ပေးတဲ့ဆုနဲ့ပြည့်ပါစေ

'မျက်နှာတောင် မကြည့်ချင်ဘူး'တဲ့     
သြော် မျက်နှာမြင်ချစ်ခင်မိမှာ စိုးလို့လား

'အသံတောင် မကြားချင်ဘူး'တဲ့
သြော် အသံကြားသနားမိမှာ စိုးလို့လား

'ဘာမှ လာမပြောနဲ့' တဲ့
သြော် မေးပါများ စကားရမှာ စိုးလို့လား

'ညည အဆောင်ရှေ့မှာ သီချင်းလာမဆိုပါနဲ့'တဲ့
သြော် မအိပ်မနေ အသက်ရှည်မှာ စိုးလို့လား

'အခန်းကို နှင်းဆီပန်းတွေ လာမပို့ပါနဲ့'တဲ့
သြော် ရေလိုအေးလို့ ပန်းလိုလန်းမှာ စိုးလို့လား

'ဘာမှ ပြောစရာမရှိဘူး'တဲ့
သြော် စကားထဲက ဇာတိပြမှာ စိုးလို့လား

'-------------'
သြော် ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။         ။

မင်းလူ

Respect & Credit to Poet Min Luu 

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. သည်းသည်းလှုပ်ပြနေတယ်ဆိုရင်
    အဲ့ဒါ
    တဲတဲလေးပဲ ကျန်တော့လို......

    မောင်လှမျိုး( ချင်းချောင်းခြံ)

    ReplyDelete
  3. မီးပျက်နေလဲကလစ်ဆဲ

    ReplyDelete
  4. ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ 💝

    ReplyDelete
  5. 🏇 ဝဋ် ...

    @ အရင်တုံးက ...
    လေလှိုင်းအစိုးရလို့
    ကဲ့ရဲ့ခဲ့သူက !
    အခုကျတော့ ...
    နိုင်ငံအတွင်းလှည့်တော့လည်းလေပေါ်က!
    စစ်တိုက်ပြန်တော့လည်းလေပေါ်က!
    ကဲ ... ဘယ့်နှယ့်ရှိစ။

    🥷 စစ်မင်းထက်သာ

    ReplyDelete
  6. This comment has been removed by the author.

    ReplyDelete
  7. အသည်းနှလုံးဟာ
    တဲတစ်လုံးလို ပြိုကျ
    ညိုမြ​ရေ..
    ဂြိုလ်ကြွ​နေတဲ့ မအလ ကို
    ငါတို့ အ​သေချကြစို့။

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။ ။

    ReplyDelete
  10. မင်းကြိုက်တဲ့ကဗျာလေးလေ🤗March 13, 2023 at 7:02 AM

    မင်းနဲ့အမြန်ပြန်ဆုံချင်တာ ကျနော်ရဲ့ တောင်းဆုပါလွမ်းသူရေ🐥🍓

    ReplyDelete
  11. ကိုယ့်အရည်အချင်း​တွေကိုသိ​နေ​တော့လဲ

    ReplyDelete
  12. ၆၂ကစပြီးစာရင်းဖြတ်ဖို့ငါတို့အလှည့်ကျန်​သေးတယ်

    ReplyDelete
  13. ပေတဲ့ဆုနဲပြည့်ရပါစေ

    ReplyDelete
  14. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  15. တောင်းတဲ့ဆုတွေလည်း
    ပြည့်စေချင်ပါ၏။

    ReplyDelete
  16. Fighting
    Click,click,click.......

    ReplyDelete

Post a Comment

Popular posts from this blog