သောကြာကြယ်

လေဒီ…
မင်းသိဖို့ တစ်ခုရှိတယ်။

တိမ်ထူတဲ့ကောင်ကင်မျိုးပဲ မြင်ရတဲ့
မျက်နှာဖုံးတပ် မြို့ပြအရပ်ကြီးမှာ
'သောကြာကြယ်' ခူးမယ် 
'ကဗျာဟာ အာသက်သက်ပဲ'
ဒီလိုစွဲနေဖူး
စာရူးရဲ့ အတွေးစက်ဝန်းထဲမယ်။

အခုတော့များဗျာ
ယုံကြည်ချက်တွေဟာလည်း 
မခိုင်မြဲချင်တော့ဘူး
ရင်ဘတ်ထဲ ဝုန်းဒိုင်းကြဲကာ 
ကျလာတဲ့ 'သောကြာကြယ်'
သူ့အနားရောက်ရင်ကိုပဲ 
ရင်ထဲနွေးသွားစေပြန်တယ်
မင်းအသည်းထဲမယ် 
ဘာရာသီများ ရောက်နေလောက်ပြီလဲ။

ငါကတော့ နွေဦးရောက်နေပြီ အချစ်ရေ
မြို့ကြီးပြကြီးမှာ 
'အချစ်စစ်ဆိုတာ မရှိဘူး' ဆိုတဲ့ ဝါဒတံတိုင်း
မင်း ခိုင်းခိုင်းနှိုင်းနှိုင်းကြီး 
ခေါ်ပစ်လိုက်တဲ့ အခေါ်တစ်ချက်
“ကြပ်ကြပ်သတိထားနေ သေနာကောင်ရဲ့”
တကယ့် ဆတ်ဆတ်ထိမခံ။

မင်းမှန်ပါတယ်ကွာ
အချစ်ဆိုတဲ့ မျက်မှန်တစ်လက်ကို 
တပ်လိုက်တဲ့အခါမှာ
သူလုပ်တာကိုင်တာ ထိုအရာရာ ဘာဖြစ်ဖြစ် 
သေးသေးတစ်တစ်တွေကအစ
သေသပ်ကျစ်လစ်ပါပေသကိုး...။

ဟိုး…..မဝေးတဝေးက သူ့ကို မြင်မှန်း
တစ်ယောက်တည်း လေသံဖမ်းပြီး ပြောမိစေတယ်
စိတ်ကူးယဉ်ဆန်ရတာ မကြိုက်ဘူးဆိုသူရယ်
ကြားမှ ကြားနိုင့်ပါမလားကွယ်
တိမ်ထူကောင်းကင်ကိုကြည့်လို့ 
မှန်းဆတမ်းတမိတယ်
ကိုယ့်ရဲ့ "သောကြာကြယ်ရယ်"…။            ။

Tommy

Comments

  1. This comment has been removed by the author.

    ReplyDelete
  2. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. Wheel............dope.🏹🏹🏹

    ReplyDelete
  5. ကဗျာက ချွဲ
    ​တော်မီက သဲလို့
    ​လေဒီလည်း မဆဲ​တော့​လောက်ပါဘူး​
    မင်း လွမ်းတတ်ပါ​ပေတယ်။

    ReplyDelete
    Replies
    1. 🤭😄✌️🥰

      Delete
    2. ဆာကူရာ
      အ​ရေးအသား​တွေကို
      သ​ဘော​တွေ ကျ​နေပါပြီ​နော် 😊

      Delete
  6. မန့်တာ မပေါ်ဘူးဖြစ်နာ😞

    ReplyDelete
  7. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  8. တိမ်ထူကောင်းကင်ကိုကြည့်လို့
    မှန်းဆတမ်းတမိတယ်
    ကိုယ့်ရဲ့ "သောကြာကြယ်ရယ်"

    ReplyDelete
  9. ဝေးကွာနေသူတိုင်း
    အမြန်ဆုံစည်းခွင့်
    ရရှိစေချင်ပါ၏။
    ဖိုက်တင်း....
    ကလစ်၊ကလစ်၊ကလစ်...............

    ReplyDelete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. Fighting
    Click, click,click........

    ReplyDelete
  12. တိမ်ထူကောင်းကင်ကိုကြည့်လို့
    မှန်းဆတမ်းတမိတယ်
    ကိုယ့်ရဲ့ "သောကြာကြယ်ရယ်" ...

    ReplyDelete

Post a Comment

Popular posts from this blog