မျှော်လင့်ခြင်း ထမင်းသိုးများ
ညနေမင်းတွေဟာ
ဒီကမ္ဘာမြေပေါ်က မြို့ရွာတွေအပေါ်
ဘယ်လိုများ ကျရောက်ခဲ့ပါသလဲ။
ဟောဒီလိုများ
တစ်နေရာရာမှာတော့
ကျရောက်ခဲ့မယ် ထင်တာပဲ။
ငါးရှဥ့်သွေးရောင် ကောင်းကင်လမ်းမှာ
ငန်းမွေးရောင် ဘောင်းဘီ
မြင်းချေးရောင် ဖိနပ်
တိမ်သားရောင်စုံ ရှပ်အင်္ကျီကောင်းတယ်လို့
ညနေခင်းဟာ
လေညင်းခံ ထွက်နေမယ်။
အဲဒီမှာ
လေညင်းကလည်း
နှင်းဆီခင်းတွေထဲ လူးလှိမ့်လာခဲ့လို့
နှင်းဆီနံ့တွေနဲ့
ကိုယ်လက်နှီးနှောခဲ့လို့မို့
ညနေခင်းဟာ မွှေးပြီးနေပါလိမ့်မယ်။
ဒါမှမဟုတ်ရင်လည်း
ဖန်ကလပ်ထဲမှာ
ဝိုင်ပုလင်းထဲမှာ
ညနေခင်းဟာ တစ်ကိုယ်လုံး ဆင်းစိမ်ပြီး
စည်းစိမ်ယစ်မူး ပျော်ပါးနေတာလည်း
ကမ္ဘာမြေ တစ်နေရာက
မြို့တစ်မြို့မှာ
ရှိဖြစ်တန်ကောင်းလေရဲ့။
ဒီမှာ
ဟောဒီမှာ
ရန်ကုန်အစွန် ငမိုးရိပ်ချောင်းစပ်နားက
ထားပါ
လယ်ကွင်းတွေ ဝိုင်းရံထားလို့မို့
လယ်ကွင်းတွေနဲ့ ရန်ကုန်မှာပေါ့။
၇ ပေ၊ ၁၀ ပေ အခန်းတစ်ခုထဲမှာ
ညနေခင်းဟာ
ဆာလောင်ခြင်း ဒီရေတက်ပြီး
ညနေခင်းဟာ
လူဆန်ချင်နေရှာပါတယ်။
ဒီအခန်းမှာ
ညနေခင်းမှာ
ဝမ်းစာသင်္ဘောဟာလည်း
ဆိုက်ကပ်မလာခဲ့သေးပါဘူး။
ဒီမှာတော့
ညနေခင်းဟာ
အထိအခိုက် အကျအရှုံးများစွာနဲ့
သူဆင်းရဲသား ဖြစ်ခဲ့ရှာရဲ့ ။
ဒီညနေခင်း
အလင်းဝပ်အား ပိန်ပိန်မှာ
သူ့နို့ပိန်ကလေးကို လီဆယ်ပြီး
နို့တိုက်နေတဲ့ ကလေးအမေ
အသက်ငယ်ငယ် အရွယ်အိုအို
လူသားအရောင်အဝါ မှိန်မှိန်
တစ်လွှာပြီး တစ်လွှာပေါ့
ဒီမိန်းမသားရဲ့ မျက်နှာမှာ
မျှော်လင့်ခြင်း အရေပြားတွေ ကွာကျ။
ဒီလိုမျိုး
မျှော်လင့်ခြင်းကို
ညနေခင်းကို
စောင့်မျှော်ခြင်းကို
ဆာလောင်ခြင်းကို
ဘဝကို
မျိုမျိုချခဲ့ရလွန်းလို့
စောင့်မျှော်ခြင်းနာရီတွေသာ
ခရီးထွက်သွားမယ်ဆိုရင်
ခုလောက်ဆို
နယူးယောက်မြို့ကို ရောက်လောက်ပြီလို့
ဒီလိုမျိုး တွေးမိလေသလား။
သားသည်အမေ အဘွားအိုမလေး
လမ်းမမျှော် သူ့မျက်နှာကို
ခါယမ်းလိုက်ကာ
သူ့ကလေးတွေကို လှမ်းကြည့်မိရဲ့။
အခန်းထောင့် ဖျာကြမ်းစုတ်စုတ်မှာ
ဖျားနာနေတဲ့ ကလေး
စောင်ခြုံလို့
တကယ်တော့
ကလေးရော စောင်ပါ ဖျားနာနေခဲ့ပါပြီ။
တမင်းဆာလွန်းတဲ့ ကလေး
တအီအီနဲ့
ဒီတက်လို့
ဒီမှာ
သူ့လက်လာတိုးတဲ့ သွေးက
သူ့ကလေးတွေ သူ့ရင်ခွင်မှာ
သူ့မျက်စိအောက်မှာပေမယ့်
သူ့ကလေးတွေနဲ့ သူနဲ့
ကမ်းပေးနေတာ မြင်ရ
သူ့သက်ပြင်း မီးသင်္ဘောဟာ
မီးခိုးတအူအူနဲ့ ထွက်ခွာသွားတော့ရဲ့။
ဒီမှာ
သူ့အသက်ရှင်ခြင်းအပေါ်
ခပ်ပြင်းပြင်း ရိုက်ထားတဲ့
သံကျစ်ဆူးကိုနှုတ်ဖို့ လုပ်လိုက်တော့
'အိမ်ကထွက်သွားတဲ့ အိမ်သားဟာ
အသိုက်က ထွက်သွားတဲ့ ငှက်ပေါ့လေ' တဲ့
ငှက်ခတ်သမားနဲ့တွေ့လို့များ
အသက် ပါသွားလေသလား
မျက်လုံးတစ်ဖက်တည်းနဲ့ပဲ
အိမ်ပြန်လာလေမလား
