နံလာတဲ့ကမ္ဘာ
- - - - - - - - - - -

ဒီမယ်
-ကျုပ်ကလူတိုင်းကိုအရှူံးပေးပြီးသား
-နှလုံးအေးလွန်းလို့တော့မဟုတ်ဘူး
ပြိုင်လို့မပြီးဆုံးသေးတဲ့ ပြိုင်စော်နံတွေကို
စိတ်ကကုန်ကုန်လာလို့
-ချစ်လို့ခင်လို့တော်လို့သိလို့ဘာခေါင်းစဉ်နဲ့လာလာ
-မျက်နှာသာပေးခံရတောင်
-ကျုပ်ကထွက်ပြေးတတ်တဲ့ကောင်။

-အတ္တလည်းပြိုင် ပရလည်းပြိုင်နဲ့
-ဘယ်သူမှမနိုင်နိုင်တဲ့ပွဲကြီးမှာ 
-အနိုင်ဆုတွေအတွက် 
-ကိုယ့်သိက္ခာ ကိုယ်ချနင်းနေတဲ့လူတွေကိုကြည့်ပြီး
-သံဝေဂလို့တော့မပြောချင်ဘူးဗျာ
-ကျုပ်လည်းလူပါပဲ
-ဣသာနဲ့မစ္ဆေရိယ ဘယ်ဟာကပိုအပြစ်ကြီးပါလိမ့်
-ခင်ဗျားသိလား
-ကမ္ဘာဖျက်လက်နက်တွေက ပြိုင်ရာကစတယ်ဆိုတာ။

-ကျုပ်အတွက်တော့လား..
-လွယ်အိတ်တလုံးကိုချလို့
-စားပွဲသေးသေးနဲ့ စီးကရက်တစ်ဖွာရှိုက်
-စာတစ်အုပ်အုပ်ဖတ်နေရေးနေရရင်
-ပတ်ဝန်းကျင်ကိုမေ့လို့
-မစပ်စုအားဘူးဗျို့။

-ခင်ဗျားက ပရော်ဖက်ဆာလား 
-ဝန်ကြီး ကက်ဘိနက်လား 
-ဟာဂျီလား ဘုန်းကြီးလား ဖာသာလား 
-ချင်းလားကရင်လား
-တရုတ်လားဗမာလား 
-အရေးမကြီးပါဘူး
-လာအတူသွားကြမယ်
-လက်ရည်တပြင်တည်းစားကြမယ်
-ကျုပ်နဲ့ကတသားတည်းလို့ပြောရင်
-ခင်ဗျားကကြိုက်ချင်မှတော့ကြိုက်မယ်
-မျက်ခွက်ဖြတ်ရိုက်ခံရတောင်
-ကျုပ်ကသောက်ဂရုမစိုက်ဘူး။

-ဒီမယ် 
-အာဏာရှင်ဆန့်ကျင်ရေးဘာညာ 
-ဒီမိုကရေစီဘာညာအော်ပြီး
-ကျေးဇူးရှင်သမုတ်ခံချင်လို့ ကျေးဇူးပြုနေကြတဲ့
-အာဏာရှင်လက်သစ်ကြောင်ချီးတချို့ကိုကြည့်ပြီး 
-အော်ဂလီဆန်လာလို့
-ထပ်ပြောလိုက်မယ်
-ကျုပ်ကလူတိုင်းကိုအရှူံးပေးပြီးသား
-နှလုံးအေးလွန်းလို့လို့တော့မဟုတ်ဘူး
-ခင်ဗျားတို့အူအရိုင်းကြီးနဲ့စိတ်ငရဲမကျအောင်လို့။           ။

SAOIRSE

Comments

  1. သမိုင်းစာမျက်နှာတွေကို အမှောင်ချပစ်ချင်တာတစ်ခုတည်းအတွက်
    လူငယ်တွေကို ကမ္ဘာကြီးနဲ့ အဆက်အသွယ်မဖြတ်ချင်စမ်းပါနဲ့
    ငါတိုသွေးကြောတစ်မျှင်ချင်းစီကို ဝိုင်ယာကြိုးလို ချိတ်ဆက်
    အနာဂတ်ကို လင်းလက်စေချင်ရုံသက်သက်
    ငါတို လာခဲ့တယ်

    လူငယ်ဆိုတာ ဘယ်တော့မှ မပြီးဆုံးဘူး
    ခင်ဗျားတိုခေါင်းထဲ မချိမဆန့်ထိုးထည့်ထားတဲ့ မတရားမှုတွေကို ပစ်ချဖို
    ငါတို အတိအကျ လာခဲ့တယ်

    -ကိုသျှား

    ReplyDelete
  2. 🙂 စိတ် ...

    @ Postတစ်ခုတွေ့လို့ ...
    ၁၄/ဖြစ်လို့ရှက်စရာကောင်းလား ?တဲ့
    အမှန်ပြောရရင် ...
    ရုပ်ပိုင်းဆိုင်ရာနဲ့မဆိုင်သလို
    ကိုယ်ခံယူထားတဲ့ ...
    အတွင်းစိတ်နဲ့သာဆိုင်ပါကြောင်း
    ပြောပါရစေ
    ဘယ်သူဖြစ်ဖြစ် ...
    မတရားတာကိုသိပြီး
    ကိုယ်ရဲ့စိတ်ကတွန်းလှန်နေတဲ့စိတ်
    တာဝန်ယူလိုတဲ့စိတ်နဲ့အနိုင်ယူလိုတဲ့စိတ်
    ရှိနေရင်ရပါပြီ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  3. 👍👍👍👍👍

    ReplyDelete

  4. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  5. "မျက်နှာသာပေးခံရတောင်
    ကျုပ်ကထွက်ပြေးတတ်တဲ့ကောင်။" 🤍

    ReplyDelete
  6. ✔️✔️✔️✔️✔️✔️✔️

    ReplyDelete
  7. -ဒီမယ်
    -အာဏာရှင်ဆန့်ကျင်ရေးဘာညာ
    -ဒီမိုကရေစီဘာညာအော်ပြီး
    -ကျေးဇူးရှင်သမုတ်ခံချင်လို့ ကျေးဇူးပြုနေကြတဲ့
    -အာဏာရှင်လက်သစ်ကြောင်ချီးတချို့ကိုကြည့်ပြီး
    -အော်ဂလီဆန်လာလို့

    ReplyDelete
  8. ခင်ဗျားသိလား
    ကမ္ဘာဖျက်လက်နက်တွေက ပြိုင်ရာကစတယ်ဆိုတာ
    #crd SAOIRSE

    ReplyDelete
  9. စိတ်ငရဲကျတယ်တဲ့လား 😒

    ReplyDelete
  10. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  11. စာတစ်အုပ်အုပ်ဖတ်နေရေးနေရရင်
    ပတ်ဝန်းကျင်ကိုမေ့လို့ မစပ်စုအားဘူးဗျို့။

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete

  13. ဒီမယ်
    -ကျုပ်ကလူတိုင်းကိုအရှူံးပေးပြီးသား
    -နှလုံးအေးလွန်းလို့တော့မဟုတ်ဘူး
    ပြိုင်လို့မပြီးဆုံးသေးတဲ့ ပြိုင်စော်နံတွေကို
    စိတ်ကကုန်ကုန်လာလို့

    ReplyDelete
  14. Fighting
    Click,click,click.........

    ReplyDelete

Post a Comment

Popular posts from this blog