ငါ့မှာ စောက်အသည်းက ကွဲရသေးတယ်

လူဟာ 
မီးကိုရှာတွေ့ရုံနဲ့ မလုံလောက်လို့ 
ဓာတ်ဆီကိုရှာကြ
လကမ္ဘာတွေ ဘာတွေခြေချ  

ဘယ်ဂြိုလ်တွေမှာ 
သက်ရှိတွေ ရှိသေးလည်း ရှာကြနဲ့
ကိုယ့်ဘေးခန်းမှာ 
ဘယ်သူတွေနေတာတောင် မသိကြတော့

ညထဲ ပျောက်သောသူရှာရင်း 
ကိုယ့်ကိုကိုယ် ပြန်မတွေ့ရတော့သလို 
တိုင်ပတ်ကြတဲ့အခါ
ငါ့မှာ စောက်အသည်းက ကွဲရသေးတယ်

ဘဝဆိုတာလည်း 
မိန်းမတစ်ယောက်ကိုချစ်ရသလိုပဲ
တိုင်တန်းနစ်ပေါ်မှာ 
ကိတ်ဝင်းဆလတ်ကြီးနဲ့ လိင်ဆက်ဆံရလို့ 
စောက်ရမ်းတွေ ဂျလန်းသလိုနဲ့
ခဏနေ သင်္ဘောမှောက်တော့တာပဲ

ကြိုးစားရင် ဘုရားဖြစ်တယ်ဆိုလည်း 
ဘုရားဖြစ်မယ့်သူကြိုးစားမှ ဘုရားဖြစ်တာပဲ
အကောင်းဆုံး ဂိုးတွေဆိုတာ 
ကြက်တွေပါပဲလို့ သိလိုက်ရသလို
ငါ့မှာ စောက်အသည်းက ကွဲရသေးတယ်

လွတ်လပ်မျှတပြီး 
လူလိုတန်ဖိုးထားတတ်တဲ့ 
တိုင်းပြည်မှာ သွားနေချင်တာမဟုတ်ဘူး
ကိုယ့်တိုင်းပြည်ကို အဲဒီလို ဖြစ်စေချင်တာ
လောလောဆယ်တော့ 
မီပွိုင့်မှာ ဘဝတွေပိတ်နေတယ်
ရန်ကုန်မြို့လည်ကောင်ကြီး 
သေနတ်သံတချက်မှ မကြားရပါပဲ
စစ်ဘေး ဒုက္ခသည်တစ်ယောက်လို
ငါ့မှာ စောက်အသည်းက ကွဲရသေးတယ်

''အချစ်က ရွှီရှောင်ခံစားချက်သက်သက်မဟုတ်ဘူး
စနစ်တကျ တည်ဆောက်ယူရတာ''
ဆရာမကြီး တော်ကီတွေပစ်ပစ်ပြီး
ပလိန်းကြီး ငါ့ကိုထားခဲ့လို့ 
လင်ယူသွားတဲ့ ဟာမကြောင့်
ငါ့မှာ စောက်အသည်းကကွဲရသေးတယ်

နင့်ကောင်က ရေလျှံတယ်လား
နင့်ကောင် အမြီးရှည်တယ်လား
တကယ်တော့ နင့်ကောင်စိတ်ဓာတ်က
နုံချာလို့ အမြီးမပါတဲ့ ကြောင်လို
ကြုံရာနို့စို့ပြီးကြီးလာတဲ့ကောင်ပဲမို့လား
ငါ့မှာ သွားမရှိလို့ 
မာန်ပဲဖီနေရတဲ့ခွေးတကောင်လို အရူးချီးပန်းနဲ့
ငါ့မှာစောက်အသည်းက ကွဲရသေးတယ်

ကြားဖူးတာက
အချစ်ဆိုတာ ဘဝရဲ့အလင်းရောင်ပဲတဲ့
အိမ်ထောင်ရေးကတော့ 
အဲဒီအလင်းရောင်အတွက် 
ဆောင်ရမယ့် မီတာခပဲတဲ့
မှောင်ကြီမဲမဲထဲ.....
ငါ့မှာ စောက်အသည်းက ကွဲရသေးတယ်

မိုးကြိုးပဲပစ်ပစ် 
မြွေပွေးပဲကိုက်ကိုက် 
ငါဂန့်တာ မလွမ်းလောက်ပေမယ့်
ကွင်းပိုင်ကြီးကို မပူဇော်လို့လို့ လူတွေပွားကြတဲ့အခါ
ငါ့မှာ စောက်အသည်းက ကွဲရသေးတယ်။              ။

