အိပ်မက်လွယ်၍ အိမ်မှပြေးခဲ့သည်

ကင်းချိန်တွေ 
ရန်သူစခန်းဘက် ခေါင်းပေးအိပ်တဲ့အခါ
စေတီရှိရာ ခြေထောက်ပေးမိ၍
ငရဲကြီးမကြီး မသိချင်တော့။

အမှောင်ဟာ ကျွန်တော့်အတွက်ဘုရားသခင်
အိပ်မောကျချိန် တိုးဝင်လာတဲ့အလင်းစနဲ့
ခရာတွတ်သံတွေကိုတော့ စိတ်ကုန်တာကြာပြီ။ 

ချစ်ခြင်းမေတ္တာလက်ကိုင်ထား
နေထွက်ရာကို ကျောပေးရင်း
ငြိမ်းချမ်းရေးရှိရာ မျက်နှာမူတဲ့အခါ
ကျော အထက်က 
ငါးတောင့်ထိုး လက်လုပ်တူးမီးသေနတ်ကို
မမြင်အောင် ဖွက်ထားရတယ်။ 

ငါ့ဘေးနားက ရဲဘော်က
ဂစ်တာအိုလေး ခေါက်ရင်း 
အိမ်ပြေးသီချင်းတွေ ထထညည်းတယ်။ 

အမြင်မကြည်တဲ့ မိုးဝဿာန်က
လက်နက်ကြီးပေါက်ကွဲသံနဲ့ 
အန်တုပြီး သံယောင်လိုက်တဲ့အခါ 
တောင်တွေဟာ
မိတကွဲဖတကွဲ ကလေးငယ်ပမာ လဲပြိုကျ။ 

မှောက်တတ်
ခြောက်တတ်
ပျောက်တတ် တဲ့ 
တောတွေက သားကို  ခင်တွယ်လာတဲ့အခါ
လီဗာ တဗြင်းဗြင်းပုတ်ပြီး
သဝေထိုးခဲ့တဲ့ ရပ်ကွက်လမ်းတွေက
သား ပြန်အလာကို မေ့သွားပြီ မေမေ...။ 

တစ်ခါတစ်ခါ
ကျည်ဆန်မိုးတွေ သည်းလာပြီဆို
ကချင်ပုဆိုးနဲ့ လှမ်းအုပ်လည်းမလုံခြုံတော့
သူတို့တော်လှန်ရေးက
ဂျမ်း ခဏခဏဖြစ်တဲ့ ငါ့သေနတ်လို
ဖွတ်ခနဲ အသံထွက် 
အငွေ့ပျံပြီး ပျောက်ပျောက်သွားတတ်တယ်။ 

ဒါပေမယ့် 
အခုထိ ဆက်ပြေးနေတုန်း 
မက်ခွင့်တောင်မရှိတဲ့ အိပ်မက်တွေကို
ကျောပိုးအိတ်အပြည့် လွယ်ရင်း
ဝက်သား နဲ့ မျှစ်ချဥ် ထမင်းဝိုင်းလေးက 
ယတိပြတ်အတွေးတွေနဲ့ ထထပြေးနေတုန်း။ 

ပြေးတဲ့လမ်းမှာ
သမိုင်းခွေးကြီးနဲ့ ဆုံတယ်
သွားရည် တရွှဲရွှဲ 
အပုပ်နံ့တထောင်းထောင်း ခံတွင်းက
တဟားဟား ရယ်သံလည်း ကြားနာခဲ့ရတယ်။

ခွေးသတ်သမား ယောင်ဆောင်
ဝတ်ကောင်းစားလှ နဲ့ လူတွေကိုလည်းတွေ့တယ်
သူတို့မျက်လုံးက
ခေတ်မကောင်းရင် ကျွန်ပါးဝချင်တဲ့
အရိပ်အယောင်တွေပြည့်လို့။ 

သားရော ဘယ်ဆီပြေးနေပါသလဲ မေမေ
သမိုင်းခွေးကြီးဆီလား 
မောင်းပြန်ရိုင်ဖယ် ကောင်းကောင်းရမယ့် 
မိုးမှောင်ဒေသတွေဆီလား
သားကိုယ်တိုင်တောင် 
မသိတော့ပါဘူး အမေရယ်...။

အမေ့သားက
ခေတ် ကြောင့်ပြေးတဲ့ အိမ်ပြေးလေးပေါ့။

ကျောင်းနံရံမှာ 
ဒေါင်းအလံပြန်စိုက်မယ့် 
နှစ်ကာလတွေ ရှိနေဦးမယ်ဆို 
အမေမွတ်သိပ်လှတဲ့ 
သားနှုတ်က ဂီတသံစဥ်
ဝေလီဝေလင်း 
စာထအံချင်ပါသေးတယ် မေမေရယ်။        ။ 

ခွဲထွက်

Comments

  1. သူရဲကောင်း အိမ်ပြေးလေးတွေ❤️

    ReplyDelete
  2. အိမ်ပြေးလေးတွေ လုံခြုံဘေးကင်းပါစေကွဲ့ 🌻

    ReplyDelete
    Replies
    1. အိမ်ပြန်လမ်း ဖွင့်လာပါစေ

      Delete
  3. Replies
    1. သူရဲကောင်း အိမ်ပြေးလေးတွေ ဘေးကင်းလုံခြုံပါစေ အမြဲဆုတောင်းရင်းသာ🥺

      Delete
    2. ကိုယ်တိုင်လည်းအိမ်ပြန်ချင်တယ်😚

      Delete
    3. ပြန်ရတော့မှာပါ‌‌ဟယ်💝

      Delete
  4. အောင်ပွဲတွေနဲ့အတူ အမြန်ဆုံး အိမ်ပြန်နိုင်ကြပါစေ။

    ReplyDelete
  5. 'အောင်မြင်မှု ဆီ သွားဖိုရာ လမ်းအသွယ်သွယ်'.. တဲ့
    မအောင်မြင်ရင်လည်း နေပါ
    ငါကတော့ 'သတ္တိရှိခြင်း' ကိုသာ ရွေးချယ်ခဲ့တယ်.. ။

    #မင်းခိုက်စိုးစန်

    ReplyDelete
    Replies
    1. ဘဝမှာ ဈေးအကြီးဆုံး ပေးဝယ်ရတဲ့ အရည်ဟာ
      မျက်ရည် ပါပဲ.. ၊
      နှလုံးသားမှာ သွေးစိမ်းရှင်ရှင်ထွက်မှ
      မျက်လုံး က မျက်ရည်ကျတယ်.. ၊

      တန်ဖိုးကြီးတဲ့ အရည်မိုလို လွယ်လွယ်နဲ့ ငါမငိုဘူး။

      Delete
  6. အဝေးရောက်အမေ့သား...
    အမေ့မေတ္တာတွေကြောင့် ဘေးရန်ကင်းပါစေ...

    ReplyDelete
  7. ထိရှ😔🌻

    ReplyDelete
  8. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
  10. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  11. ဖိုက်တင်းးး
    မင်းရယ် ငါရယ် တိုင်းပြည်ရယ်
    #crd

    ReplyDelete
    Replies
    1. လင်းဆက်April 15, 2023 at 12:34 AM

      ဖိုက်တင်း

      Delete
  12. Fighting
    Click,click,click.......

    ReplyDelete

Post a Comment

Popular posts from this blog