ကျွန်တော် ငိုတယ် အမေ
ကဗျာဆရာတစ်ယောက်က ရီဝေဝေနဲ့ထပြောတယ်
“ကဗျာတွေလည်း ဆန်မနေတော့ပါဘူးကွာ”တဲ့
မမွှေးတော့တဲ့ သနပ်ခါးတို့ရဲ့ မြေ
ကျက်သရေကင်းမဲ့နေတဲ့ ဝင်းဝင်းဝါဝါ ဘုရားတွေ
ဒါတွေက ငါတို့နိုင်ငံရဲ့ အမှတ်အသားတွေဆိုပြီး
ကြွားရတာ အဟုတ်ထင်နေကြသေးသလား
ကျွန်တော်မြန်မာလူမျိုးပါ
ရှက်စရာကောင်းလှပါဘိ။
တချို့က ဝတ်စုံပြည့်ကြီးဝတ်လို့
တချို့က ဝတ်စုံအပြဲအစုတ်နဲ့
လှည်းစုတ်ကို တွန်းနေတုန်း
တချို့က ဘာကိုမှ မဝတ်တော့ဘူး။
ဆွဲဖြတ်ခံလိုက်ရတဲ့ လျှာဖျားလျှာစကို
အတင်းပြန်လိုက်ရှာနေတာ တစ်ဘဝလုံး
အသံထွက်နိုင်စွမ်းကင်းမဲ့သွားတဲ့ သူတွေအတွက်
အသံတစ်ခုအဖြစ် ရေးခဲ့တဲ့ ကလောင်တံ
" လိပ်ပြာလုံတယ် "
သေချာလား မိတ်ဆွေ
သေချာလား ?
ငါတော့ မလုံဘူး
ဘယ်စိတ်နဲ့မှ မလုံတတ်တော့ဘူး
ဘာမှလုပ်လို့ မရတော့ပါဘူးဆိုပြီး
တယောကို ဆက်ထိုးနေရတာကို မလုံဘူး။
အနည်းဆုံးတော့
ဒီတယောနဲ့
ဒီကောင်တွေကို ရိုက်လိုက်ဖို့ ကောင်းနေပြီ
ငါတို့ဖန်တီးတဲ့
ပန်းချီကား
စာအုပ်
ကဗျာ
ဂီတ
အားလုံးက တစ်မနက်နိုးလို့ စားစရာမရှိတဲ့အခါ
တန်ဖိုးမရှိတော့တဲ့အရာတွေသက်သက်ပဲ။
တစ်ယောက်တည်း မြင်ယောင်နေတဲ့
သီအိုရီတွေကြားမှာ
လူသားဆန်မှုပျောက်ဆုံးသွားတဲ့
ကဗျာဆရာတစ်ယောက်...။
အာဏာက နံပါတ်(၁)
ငွေရှာနိုင်စွမ်းက လူ့တန်ဖိုး
အနုပညာဆိုတာ အနုကြမ်းစီးဝင်ရောက်လာမှုကို
ချီးမြှောက်သော လှုပ်ရှားမှု။
ဒီလိုနိုင်ငံက မွေးတဲ့သူပါဆိုတာကို
ဘာကိုဂုဏ်ယူသလဲ မအေလိုးတွေ
မရယ်ရတဲ့ အမှားကြီးကို လက်ခံတတ်ဖို့ပဲ
စိတ်ကိုတွန်းပို့နေကြတယ်
အဆက်ဆက်သော လက်ထိပ်တွေ
စွပ်ထားရတဲ့ ကလောင်ကိုင်လက်တွေကို
အားမနာဘူးလား။
ကဗျာက ငတ်နေတဲ့သူပါးစပ်ထဲလည်း အစာမဖြစ်
အေးနေတဲ့သူကိုလည်း စောင်မခြုံပေး
နေမကောင်းနေတဲ့သူအတွက်လည်း ဆေးမဖြစ်
ဘာလုပ်ဖို့ အဲ့ဒါဆို ငါက ရေးနေရတာလဲ
စံချိန်ပေတံက နိမ့်ကျသထက် ကျသွားတာပေါ့လေ။
ဆရာဝန်တောင် ကုမပေးနိုင်တဲ့
ငါ့စိတ်ထဲက မကောင်းဆိုးဝါးဟာ
ငါ့ညတွေမှာ စကားအများကြီးပြောတယ်
ဝတ္ထုတွေရေးတယ်
ကဗျာတွေရေးတယ်
သီချင်းတွေ ဆိုပြတီးပြတယ်
အတ္တကို မီးမြိုက်ပေးနေလျက်ပေါ့။
တစ်ရက်ကျ ဒီကောင်ထပြောပါရဲ့
သူ့မကျေနပ်ချက်တွေ
မနာလိုမှုတွေ
ကမ္ဘာက ဘယ်နှဒီဂရီစောင်းလို့
"အကြောင်းမဆုံလိုက်ရသော
ဘဝတစ်ကွေ့က အချစ်ဟောင်းတွေဆီသို့" တဲ့
အစပျိုးပြီး
ဒီကဗျာကို ငါ့ဆီထားသွားတယ်။
သေလိုက်ပါတော့
သေလိုက်ပါတော့ကွာ...
