ဖြေသိမ့်ရာ ခေတ်တာဝန် 

သွေးထွက်သံယို မြင်ကွင်းတွေ
မျက်ရည်အတိဖုံးတဲ့ ဘဝတွေ
စတေးလိုက်ရတဲ့ အသက်တွေ

ပူဆွေးခြင်းနဲ့အပြိုင် 
ဦးနှောက်ကိုလောင်ကျွမ်းစေတဲ့ 
အပူအတိဖုံးတဲ့မြေ
အပြစ်မဲ့ သူသေအလောင်းတွေနဲ့ 
မြေဩဇာဖြစ်တဲ့မြေ

ငရဲဆိုတာ သပ်သပ်မရှိတဲ့နေရာ
အမာရွတ်တွေထူပြီး 
စိတ်ဒဏ်ရာတွေ 
တစ်ရက်ချင်းရနေတဲ့နေရာ

ကဗျာကလွဲပြီး ပုန်းခိုဖြေသိမ့်စရာမရှိတဲ့လူ
အမာရွတ်တွေက မလှပေမယ့်
မမေ့ရက်စရာအတိတ်တွေကို ထမ်းပိုးထားဆဲ
ဒီနေ့လို ပွဲတော်ရက်မှာ လူသတ်ခံရခြင်းများ
အနာဂတ်လည်း မျှော်စရာမရှိသလို 
ပစ္စုပ္ပန်ဟာလည်း ကောင်းလာဖို့မရှိတဲ့သူ။

အနာတရဖြစ်ရတယ်ဆိုရင်တောင် မမေ့ပစ်ပါဘူး 
တစ်ခုချင်းစီအတွက် သွေးကြွေးဆပ်ခိုင်းမှာပါ
ခေတ်ရဲ့ဝန်ကိုထမ်းရမယ့်...
အချိန်ကိုလည်း ရောက်ခဲ့ပြီလေ။          ။

Mary ✨🤍

Comments

  1. သွေးကြွေးဆပ်ခိုင်းမှာ

    Mary 🤍

    ReplyDelete
  2. ခေတ်ရဲ့ဝန်ကို နိုင်ရာထမ်းလျှက်ပါ

    ReplyDelete
  3. ခေတ်ရဲ့ တာဝန်ကို နိုင်တဲ့နေရာကနေ ထမ်းဆောင်လျက်ပါ

    ReplyDelete
  4. မြေဩဇာဖြစ်တဲ့မြေ😔

    ReplyDelete
  5. အနာတရဖြစ်ရတယ်ဆိုရင်တောင် မမေ့ပစ်ပါဘူး
    တစ်ခုချင်းစီအတွက် သွေးကြွေးဆပ်ခိုင်းမှာပါ
    ခေတ်ရဲ့ဝန်ကိုထမ်းရမယ့်...
    အချိန်ကိုလည်း ရောက်ခဲ့ပြီလေ။ ။

    #Mary ✨🤍

    ReplyDelete
    Replies
    1. လူတိုင်း ဒီလိုအတွေးမျိုးရှိဖို့ဆုတောင်းမိတယ်
      ကိုယ့်ရဲ့ပတ်၀န်းကျင်ကလူတွေကခေတ်ကပေးတဲ့တာ၀န်တွေကို မသိကျိုးနွံပြုနေတာမြင်ရတော့ ရင်တွေနာတယ်

      Delete
    2. သွေးကြွေးဆပ်ခိုင်းရမယ်

      Delete
  6. This comment has been removed by the author.

    ReplyDelete
  7. တစ်ချင်းစီကိုသွေးကြွေးဆပ်ခိုင်းမှာ

    ReplyDelete
  8. စိတ်ဒဏ်ရာတွေ
    တစ်ရက်ချင်းရနေတဲ့နေရာ...

    ReplyDelete
  9. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete

  10. တစ်ခုချင်းစီအတွက် သွေးကြွေးဆပ်ဖို့
    တစ်ဒေါင့်တစ်နေရာမှ ကြိုးစားလျှက်


    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. ကဗျာလေး ပို့ပေးတာ Thanks alot ပါဗျို့ ခုမှ လာကလစ်ရလို့တကယ့် တကယ် အားနာပါတယ်

    ReplyDelete
  13. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  14. တစ်ခုချင်းစီအတွက် ​သေချာ​ပေါက်သွေးကြွေးဆပ်ကို ဆပ်ခိုင်းမှာ

    ReplyDelete
  15. ခေတ်ရဲ့ဝန်ကိုထမ်းရမယ့်...
    အချိန်ကိုလည်း ရောက်ခဲ့ပြီလေ။

    ReplyDelete

Post a Comment

Popular posts from this blog