ကွယ်လွန်သွားသူများ သို့

ငါ 
မြူတွေ ဆိုင်းနေတာပဲ
အရင်လို မြင်တော့မယ်

ငါ့ကဗျာထဲ
ငါပြန်နေတော့မယ်

နေဟာ လုံးတယ်လို့
ကဗျာထဲကပဲ ပြောတော့မယ်

ကဗျာထဲမှာလဲ
ကျည်ဆံတွေ ထိပါတယ်။

မိုးဝေး

Respect & Credit to Poet Moe Way

Comments

  1. ဝမ်းမနည်းဘူး
    မျက်ရည်မကျဘူး
    ဘယ်အရာမှအလကားမရဘူး

    ဒဏ်ရာတွေလည်း အလကားမရဘူး
    ဒုက္ခတွေလည်း အလကားမရဘူး

    ဘယ်အရာမှ အလကားမရဘူး
    ဘယ်အရာမှအလကားမရဘူး

    -မောင်ချောနွယ်

    ReplyDelete
  2. ကဗျာထဲမှာလဲ ကျည်ဆန်တွေ ထိပါတယ်.....

    ReplyDelete
  3. Click ကဘာထဲမှာပဲနေတော့မယ်😑

    ReplyDelete
  4. ပျက်ကွက်ခဲ့ရတာတွေအတွက် ဆောရီးပါ
    ဆက်ပီးကျိုးစားပါ့မယ်

    ReplyDelete
  5. ကိုယ်စွမ်းရှိသလောက် ကြိုးစားလျှက်

    ReplyDelete
  6. အသက်ရှိ​နေသ၍ ​တော်လှန်​ရေးအတွက်ရရာ​နေရာက ​ထောက်ပံ..​နေမယ်

    ReplyDelete
  7. ဝမ်မနဲဘူးအားမ​လျှော.ဘူးအံကိုတင်းတင်းကြိတ်ထားတယ်တ​နေ.​ပေါ့

    ReplyDelete
  8. သွားလေသူလည်း သွားလေပြီး...
    ကျန်ခဲ့တဲ့သူတွေက ဒီတလရတာဝန်ကို ဆက်ထမ်းသွားပါမယ်။

    ReplyDelete
  9. ​အောင်မြင်မည်.တစ်​နေ.ရည်မှန်းလျှက်

    ReplyDelete

  10. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  11. 🙂 ခွန်အား ...

    @ စိတ်ဓါတ်ကျစရာတွေ ...
    ကိုယ့်ရဲ့ဘဝမှာကြုံတွေ့လာခဲ့ရင်
    ကိုယ့်ထက်ဆိုးတဲ့ဘဝတွေကိုကြည့်ပြီး
    ငါတို့ဘဝတွေဟာ ...
    တော်ပါသေးလားလို့"ခွန်အား"ယူရမယ်၊

    @ အောင်မြင်မှုတွေ ...
    ကိုယ့်ရဲ့ဘဝမှာရလာခဲ့ရင်
    ကိုယ့်ထက်အောင်မြင်သူတွေကိုကြည့်ပြီး
    ငါတို့လိုပါသေးလား ...
    ငါတို့ဒီထက်ကြိုးစားရမှာပါလားလို့
    ကိုယ့်ကိုယ်ကိုယ်"ခွန်အား"တွေယူရမယ်၊

    🏇 စစ်မင်း ထက်သာ

    ReplyDelete
  12. We Must Win..🌹

    ReplyDelete
  13. ​နေ့သစ်အတွက်
    ကလစ်တချက်

    ReplyDelete
  14. 🏇 ငါ့မြင်းငါစိုင်း
    စစ်ကိုင်းရောက်ရောက် ...

    @ အလကားထားခဲ့တဲ့စကားမဟုတ် ...
    ပညာရှိသတိဖြစ်ခဲဆိုပေမယ့် လူ လူ
    လူဆိုတဲ့အရာမို့ လူလိုစဉ်းစားဘို့တော့
    လိုလိမ့်မည် လိုပါလိမ့်မည်။

    🥷 စစ်မင်း ထက်သာ

    ReplyDelete
  15. Wheel............dope.🏹🏹🏹

    ReplyDelete
  16. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  17. ကဗျာထဲက ကျည်ဆန်
    ရီသံ​တွေလည်း ပါလို့
    ငိုသံ​တွေလည်း စွက်တယ်။

    ကဗျာထဲက ကျည်ဆံ
    မာန်​တွေဖီလို့
    အံ​တွေလည်း ကြိတ်
    ​​မျက်ရည်အကိတ်ကြီး​တွေလည်း ပါတယ်။

    ကဗျာထဲက ကျည်ဆံ
    အပြန်အလှန် ​အား​ပေးရင်း
    အနားမှာရှိသလို ​နွေး​ထွေး​
    ရင်ကိုလည်းပဲ ​အေး​စေတယ်။

    ကဗျာထဲက ကျည်ဆံနဲ့
    ယုံကြည်​တော်လှန်
    အကြိမ်ကြိမ် တန်ပြန်ကြဖို့
    ငါ အခု ကျည်ပွတ်​နေတယ်။

    ReplyDelete
  18. အားလုံးလုံခြုံဘေးကင်းတဲ့ဘဝတွေဆီသို့အမြန်ရောက်ရှိနိုင်ကြပါစေ။

    ReplyDelete
  19. ကလစ်ကမ်ဘာထဲမှာနေနေပါတယ်
    ကလစ်ကမ်ဘာကြီးထဲမှာလည်းကျည်ဆံထိပါတယ်

    ReplyDelete
  20. လေးစားထိုက်သူ အားလုံးကို
    လေးစားမှုနဲ့အတူ ဂုဏ်ယူပါသည်။

    ReplyDelete
  21. Fighting
    Click,click,click................

    ReplyDelete

Post a Comment

Popular posts from this blog