စက်နဲ့လူ

ဂြိုလ်တု
၁၇မိနစ်မှတစ်ခါ
ကမ္ဘာကိုတစ်ပတ် ပတ်သတဲ့
မိန်းကလေးရေ...
နိုင်လွန်ကြိုးတစ်ချောင်းလို 
တိုတောင်းသွားတဲ့ကမ္ဘာကြီးမှာ
ငါတို့အူသံတွေ မိုင်ပေါင်းများစွာ။

လန်ဒန်မြို့ကြီးက
နှစ်ပေါင်း၅၀မှာ တစ်ညပဲမီးပျက်ဖူးသတဲ့
မိန်းကလေးရေ
နေမင်းကို တူနဲ့ထု
အလင်းရောင်တွေ ငါတို့စုကြပါစို့။

နေရောင်ခြည်စွမ်းအင်နဲ့ 
မော်တော်ကားမောင်းနှင်သတဲ့
မိန်းကလေးရေ
နှလုံးသားထဲဓာတ်ဆီထည့်
ငါတို့အချစ်တွေမီးရှို့ပစ်ရုံပေါ့။ 

မိုဃ်းဇော်

Respect & Credit to Poet Moe Zaw

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. 🥷 ညီညွတ်မှ ...

    @ နိုင်ဘို့ဆိုရင် ...
    အစိုးရရယ်,ပြည်သူရယ်
    လက်နက်ကိုင်အဖွဲ့ရယ် ဟန်ချက်ညီညီ
    ညီညီညွတ်ညွတ်လုပ်ဆောင်မှ
    မလွဲမသွေရပါလိမ့်မယ်။

    🏇 စစ်မင်းထက်သာ

    ReplyDelete
  3. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  4. Wheel............dope.🏹🏹🏹

    ReplyDelete
  5. 🥷 အမေရိကန်ရဲ့NDAA ...

    @ အတိုချုပ်နဲ့ရှင်းရှင်းပြောရရင် ...
    KNUလို ကျန်တဲ့ညီအကိုတိုင်းရင်းသား
    အထူးသဖြင့် လက်နက်ကိုင်တွေ ...
    ဆုံးဖြတ်ချက်ပြတ်ပြတ်သားသားနဲ့
    ဝိုင်းဆော်ခဲ့ရင်၊ အခုချိန်လောက်မှာ
    ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ကြီး
    ဆောက်တည်ပြီးပြီ၊
    တစ်ကယ်တော့ ...
    နိုင်ငံပျောက်နေတာ ဗမာ
    စစ်တပ်မရှိသေးတာ ဗမာ
    ခင်ဗျားတို့ စဉ်းစားကြည့်ပါ
    ခင်ဗျားတို့ ကူမှရမှာဗျ။

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  6. ကလစ်ပီးရင်းClick

    ReplyDelete
  7. ❣️❣️❣️

    ReplyDelete
  8. မိန်းကလေးရေ။

    ReplyDelete
  9. Fighting
    Click,click,click......

    ReplyDelete

Post a Comment

Popular posts from this blog