ကျည်စဝင် ခေါင်းတစ်လုံး၏ မေးခွန်းများ

အမေ…
သမီးက ဒီနိုင်ငံကမွေးတဲ့ 
ကလေးတစ်ယောက်မဟုတ်ဘူးလားဟင်
ဘာလို့ သမီးကို 
ဒီနိုင်ငံကလူတွေကပဲ ဒုက္ခပေးနေတာလဲဟင်
စစ်သားဆိုတာ 
တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်တယ်လို့ 
ဖတ်စာအုပ်ထဲပါတယ်လေ
ဘာလို့ သမီးကို မကာကွယ်တာလဲဟင်

အမေ…
လေယာဉ်ပျံတွေက ဘယ်လိုပျံလဲဟင်
ငှက်တွေက အတောင်ခတ်ပျံကြတာ
သူက အတောင်လည်းမခတ်ဘူး
ပြီးတော့…
ဘာလို့ လေယာဉ်တွေက 
သမီးတို့ကို ဒုက္ခပေးနေတာလဲဟင်

အမေ…
အဖေက လူသတ်ဖူးလားဟင်
ပစ္စည်းခိုးဖူးလားဟင်
လိမ်ပြောဖူးလားဟင်
ဒါဆို အမေ…
ဘာလို့ အဖေက ထောင်ထဲရောက်နေတာလဲဟင်

အမေ…
ဘုရားသခင်ရဲ့ ကလေးတွေဖြစ်တဲ့ သမီးတို့က
ဘာလို့ ကောင်းချီးမင်္ဂလာရမယ့်အစား
ခေါင်းထဲက ကျည်စပဲရရတာလဲဟင်

အမေ…
ဘာလို့ငိုတာလဲ အမေ…
ဖြေပါအမေ…
သမီးလိမ္မာပါ့မယ်အမေ…

အမေ…အမေ…

Tommy
(ကြေကွဲခြင်းဖြင့်)

Comments

  1. ဆို့နင့်ကြေကွဲ

    ReplyDelete

  2. အမေ…
    ဘာလို့ငိုတာလဲ အမေ…
    ဖြေပါအမေ…
    သမီးလိမ္မာပါ့မယ်အမေ…🥺💔

    ReplyDelete
    Replies
    1. ဟုလို့လား🙄

      Delete
    2. လိမ်မာရတာပင်ပန်းတယ်😁

      Delete
    3. ကလေးကိုသင်ပေးနေတာကလဲ။😜

      Delete
    4. မမတေစကားနားထောင်မယ်🌝February 22, 2023 at 6:43 PM

      တတ်မြောက်လွယ်တယ်နော်🌝

      Delete
    5. context ကိုလိုက်ပြီး name တွေပြောင်းပြောင်းနေတဲ့ blog ပိုင်ရှင်လေးကို သတိတွေ ထားမိနေပါပြီ 😍

      Delete
    6. ဟုတ်တယ် အဲ့နာမည်ပိုင်ရှင်လေး သိချင်မိ

      Delete
    7. ဘာလို့သိချင်နေလဲFebruary 22, 2023 at 11:27 PM

      😛

      Delete
    8. အဲ့ဒါအပေါ်က မီးပါ😁

      Delete
    9. မီးပေါက်စ တော်တော်တတ် 😚

      Delete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. ၂၁-၂၂ရာစုနှစ်အတွင်း
    လူတော်လူကောင်း အတော်များများ ထောင်ထဲရောက်နေပြီး
    လူပေါ်လူဇော်မသူတော်အပေါင်းက လောကဝယ် ပျော်ပျော်ကြီးနေတတ်ကြတယ် ။

    ရှေ့နေကောင်းအတော်များများ
    မတရားမှုအပေါ် ဆန့်ကျင်သော်လဲ
    မတရားသူကြီးများက မိမိကိုယ်ကျိုးအတွက် သားကောင်ကျနင်းသလို မိမိတပည့်သားမြေး(ရှေ့နေ)များပေါ်
    မတရားဥပဒေတွေတပ် နှစ်ရှည်ထောင်သက် ချကြရက်တယ် ။

