချင်မိတယ်

      Delete
  15. အမာရွတ်တွေကလည်း ပျောက်ကွယ်တတ်တာပဲ...

    ReplyDelete
  16. Fighting
    Click,click,click.......

    ReplyDelete

Post a Comment

Popular posts from this blog