လက်ကျိုးပြီး ပြန်လာမလား
ခြေတစ်ဖက်တည်းနဲ့ပဲ အိမ်ပြန်လာမလား
သူ့နှလုံးသားကို
အဲဒီလို
သွားပွတ်သပ်မိရှာတယ်။
နောက်ဆုံး
အကောင်းဆုံး
ကလေးအမေ သူဆင်းရဲသားရဲ့ မယား
ဒီလို တွေးရှာတယ်
အူဟောင်းလောင်းနဲ့ပေါ့
ဒီထက်ကောင်းတဲ့ ညစာမျိုး
မရှိတော့ပါဘူးတဲ့။
စားရေရိက္ခာတွေ
မပါလာရင်လည်း နေပါစေတော့
(မိမွေးတိုင်း ဖမွေးတိုင်း)
ကောင်းမွန်ချောမောစွာ
အိမ်ပြန်လာရင်ပဲ တော်ပါပြီတဲ့
အဲဒီလိုနဲ့
မျှော်လင့်ခြင်းဟာ
ထမင်းအသိုးများသာ ဖြစ်ခဲ့ပါတယ်။
ဒီထမင်းအသိုးများပဲ
ချဉ်ခြင်းပြင်းစွာ ဖြစ်မိပါသတဲ့
အဆွေခင်ပွန်းကောင်း ညနေရေ။
မောင်ချောနွယ်
Respect & Credit to Poet Mg Chaw Nwe
🍁🍁
ReplyDelete🌷🌷🌷🌷🌷🌷🌷🌷🌷
DeleteAppreciate.
သေခြင်းကို
ReplyDeleteအခန်းကျဉ်း ထောင့်တစ်ထောင့်မှာ
ငြိမ်ငြိမ်လေးတောင့်ထားကြ
မိခင်ဝမ်းက ကျွတ်တာကြာပြီ မိုလား
အောင်ချိမ့်
ညနေခင်းကဗျာလေး ရင်ထဲထိရှသွားတယ်။
ReplyDelete🐝
ReplyDeleteTHANKS.
ReplyDeleteမျှော်လင့်ခြင်း ထမင်းသိုးများ👍
ReplyDeleteAppreciate.
DeleteDone 🍀
ReplyDelete
DeleteClick with love 💕
🍀🍀🍀🍀🍀
Done
ReplyDelete🥰🥰🥰
ReplyDeleteTill the end
ReplyDeleteFighting together 💪
We must win.✊
Delete💔
ReplyDelete..........................
ReplyDeletedone
ReplyDelete🤍
ReplyDeleteစားရေရိက္ခာတွေ
ReplyDeleteမပါလာရင်လည်း နေပါစေတော့
(မိမွေးတိုင်း ဖမွေးတိုင်း)
ကောင်းမွန်ချောမောစွာ
အိမ်ပြန်လာရင်ပဲ တော်ပါပြီတဲ့
Done 🍁
ReplyDelete🌻
ReplyDelete🌻
ReplyDeleteDone
ReplyDeleteDone💕
ReplyDeleteငါတို့နိူင်ကိုနိူင်မှာ ငြိမ်နေတာအလကားမဟုတ်
ReplyDeleteDone ✅
ReplyDeleteAPPRECIATE.
ReplyDelete💔
ReplyDelete💔
Delete🙂 မိသားစု ...
ReplyDelete@ လူ့အဖွဲ့အစည်းမှာ ...
မိသားစုဆိုတာရှိတယ်
ကိုယ့်မိသားစုဆိုတာရှိသလို
သူများမိသားစုဆိုတာလည်းရှိတယ်
အဓိကကတော့ ...
"ကိုယ်ချင်းစာတရား" ထားတတ်ဘို့ပါဘဲ။
🏇 စစ်မင်းထက်သာ
🤎
ReplyDeletedone😘
ReplyDelete😔😔😔
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDelete💪💪💪
ReplyDelete💔
ReplyDeleteမျှော်လင့်ခြင်းတွေ ...
ReplyDeleteတပွေ့တပိုက်ပါပဲ
Delete🥺
Deleteမျှော်လင့်ခြင်းနဲ့ ထမင်းသိုးများ စီးကရက်တွေပဲ ပိုသောက်မိတယ် ...
DeleteDone😘
ReplyDeleteFighting
ReplyDeleteDone
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete💔
ReplyDeleteအဲဒီလိုနဲ့
ReplyDeleteမျှော်လင့်ခြင်းဟာ
ထမင်းအသိုးများသာ ဖြစ်ခဲ့ပါတယ်
😔
ReplyDeleteFighting
ReplyDeleteClick,click,click.......
🌨🌳
ReplyDelete💙
ReplyDelete