    ဆရာကောင်းတွေက တပည့်ပညာရေး
    မလစ်ဟင်းစေရန် မိမိအသက်ကို ပဓာနမထားပဲ onlineကနေ ပညာ တတ်အောင် တပည့်တွေကို သင်ပေး
    ကြသော်ငြား
    စာသင်ခန်းထဲ ဆရာမမြည်တဲ့သူတွေက တပည့်ကို တတ်အောင်မသင်နိုင်ပဲ တခန်းလုံးစာမေးပွဲကျမှ တပည့်တွေပေါ် ဖိနှိပ်ဆူတတ်တာပဲ သိကြတယ် ။

    သမားတော်ဆရာဝန်တွေက လူနာတွေပေါ် onlineနည်းပညာ သုံးပီး ရောဂါပျောက်အောင် ကုတတ်ကြသလောက်
    အသပြာဆရာဝန်နဲ့ မတောက်တခေါက် ဆရာဝန်မမြည်တဲ့သူတွေက သေခါနီးလူနာကိုတောင် ဘာမီတွန် နဲ့ စီဗစ်ဆေးဝါးကလွဲ ဘာကုသမှုမှ မလုပ်တတ်ကြ ။

    ပြည်သူ့ရဲ နဲ့ ပြည့်စစ်သားဆိုတာ
    ပြည်သူ့အိုးအိမ်စည်းစိမ်ကို ကာကွယ်မဲ့သူတဲ့
    ခောတ်လဲပျက်ရော သူတို့ကအစ
    ပြည်သူအသက်အိုးအိမ်စည်းစိမ် မှန်သမျှ ခိုးဆိုးလူယှက် သတ်ဖြတ်ရှာဖွေ စားသောက်ကြတယ် ။

    ခောတ်ဆိုး စနစ်ဆိုး မပြတ်သုန်းသ၍ ဒီလိုအဖြစ်ဆိုး မြန်မာတည်သ၍ ရှိနေအုန်းမည် ။
    ဒီလိုစနစ်ဆိုးကို ကမ္ဘာတည်သ၍ ပျက်စီးစေဖို့
    အမြစ်ကစ တွန်းလှန်ကြပါစို့ ။

    ReplyDelete
    Replies
    1. အမှန်တရား​တွေကိုလူနားလည်ပြီးမအလ​တွေက​တော့​ကြောင်​တောင်​တောင်လုပ်​နေကြအုံးမှာပါ

      Delete
  5. တကယ်ကြေကွဲရတယ်...
    ကြေကွဲရင် မှန်မှန်click။
    တတ်နိုင်တဲ့သလောက် ထောက်ပံ့။

    ReplyDelete
  6. လူငယ်‌လေးတစ်စု

    ခေတ်တိုင်းမှာသူတိုရှိတယ်

    ဆေးလိပ်ကြိုက်တယ်
    ကဗျာကြိုက်တယ်
    လက်ဖက်ရည်ကြိုက်တယ်
    စာအုပ်ကြိုက်တယ်
    ဂန္တဝင်ဂီတကြိုက်တယ်
    နောက်ပြီး
    ‌နိုင်ငံရေးကြိုက်တယ်

    လူတွေက သူတိုကို အရူးလိုထင်ကြတယ်
    ကျောက်တောင်ကို ကြက်ဥ နဲ့ပေါက်တဲ့အကောင်‌တွေတဲ့
    တချိုကလည်း သူပုန်လောင်းလေးတွေတဲ့
    ဟိုလူကြီးကတော့ ‌ဆူပူသူကျောင်းသားဆိုးတွေတဲ့

