ငါ ဘယ်သူလဲ 

ငါဘယ်သူလဲ ဆိုတာ
သိရဖို့ သေချာတဲ့
အကြောင်းအရာတစ်ခု 
ရှိဖို့ လိုအပ်တယ်...။

ငါ ဘယ်သူလဲ
အမိဝမ်းထဲက ထွက်လာကတည်းက
လောကကြီးကို
ငိုသံတစ်ခုနဲ့ မိတ်ဆက်ပေးခဲ့တယ်...။

မျက်လုံးကလေး တစ်စုံကို
သတ္တိတွေမွေးလို့ ဖွင့်ပြီးချိန်
ငါလိုအပ်နေတာ အာဟာရဓာတ်တစ်ခု
အမေက နို့ချိုတိုက်လို့ 
ငါ့မှာ 
စစ်ပွဲတစ်ပွဲ အနိုင်ရဘိကဲ့သို့
ပီတိဖြစ်ကာ နို့စို့နေခဲ့...။

ငါ ဘယ်သူလဲ
အရွယ်ရောက်လာပြီ
လူ့လောက ကျင့်ဝတ်တွေ
သင်ယူလေ့လာပြီး 
တလွဲပညာရေးကို သင်ယူခဲ့...။

အဲ့အချိန်ဝယ် အာဏာရူးက
တိုင်းပြည်ကို
ခွေးကျင့်ခွေးကြံ သိမ်းခဲ့
ငါ့မှာ 
အိမ်အလှချိတ်ဖို့ 
ဘွဲ့ဓာတ်ပုံတစ်ခုထက်
တိုင်းပြည်ပြန်အေးချမ်းဖို့
စိတ်တွေရောက်နေခဲ့...။

ငါ ဘယ်သူလဲ
ငါ တောထွက်ခဲ့တယ်
အမေ့ကိုလည်း နှုတ်ဆက်ခဲ့တယ်
နှောင်ကြိုးတွေကိုလည်း တောင်းပန်ခဲ့တယ်
ချစ်ရတဲ့သူကိုလည်း စွန့်လွှတ်ခဲ့တယ်
အခုချိန် ငါ သေနတ်တစ်လက်နဲ့
ကျောပိုးအိတ်ထဲ အလွမ်းတွေသယ်ပြီး
တိုက်ပွဲတွေ ဆက်ခဲ့တယ်...။

ငါဘယ်သူလဲဆိုတာ
အခုထိ ဝေဝါး တွေဝေနေတုန်း
အချိန်တွေဟာ ငါ့ကိုဖြတ်သန်းသွား
ဆောင်းဝင်လာလေပြီ
အလွမ်းတွေ ပိုလာသည်
အိမ်ကို တမ်းတလာပြီ
အိပ်မက်ထဲလည်း 
အမေ့ကို လွမ်းဆွေးရ 
ညနေတိုင်းလည်း
သီချင်းဆိုညည်း...။

ငါ ဘယ်သူလဲ
ငါ သေချာသိပြီ
ငါ ဘယ်သူလဲဆိုတာ သိရဖို့
ဘယ်လို သေမလဲဆိုတာ 
အရေးကြီးသည်
လူအများကို ကောင်းကျိုးတွေ
ဆောင်ကျဥ်းပေးပြီး 
လောကကြီးထဲကနေ
ထွက်ခွာသွားမလား
(ဒါမှမဟုတ်)
လူလောကကို ဆိုးကျိုးတွေ
ဖြစ်ပွားစေခဲ့ပြီး 
ထွက်ခွာသွားမလား...။           ။

Zeus

Comments

  1. Replies
    1. ငါဘယ်သူလဲ မသိဘူး🙄

      Delete
    2. ယူးအာ‌မီးပေါက်😄

      Delete
    3. မေ့နေတာ မမ🤣

      Delete
  2. This comment has been removed by the author.

    ReplyDelete
    Replies
    1. ငါ ဘယ်သူလဲ
      အရွယ်ရောက်လာပြီ
      လူ့လောက ကျင့်ဝတ်တွေ
      သင်ယူလေ့လာပြီး
      တလွဲပညာရေးကို သင်ယူခဲ့...။


      Zeus

      Delete
  3. ငါဘယ်သူလဲ
    သေချာမသိသေး

    ReplyDelete
  4. ဖုန်းဆိုးမြေ
    -----------------

    ဒီနိုင်ငံက
    ပန်းတွေမပွင့်တဲ့ အရပ်ပါအချစ်ရယ်

    စစ်ကြီးက ကြာဦးမှာမို
    အချစ်ကို ချစ်တယ်လို ပြောခဲ့မယ်

    ကိုယ်ချင်းစာတရား မြုံသွားတဲ့ ဖုန်းဆိုးမြေမှာ
    သွေးညှီနံ့ကလွဲ
    ဘယ်ရနံ့များ မွှေးကြူပါ့မလဲ

    ဟိုမှာ
    ဇမ္ဗုသပြေသီးကို ငါးကြီးအာနန္ဒာ ဟပ်တော့မယ်
    အချစ်ရယ် ...နှစ်ပါးသွားလေး ကသွားချင်တယ်။


    ဆန်းကျော်စွာဝင်း

    ReplyDelete
  5. Replies
    1. လင်းဆက်November 24, 2022 at 10:57 PM

      🤣🤣

      Delete
    2. အဲ့ဒါကြောင့်ကလစ်ကာတွေနုပျိုနေတာ။😎😂

      Delete
    3. Phoe sayဘားဆိုင်ဘူးလာသလို့😅🤭

      Delete
    4. ဆိုင်တာပေါ့၊မန့်တွေဖတ်ပြီးမရယ်နေရင်တောင်ပြုံးနေဆယ်မလား😂

      Delete
  6. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  7. I am the result of what I have done in the past. I am responsible for every action I do.

    ReplyDelete
  8. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete

Post a Comment

Popular posts from this blog