မာန
ပညာ
အသိ
နောင်တ
အချစ်
ဝမ်းနည်းမှု
မုန်းတီးမှု
မနာလိုမှု
ယစ်မူးခြင်း
တံစက်မြိတ်ထဲမဝင်ခင် ပစ်ချခဲ့
အမေ့ပေါင်ပေါ် အိပ်ပါ ငါ့သားငယ်
"ငါ့သားလေး အတွေးအရမ်းများတတ်တာ
အရင်အတိုင်းပဲနော်"
အမေ့ကို ယုံပါသားငယ်
အဆင်ပြေသွားမှာပါ
အဆင်ပြေသွားမှာပါကွယ်
တနေ့နေ့ပေါ့ သားရယ်…။ ။
Tommy
🖤
ReplyDeleteWas
Delete❤️
ReplyDeleteကောင်းကင်ပေါ်ကကြယ်တွေဆိုတာအလိုလိုနေရင်းဖြစ်လာတာမဟုဘူးကျနော်တို့လူတွေ သေရင်ကောင်းကင်မှာ ကြယ်တွေဖြစ်နိုင်တယ်ဒါပေမဲ့သေတဲ့လူတိုင်းတော့ကောင်းကင်မှာကြယ်တွေ မဖြစ်နိုင်ဘူး
ReplyDelete#k
🦋🌼
ReplyDelete🤎
Deleteလိပ်ပြာလုံလုံနေနိုင်အောင်
ReplyDeleteကြိုးစားနေပါတယ်
ဖိုက်တိုး မမ😁🥰
Deleteဖိုက်တိုးးးးး 🥰
DeleteTill the end
ReplyDeleteFighting together 💪
🤍
ReplyDeleteDone ✅
ReplyDelete🌻
ReplyDeleteAPPRECIATE.
ReplyDelete💝
ReplyDelete🖤
ReplyDelete🌻
ReplyDeleteAPPRECIATE.
ReplyDeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
ကဗျာက ငတ်နေတဲ့သူပါးစပ်ထဲလည်း အစာမဖြစ်
ReplyDeleteအေးနေတဲ့သူကိုလည်း စောင်မခြုံပေး
နေမကောင်းနေတဲ့သူအတွက်လည်း ဆေးမဖြစ်
ဘာလုပ်ဖို့ အဲ့ဒါဆို ငါက ရေးနေရတာလဲ
စံချိန်ပေတံက နိမ့်ကျသထက် ကျသွားတာပေါ့လေ။#Tommy
😢
💛🌻
ReplyDeleteတနေ့နေ့မှာတော့
ReplyDeleteသေချာပေါက် အဆင်ပြေသွားမှာပါ
မျှော်လင့်ရတာပဲ 😔
DeleteMay be one day🤱
Deleteရောက်ဖို့တော်တော်ကြာတဲ့ တစ်နေ့ 🤧
Deleteရောက်ခါနီးပါပြီ
Deleteဖိုက်တိုး💪
🤜🤛
Delete💪🤜🤛
Deleteအဲလိုပဲဖြေသိမ့်ရတာပဲ🤭
Delete😆🤝
Delete😅
Delete🤭✌️
DeleteOkayyyyyyyy 🤭
DeleteWheel............dope.🏹🏹🏹
ReplyDelete🐒
Delete🍌
Deleteငါ လိပ်ပြာမလုံပါဘူး
ReplyDeleteကလစ်တာလောက်နဲ့
လိပ်ပြာမလုံပါဘူးကွယ်။
ထမင်းစားရတာ
အားနာနေတယ်
ရေသာက်ရတာ
ရင်နာနေတယ်
ရှင်သန်နေရတာ
အသက်ရှူမဝပါဘူးကွယ်။
❤️💜
ReplyDeleteDone ✅
ReplyDeleteအဆင်ပြေနေရဲ့လားကွယ်
ReplyDeleteမပြေနိုင်ဘူးဆိုတာသိနေပေမယ့်
အဆင်ပြေတဲ့နေ့တွေအမြန်ဆုံးရောက်ပါစေလို့ 🙏💙
ဖိုက်တင်း
ReplyDeleteငါရယ် မင်းရယ် တိုင်းပြည်ရယ် ။
#အောင်ခိုင်မြတ်
Wheel............dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
Delete😇😇😇😇😇😇😇
ReplyDeleteDone💔💔💔
ReplyDeleteမင်းကိုချစ်စိတ်နဲ့ အားတင်းရင်ဆိုင်ရင်း
ReplyDelete🍀
ReplyDelete💙
ReplyDelete