တောင်းတမှု

ဆောင်းလေဝင်လာပြီ
ပွန်းပဲ့နေတဲ့ လေပြေလေး တိုက်ခတ်တော့ 
တောက်လောင်နေတဲ့အိမ်ရဲ့ မီးခိုးတွေက
တလွင့်လွင့် ရွက်ထူလို့

ယိုင်နဲ့နေတဲ့ တဲလေး 
ခိုနားရာတစ်ခုက
အဘွားအို တစ်ယောက်ရဲ့ ရင်ထဲက
မျက်ရည်ပေါက် ကျသံတစ်ခု...။

"အိို အဘယ်ပဲ့သို့ ဝမ်းနည်းဖွယ်ကောင်းတဲ့
မြင်ကွင်းမျိုးလဲ "တဲ့

ယိုင်နွဲ့နေပြီး တသဲ့သဲ့  ဝမ်းနည်းဖွယ်
ကောင်းတဲ့ စကားတစ်ခွန်း...။

တောက်လောင်ရာ 
လမ်းတစ်လျောက်
ပဲ့ထွက်နေသော အရိုးအစိုင်တွေ
လောင်ကျွမ်း ပြာကျနေသော
အရိုးမှုန် ဝိညာဥ်တွေရဲ့
ဝမ်းနည်းဖွယ်ကောင်းတဲ့ ငိုကြွေးသံတွေ...။

ဘေးနားက ကလေးလေး တစ်ယောက်က
ဦးဦးရေ...
"ဘယ်တော့မှ သမီးတို့ လွတ်လပ်စွာ 
စာသင် ပျော်ရွင် ကစားနိုင်မှာလဲ "တဲ့
ကျွန်တော့် မျက်ရည်တွေ ထိန်းမနိုင်
အလိုလို စီးကျလာမိ...။

"ဘယ်သို့သော အချိန်မှ ကလေးတွေ
ပျော်ရွှင်နိုင်မှာလဲ "
ကောင်းမွန်တဲ့ ပတ်ဝန်းကျင် 
လိုလားတောင်းတ မိရုံဖြင့်။          ။

Zeus

Comments

  1. အဆိုးဆုံးတွေကုန်ရင် အကောင်းဆုံးတွေလာမယ်လို သီအိုရီမရှိပါဘူး
    ထပ်ဆိုးတာတွေ ထပ်ပြီ လာချင်လာပါတယ်
    ရွှေဝါရောင် ၂၀၀၇ ပြီးတော့ ၂၀၀၈ဟာ
    နာဂစ်မုန်တိုင်း ဖွဲစည်းပုံအခြေခံဥပဒေ
    ထောင်ကျတန်းကျကြပေါ့ မိတ်ဆွေများ

    ထပ်ဆိုးတဲ့ တိုင်းပြည်မှာ
    ထပ်ဆိုးတာတွေ အထပ်ထပ်ပါပဲ။

    ကြည်ဇော်အေး

    ReplyDelete
  2. Fighting

    ReplyDelete
  3. ကောင်းကင်ပေါ်ကကြယ်တွေဆိုတာအလိုလိုနေရင်းဖြစ်လာတာမဟုဘူးကျနော်တို့လူတွေ သေရင်ကောင်းကင်မှာ ကြယ်တွေဖြစ်နိုင်တယ်ဒါပေမဲ့သေတဲ့လူတိုင်းတော့ကောင်းကင်မှာကြယ်တွေ မဖြစ်နိုင်ဘူး
    #k

    ReplyDelete
  4. ဉာဏ်ပညာနဲ့ ချစ်ခြင်းတရားမရှိတဲ့အရပ်မှာ ပန်းတွေမပွင့်ဘူး
    # crd

    ReplyDelete
  5. ဝမ်းနည်းဖွယ်ကောင်းတဲ့ငိုကြွေးသံ‌တွေ 😢

    ReplyDelete
  6. ကောင်းမွန်တဲ့ ပတ်ဝန်းကျင် ‌ဖန်တီးကြမယ်!!

    ReplyDelete
  7. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  8. တောင်းတခြင်း အမြန်ပြည့်ပါစေ

    ReplyDelete
  9. ဘယ်တော့မှ သမီးတို့ လွတ်လပ်စွာ
    စာသင် ပျော်ရွင် ကစားနိုင်မှာလဲ "တဲ့
    ကျွန်တော့် မျက်ရည်တွေ ထိန်းမနိုင်
    အလိုလို စီးကျလာမိ...။

    "ဘယ်သို့သော အချိန်မှ ကလေးတွေ
    ပျော်ရွှင်နိုင်မှာလဲ "
    ကောင်းမွန်တဲ့ ပတ်ဝန်းကျင်
    လိုလားတောင်းတ မိရုံဖြင့်။ ။

    Zeus

    ReplyDelete
  10. ကြောက်ရွံ့ထိတ်လန့်နေရတာမဟုတ်ပဲ ပျော်ပျော်ပါးပါးနဲ့ ကလေးဘဝအရသာကို ကလေးတွေကို ခံစားစေချင်သေးတယ်...

    ReplyDelete
  11. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  12. နုနယ်တဲ့ကလေးလေးတွေကို စိတ်ဒဏ်ရာတွေနဲ့မကြီးပြင်းစေချင်ဘူး

    ReplyDelete
  13. Wheel............dope.🏹🏹🏹

    ReplyDelete
  14. မင်းကိုချစ်တယ်ကြောင်း ပြောအုံးမယ်

    ReplyDelete
  15. တရားမျှတခြင်း၊
    လွတ်လပ်ခြင်း၊
    ငြိမ်းချမ်းခြင်းတွေနဲ့
    ပြည့်စုံတဲ့နေ့။

    ReplyDelete
  16. Fighting
    Click, click,click.........

    ReplyDelete

Post a Comment

Popular posts from this blog