ပြည်ထောင်စုသမ္မတ အသေကောင်နိုင်ငံတော်

အဆိပ်ပန်း ဘယ်နှစ်ပွင့်စိုက်ခဲ့ပါသနည်း
အများဆုံးလူ အဆင့်တစ် ဘဘကြီးသည် 
နိုင်ငံကို ကယ်တင်ခဲ့ပါ၏
ငါနဲ့မတူ ငါ့ရန်သူ မြဲအောင်စွဲမှတ်ကြ
အရောင်မတူ နေရပ်မတူ 
ပြောစကားမတူရင် အကုန်သတ်ကြ
စကြဝဠာဆိုတာ ငါတို့ ပိုင်ဖို့ဟေ့။

ငါတို့လူမျိုးအတွက် ငါတို့တိုက်မယ်
မာစီးဒီးပေါ်ကနေ ကြေညာသွားတဲ့ 
သူ့မိန့်ခွန်းကို လက်ခုပ်တီးနေကြလေရဲ့
ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လို 
နေလာတာရဲ့နောက်မှာ
ဒုက္ခဆိုတာ ဒါလောက်ပဲလားဟေ့
ငါတို့ မေးရဲခဲ့တယ်။

ရဲဘော်တို့ ဒီနေ့ဟာ
ပြည်ထောင်စုသမ္မတ အသေကောင်နိုင်ငံတော်ရဲ့
အသားထဲက လောက်ထွက်ခြင်း အထိမ်းအမှတ်
အစုတ်အပြတ်အားလုံးကို ကုန်းပြီးလျက်ကြစို့

အသားကိုမြို အချိုကိုစို့ပြီး
ဒီမြေနေ ဒီလူတွေကိုပဲ
တမလွန်ကို ပို့နေကြတဲ့
အဘတို့ ကျည်ဆံတွေကတောင်
ပုပ်ဟောင်ဟောင် အနံ့ 
တော်တော်နံနေပြီ ဝေါ့……။

ရွှေတွေ အပြည့်ဆင်ပြီး 
မျက်ကွင်းချောင်ချောင်
ပလ္လင်ပေါ်မယ် ငိုက်သယောင်ယောင်
အချောင်နေ အကြေအမွလောက်စားရလည်း 
စားမယ်ဆိုသူတွေကတော့
အခုထိ ရွှေလည်ဆွဲတွေ ဆွဲပြီး
လေတော်လှန်ရေးတွေ 
အားရပါးရ ဝင်ရေးနေပြီ။

သုဘရာဇာတို့
ဒီနေ့ဟာ...
ငါတို့နိုင်ငံကြီးတစ်ခုလုံး အသုဘချရတော့မယ်
လောက်စားနေတဲ့ တရားဓမ္မနိုင်ငံတော်ကြီးထဲမှာ
ဘာသာမဲ့တာ ဘာများထူးဆန်းနေလို့လဲ။

ဒါပေမယ့် 
ငါတို့ဟာ...
ကြာရေစဉ် အလျင်မျောလိုက်တဲ့ စကောပေါ်မယ် 
အသက်ပြန်ရှုခွင့်ရတယ်ဆိုရင်
မြေမြှုပ်ခံ အသေကောင်နိုင်ငံပေါ်က 
အလောင်းတွေကို
ဆေးလိပ်တွေ ကမ်းပေးဖို့လိုတယ်
ဆိုဂျုတွေ များများလေး
လောင်းချလိုက်ပြီးတဲ့နောက်မှာ
ဖိုက်တင်းညီနောင်ရေ
လောက်တွေ စားလို့မကုန်ခင် 
မြေကြီးထဲက လွတ်မှဖြစ်မယ်
သေရွာပြန် နိုင်ငံသားကွ
ကြားကြရဲ့လား...။            ။

Tommy

Comments

  1. သေရွာပြန် နိူင်ငံသားကွ
    ကြားကြရဲ့လားးးးး

    ReplyDelete
  2. ပြည်ထောင်စုသမ္မတ အသေကောင်နိုင်ငံတော် 😥

    ReplyDelete

  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  5. Wheel............dope.🏹🏹🏹

    ReplyDelete
  6. ​လောက်​တွေစားလို့ မကုန်ခင်
    ​မြေကြီးထဲက လွတ်မှ ဖြစ်မယ် 👊🏼

    ReplyDelete
  7. ဂွမ်ဆိုင်းန် ဆရာတော်။

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. Fighting
    Click,click,click............

    ReplyDelete
  10. ကလစ်ပီးရင်းClick

    ReplyDelete
  11. ဖိုက်တင်း ညီနောင်တို့ရေ။

    ReplyDelete
  12. Fighting
    Click,click,click.........

    ReplyDelete

Post a Comment

Popular posts from this blog