သေတမ်းစာ

အမြဲသေနတ်ကိုင်မယ် တရဲရဲတကျက်ကျက်
မင်းသတ္တိကို ချီးကျုးတာနဲ့အတူ
နောက်ကွယ်က ကြိုးကိုင်တဲ့စွဲလမ်းခြင်းအတ္တ
ရင်ထဲပေါက်လာတဲ့ မီးပွားများရယ်

ဖုန်းမြည်သံတစ်ဖက်မှာ
သူမ အားနာနာနဲ့ပဲပြောခဲ့တဲ့ ဤစကား
"မီးလောင်ရာ လေပင့်လိုပဲ"
ရင်ထဲက အချစ်တောအုပ်မီးစွဲသွားခဲ့ပြီလား

အဆုတ်ထဲ နီကိုတင်းငွေ့တွေဖြည့်
အစာအိမ်ထဲမယ် ဇိမ်ခံရည်တွေဖောင်းပွလို့ပေါ့
လက်ကတော့ ဆက်ဆက်၍ရေးနေတဲ့
တစ်ရွက်ပြီးတစ်ရွက်သော ကဗျာညံ့တွေ
ဪ... 
တောအုပ်မီးလည်း မငြိမ်းနိုင်သေးပေဘူး
အရက်တွေ စစ်ကူလိုက်ပြန်ဦး...။

"ဖျောက်"
ခြောက်အိပ်မက်တွေလား
မင်းမရှိတော့ဘူးတဲ့ကွာ
ကဗျာ
ကဗျာ
ကဗျာတွေ...။

ရင်ထဲက တောအုပ်လည်း 
ပြာပုံသာသာပဲ စွဲထင်ပေလေရဲ့
မက်ဆေ့ခ်ျ တစ်ချက်အဝင်
အိပ်မက်ဆိုးတောင် မဟုတ်ပြန်ဘူးလေတဲ့။

သွေးကြွေးသီချင်းတွေ ဟစ်ကာဆိုလို့
မင်းအနားမှာ ငိုနေတဲ့မိသားစုဝင်တွေကြား 
တိုးလို့မဝင်.....၊
ငါ့ Existence ပျောက်ဆုံးသွားပြီ
ငါဟာ ဘာဆိုဘာရယ်မျှ မကျန်တော့ဘူးရယ်။

မင်း စတိုင်လ်လုပ်ရိုက်ခဲ့တဲ့ ဓါတ်ပုံထဲက 
သေနတ်လေးတွေ့တော့ ငါခိုးလာတယ်
ခေါင်းတိုင်ကနေ မီးခိုးတွေ ဝဲလို့သွားပြီ
ငါလာပြီအချစ်ရေ “ဒိုင်း”...။         ။

Tommy

Comments

  1. ပေးဆပ်မူတွေ ကြီးမားလိုက်တာ

    ReplyDelete
  2. ငါ.. ​သေနတ် ကိုင်ချင်သူပါ
    အသက်တွေကြီးပြီမို့ ငြိမ်​နေရတာ
    တိုက်ပွဲစာအုပ်​တွေ မချတမ်းဖတ်
    မရပ်တမ်း ချခဲ့တာ​ပေါ့
    ပဒူးမ မှ ​​မော်ဖသို့
    ​မော်ဖ တိုက်ပွဲများ
    ရဲ​​ဘော်သုံးကျိပ်
    ငါအကုန်မှတ်မိ စွဲငြိ​နေဆဲ
    ငါ ဘာလို့ ​သေနတ်ကိုင်ခွင့်မရလိုက်ပါလိမ့်။

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. Replies
    1. ရေနွေးကြမ်းလား 😁

      Delete
    2. ချမ်းလို့ရေနွေးသောက်‌နေတာ

      Delete
  5. Wheel............dope.🏹🏹🏹

    ReplyDelete
  6. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  7. ❥ ✧ ˚ · .
    k⃣e⃣e⃣p⃣ g⃣o⃣i⃣n⃣g⃣ ✨

    ReplyDelete
  8. Done ဒိုင်း 💥 🔫

    ReplyDelete
    Replies
    1. ဟင် ရေပြွတ်ကြီးး 🙄😁

      Delete
  9. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog