လေထုညစ်ညမ်းမှု 

နာရီလက်တံပေါ် ထိုင်စီးရတာ
အရင်လိုလည်း ပျော်စရာမကောင်းတော့ဘူး 

အသက်မရှူမှ သေတာမဟုတ်ပါဘူး
ဒီနေ့ဟာ မနေ့ကအတိုင်း
မနက်ဖြန်ဟာ ဒီနေ့အတိုင်းပဲဆိုရင်
ဒါဟာလည်း သေနေတာပဲမဟုတ်လား 

ကျွန်တော့်ကိုပဲကြည့်လေ
ပြန်ရှင်လာမလားလို့ ကဗျာတွေရေးနေတာ 

ကျွန်တော် သေနေတဲ့အကြောင်းကို
လူသိရှင်ကြား ကြေညာရအောင်လည်း
အာဏာရှင်နာရေးလို ပျော်စရာမှမကောင်းဘဲ

ရှင်ချင်ယောင်ဆောင်နေရတဲ့ကြားထဲ
စိတ်ညစ်စရာတွေချည်းပဲ အားကောင်းလာတယ် 

ပန်းတွေမပွင့်တော့တဲ့ကမ္ဘာမှာ
အသက်ရှူကျပ်နေတဲ့ပျားတွေ 

ကိုယ့်ကိုယ်ကိုသတ်သေကြတာ
အသက်ရှူဝဖို့ပဲလေ

ကိုဟိန်း

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
    Replies
    1. ပြန်ရှင်လာမလားလို့ ကဗျာတွေရေးနေတာ

      Delete
    2. ဖတ်ချင်ပါတယ်

      Delete
    3. ဖက်ပေးမယ်လေ 😁

      Delete
  2. အသက်ရှူဝဖို့
    အသည်းအသန် ကြိုးစား......

    ReplyDelete
  3. ဆန့်ထုတ်လိုက်တဲ့ မီးခိုးငွေ့ထဲ
    စိတ်ဝိညာဉ်တွေ အရိုးပြိုင်းပြိုင်းထ
    ငါနဲ့ ငါ့ အကြား
    ဆက်သွယ်ထားတဲ့ အချိတ်အဆက်တွေ
    မြည်တွန်တောက်တီးကြ။
    ခြောက်ကပ်ကပ်
    မတွေးနဲ့တော့လို
    သူငယ်ချင်းက ပြောတယ်။
    ငါက အရည်ကျဲကျဲ ပဲဟင်းတစ်ခွက်ဝယ်
    အိမ်ပြန်ခဲ့တယ်။
    ➣မိုးဝေး

    ReplyDelete
  4. အမှန်ပဲ
    အသက်ရှူနေသေးလို့သာ ရှင်နေသေးတယ်ပေ့ါ...
    အမှန်တော့ မသေရုံ ယဲ့ယဲ့လေး........

    ReplyDelete
    Replies
    1. မနက်ဖြန်ဆိုတာအသက်ရှင်သန်နေသေးသ၍
      မျှော်လင့်ချက်ဆိုတာအရာတွေကရည်ရွယ်ရာပန်းတိုင်အတွက်လှေခါးထစ်‌ေတွဖြစ်ပါစေဗျာ

      Delete
    2. ဘာမှမရေရာ မသေချာပေမယ့်
      ယုံကြည်ချက် မျှော်လင့်ချက်တွေနှင့်ရှေ့ဆက်နေရတဲ့ နေ့ရက်တွေပါပဲ ...

      Delete
  5. "အသက်မရှူမှ သေတာမဟုတ်ပါဘူး"
    စကားလုံးတွေ ရင်ထဲထိ...

    ReplyDelete
  6. "ပန်းတွေမပွင့်တော့တဲ့ကမ္ဘာမှာ
    အသက်ရှူကျပ်နေတဲ့ပျားတွေ...."တဲ့


    ကိုယ်တွေလိုပေါ့
    ကျည်ဆံပဲရှိတဲ့ မိစ္ဆာတွေ ကမ္ဘာမှာ
    ပန်းတွေသာ မျှော်လင့်ခဲ့တဲ့သူတွေပေါ့

    ReplyDelete
  7. Wheel............dope.🏹🏹🏹

    ReplyDelete
  8. ​သေတယ်ဆိုတာ
    ကိုယ့်တွက် မဆန်း​တော့လို့
    ငန်းငန်းတက် မရှင်ချင်ပါဘူး
    ခဏခဏ​သေလာခဲ့တာ
    ခု​တောင် လူ့ဘဝ ​ရောက်လာ​ပေါ့
    အတိတ်မှာလည်း ​သေခဲ့
    ​နောင်ဘဝလည်း ​သေရဦးမှာ
    မကြာခင်လည်း ​သေရင်​သေ​နေမှာ
    ဘာပဲဖြစ်ဖြစ်..
    ​လောဘ ​ဒေါသ​တွေ​တော့
    အပြီး​ သေ​စေချင်​သေးတယ်။

    ReplyDelete
  9. 🥷 လူဆိုရင် ...

    @ လူဆိုရင် ...
    လူလိုအသိနဲ့လူလိုကျင့်ပါ
    လူလိုအမှားအမှန်ပိုင်းခြားပြီး
    လူလိုကိုယ်ချင်းစာတရားနဲ့ ...
    လူတွေကိုကယ်တင်ပေးပါ။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  10. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  11. ရှင်နေလျှက် နဲ့ သေနေရသူများ 😓😓😓

    ReplyDelete
  12. ရှင်ချင်ယောင်ဆောင်နေရတဲ့ကြားထဲ
    စိတ်ညစ်စရာတွေချည်းပဲ အားကောင်းလာတယ်

    ReplyDelete
    Replies
    1. အဆင်ပြေသွားမှာပါ

      Delete
    2. အဆင်ပြေလာမှာပါ တစ်နေ့နေ့ ...

      Delete
  13. ပူတစ်ဝက်၊ အေးတစ်ဝက် မချိမဆန့်...

    ReplyDelete
    Replies
    1. သွေးမအေးအောင် လက်ဖက်ရည်ဆိုင်သွား😂

      Delete
  14. ကိုယ့်ကိုယ်ကိုသတ်သေကြတာ
    အသက်ရှူဝဖို့ပဲလေ

    ReplyDelete
  15. Fighting
    Click,click,click............

    ReplyDelete
  16. Fighting
    Click,click,click.........

    ReplyDelete
  17. အသက်မရှူမှ သေတာမဟုတ်ပါဘူး
    ဒီနေ့ဟာ မနေ့ကအတိုင်း
    မနက်ဖြန်ဟာ ဒီနေ့အတိုင်းပဲဆိုရင်
    ဒါဟာလည်း သေနေတာပဲမဟုတ်လား

    ReplyDelete

Post a Comment

Popular posts from this blog