ကြည်မျိုးအောင်

Respect & Credit to Poet Kyi Myo Aung

Comments

  1. ရူးစမ်း
    အာဏာသာ မရူးနဲ့
    တဏှာသာ မရူးနဲ့
    ရူးတာ ဘာမှ ရှက်စရာ မရှိဘူး

    ခက်သီ

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. လွတ်လပ်မျှတပြီး လူလိုတန်ဖိုးထားတတ်တဲ့ တိုင်းပြည်မှာ သွားနေချင်တာမဟုတ်ဘူး ကိုယ့်တိုင်းပြည်ကို အဲဒီလို ဖြစ်စေချင်တာ
    #Credit to Poet Kyi Myo Aung

    ReplyDelete
  4. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  5. "လွတ်လပ်မျှတပြီး
    လူလိုတန်ဖိုးထားတတ်တဲ့
    တိုင်းပြည်မှာ သွားနေချင်တာမဟုတ်ဘူး
    ကိုယ့်တိုင်းပြည်ကို အဲဒီလို ဖြစ်စေချင်တာ"

    ReplyDelete
  6. Replies
    1. အာ့ဘာနံပါတ်တွေလဲဟင် 😁

      Delete
    2. အဲ့နေ့က နည်းနည်း 🐱⛰️⛰️ ဖြစ်ပြီး ဘာနံပါတ်‌တွေရေတယ် မသိ 😅

      Delete
    3. အာ့ဘာ‌ေြပာတာလဲဟင်အစ်မ😬🤭

      Delete
    4. ‌cat mountain mountain lay 😅 ဘာသာပြန်ကြည့် 🥱😁

      Delete
    5. မွေးကဏန်းလား
      အိပ်မက်ကဏန်းလား
      ဒဲ့ပဲလား
      ဝမ်းချိန်းလား

      Delete
    6. အယ် မလုပ်ပါနဲ့
      ရှိသမျှ အကုန်ပြောင်နေပါ့မယ် 😅

      Delete
  7. မင်းတို့လည်း ​တွေးချင်တာ​တွေး
    ငါလည်း ​ရေးချင်တာ​ရေး
    မင်းတို့မှ ငါ့ မသိတာ​လေ။
    ​အေးတာပဲ။

    ReplyDelete
  8. Replies
    1. မင်းကိုချစ်တဲ့အချစ်က 😁March 13, 2023 at 7:09 AM

      လွမ်းသူရေ ကျနော် အသည်းမကွဲချင်ဘူးနော်😁

      Delete

  9. ဗုဒ္ဓတရား​တော်​တွေက ထွန်းကား
    စစ်ကား​တွေက ရန်ကုန်မှာလန်းသလား​လို့
    ​သေနတ်​တွေနဲ့ ရမ်းကား​နေလိုက်တာ
    ကဗျာ​တွေ တဖွားဖွားကျလာပါ​ရော
    မြန်မာပြည်ကြီးက သိပ် Ro တာပဲ။

    ReplyDelete
    Replies
    1. လမ်းသလား 😁

      Delete
    2. ပြင်မရ​တော့ပြီ 😁

      Delete
    3. အချစ်ဆိုတာလည်း အာ့လိုပဲ
      တစ်ခါဆို တစ်ခါ
      ချစ်မိပြီဆိုရင်ဖြင့် 😁

      Delete
    4. ​အချစ်ကြော်ငြာ
      ​offer ဝင်လာဖို့ ​ချောင်း​နေတာ ပါလား 😁

      Delete
    5. စမ်း​ရေက ​အေးတယ်
      ပန်း​တွေက ​မွှေးတယ်
      ဆဒ္ဒန်ဆင်မင်းက လအုကြီးတယ်
      ငါတို့အချစ်​တွေကလည်း
      အစွဲအလမ်းကြီးတယ်ကွာ။

      Delete
  10. တကယ့်တရားခံက​တော့ကိုယ်ကိုယ်တိုင်ပါဘဲ။

    ReplyDelete
  11. ငါတို့အလှည့်ကျန်​သေးတယ်

    ReplyDelete
  12. Wheel............dope.🏹🏹🏹

    ReplyDelete
  13. Fighting
    Click,click,click......

    ReplyDelete
  14. Fighting
    Click,click,click...........

    ReplyDelete

Post a Comment

Popular posts from this blog