    ရွယ်တူတွေက အပေါင်းအသင်းမလုပ်ချင်ကြဘူး
    လူကြောင်တွေတဲ့
    ဝေးဝေးကရှောင် အမှုပတ်မယ်တဲ့

    မာက့်စ်ဝါဒကို သည်းခြေကြိုက်တယ်
    ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်
    မူးလာရင် အင်တာနေရှယ်နယ် ဆိုတယ်
    အချစ်ရေးတော့ကံခေကြတယ်ဗျ

    အချိန်တန်တော့သူတိုတွေဟာ
    သံတိုင်တွေ နောက်မှာ
    တောတောင်လျှိမြောင်တွေကြားမှာ
    ဘာဆုလာဒ်မှမရဘဲ
    ပျောက်ဆုံးကုန်ကြတယ်

    လူမသိသူမသိ‌ ပျောက်ကွယ်သွားတဲ့
    လူငယ်လေးတစ်စု
    ခေတ်တိုင်းမှာရှိတယ်။

    :မောင်ငြိမ်းချမ်း

    ReplyDelete
  7. 🙂 ငြိမ်းချမ်းရေး ...

    @ လူသားအားလုံးကို ...
    ဘယ်အရာ"အလိုချင်ဆုံး"လဲလို့
    မေးကြည့်မယ်ဆိုရင် !!!
    လူသားအားလုံးက ...
    အလုံးစုံ"ငြိမ်းချမ်းရေး"လို့
    ‌ ဖြေကြပါလိမ့်မယ်
    ဒါပေမယ့် ...
    လူအများစုက
    ထိုင်မျှော်နေကြပြီး
    လူသားဆန်သူတွေကသာ ...
    အသက်စွန့်အလုပ်လုပ်ကြပါလိမ့်မယ်။

    🏇 စစ်မင်း ထက်သာ သီအိုရီ

    ReplyDelete
  8. 🙂 ၇၅ကြိမ်မြောက်
    မြန်မာ့လွပ်လပ်ရေးနေ့ ...

    @ ၇၅ကြိမ်မြောက် ...
    မြန်မာ့လွပ်လပ်ရေးနေ့မိန့်ခွန်း။
    ၁.အမှားလုပ်ထားတဲ့သူများမှဝန်ချတောင်း
    ပန်၍ပြည်သူ့အာဏာအား"ပြည်သူ့"ထံသို့
    ပြန်လည်အပ်နှင်းရန်၊
    ၂.ပြည်သူပြည်သားများ၊အာဏာရှင်စံနစ်
    မကျဆုံးသေးသ၍တတ်နိုင်သည့်ဘက်မှ
    ပါဝင်ကူညီတိုက်ထုတ်ရန်၊
    ၃.နွေဦးတော်လှန်ရေးတွင်ပါဝင်ကူညီဆောင်
    ရွက်နေသူအားလုံး၊မည်သည့်အကြောင်း
    အရာနှင့်မျှသွေးမကွဲရန်၊
    ၄."တော်လှန်ရေးကာလ"ဖြစ်သည့်အတွက်
    ဦးဆောင်နေရသူအားလုံး၊ပါဝါအာဏာ
    စွန့်လွှတ်ပြီး၊တော်လှန်ရေးကိုသာဦးစား
    ပေး၊ဦးတည်ဆောင်ရွက်ရန်၊
    ၅.မည်သည့်လုပ်ငန်းမဆို"မှန်မှန်ကန်ကန်နှင့်
    မြန်မြန်ဆန်ဆန်"ဆောင်ရွက်ရန်၊

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
  10. ဘုရားသခင်ရဲ့ ကလေးတွေဖြစ်တဲ့ သမီးတို့က
    ဘာလို့ ကောင်းချီးမင်္ဂလာရမယ့်အစား
    ခေါင်းထဲက ကျည်စပဲရရတာလဲဟင်
    #Tommy

    ReplyDelete
  11. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  12. သတိရတယ် အမေ။

    ReplyDelete

Post a Comment

Popular posts from this blog