လာမယ့်ဆောင်းရာသီ

မလုံခြုံမှုမီးခိုးများဟာ အူနေတယ်

လေထု ပွန်းပဲ့
ရဟတ်များလည်ပတ်လျက်
ခြောက်ကပ်လယ်ယာမြေပေါ်
စိုစွတ်နေတဲ့သွေးစ
အသားစ
အရိုးစ

အပူချိန်ဟာ
အိမ်ခေါင်မိုးတွေဆီကနေ ဖြာကျ

တခါတခါ
ကလေးတယောက်ရဲ့ငိုသံ

တခါတခါ
အမယ်အိုတယောက်ရဲ့ညည်းသံ

“စစ်ဖြစ်နေမှတော့
အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ” 
လူငယ်တယောက်က အံကြိတ်ပြီးပြောတယ်

“ခွေးမသားတွေ
ခွေးကျွေးတောင်မစားဘူး” တဲ့
အဖိုးအိုတယောက်က
တောက်ခေါက်တယ်

ဆေးမရှိတဲ့ရောဂါနဲ့တူတဲ့
လမ်းကမှားနေတယ်

ဆောင်းဝင်တော့မယ်
အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ

နာကျင်မှုကိုသာ
လှုံကြ ။

ကြည်ဇော်အေး
2 October 22

Respect & Credit to Poet Kyi Zaw Aye

Comments

  1. ချစ်ခြင်းတရားများနဲ့ပြည့်စုံသောကမ္ဘာမြေသာဖြစ်ပါစေ

    ReplyDelete
  2. အေးချမ်း သာယာလှပတဲ့
    အနာဂတ်ကို မျှော်လင့်ရင်း
    ဆက်လက်ချီတက်

    ReplyDelete
  3. ဒုက္ခတွေကနေ ပြည်သူအားလုံးကို အမြန်ဆုံးအေးချမ်းစေချင်ပြီကွယ်🌼

    ReplyDelete
  4. နာကျင်မူဘဲ လှုံမယ်

    ReplyDelete
  5. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  6. ကိုယ့်မျက်စိရှေ့တွင် ရူးသွားတော့လည်း
    ကိုယ်လို အရှင်လတ်လတ်ပဲ

    နေက အပြင်းအထန် မောင်းနှင်လို
    ဒီနေ့တစ်နေကုန် ဖျားနာမဲ့အကြောင်း
    မပြောလိုက်ရတာလည်း
    မနက်ဖြန် သတင်းစာတွေ ရောင်းကောင်းတာပဲလား

    အမြှုပ်တစီစီနဲ့
    အထုပ်ဖြည်လို

    ခွေးထက်သာတာဆိုလို
    ခွေးထက်မိုက်တာပဲရှိတယ်

    အချစ်မှာ ကမ္ဘာကနေရာမရသော်ငြား
    ကမ္ဘာမှာအချစ်ကနေရာရလို

    မနက်ခင်းဟာ
    အသက်ထွက်လာပါပြီ။

    -ကြည်ဇော်အေး

    ReplyDelete
  7. လမ်းကမှားနေတော့နာကျင်မှုကိုသာလှုံရင်း

    ReplyDelete
  8. "ဆောင်းဝင်တော့မယ်
    အချစ်ထက်ပိုပြီး
    ဘယ်မီးဖိုက နွေးပါ့မလဲ

    နာကျင်မှုကိုသာ
    လှုံကြ ။"

    ခေတ်ဆိုးကြီးကို ကဗျာဖြင့်ပုံဖော်နိုင်သူ ကဗျာရေးသူ
    သူ့ကို ဆရာလို့ခေါ်တာမကြိုက်သူ
    ဆောင်းမရောက်ခင် ဒီကဗျာလေးနှင့်နှုတ်ဆက်
    ထွက်သွားခဲ့ပြီတဲ့လား......
    ငြိမ်းချမ်းပါစေ........

    ReplyDelete
  9. လာမယ့်ဆောင်းရာသီမှာ ခက်ခဲ့မယ့်သူတွေအတွက် ကိုယ်တွေ ပိုclickရမယ်။ 💪

    ReplyDelete
  10. ,နာကျင်မှုကိုလှုံကြရဦးမယ့်ဒီနှစ်ဆောင်းရာသီ 😔🌻

    ReplyDelete
  11. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  12. ရာသီဥတုလည်း မမှန်တော့ပါ ဦးကြည်ဇော်အေးရေ ဆောင်းရာသီ မိုးရွှာနေတယ် မချမ်းဘဲ

    ReplyDelete
  13. Wheel............dope.🏹🏹🏹

    ReplyDelete
  14. နာကျင်မှုလှုံရင်းကုန်ခဲ့ရတဲ့ဒီနှစ်ဆောင်း

    ReplyDelete
  15. စစ်ဖြစ်နေမှတော့
    အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ

    ReplyDelete
  16. Click,click,click...............

    ReplyDelete
  17. Fighting
    Click,click,click.........

    ReplyDelete

Post a Comment

Popular posts from this blog