ဘယ်သူသိမှာလဲ

အခုချိန်မှာ လူတစ်ယောက်
သူ့ကိုသူ suicide လုပ်သွားတယ်ဆို
ဘယ်သူသိမှာလဲ။

အချိန်တန်လို့ သတင်းတက်လာရင် 
sad react ပေးတာထက်
ဘာများပိုခံစားကြဦးမှာလဲ။

​ညကြီးအချိန်မတော် ပေတရာပေါ်က 
သွေးတွေ ဆေးချနေတယ်ဆိုရင်ရော
ဘယ်သူသိမှာလဲ။

ကျဆုံးစာရင်းထဲ နာမည်တောင်မပါလာဘဲ
တိတ်တဆိတ် ထွက်သွားသူတွေကိုရော
ဘယ်သူသိမှာလဲ။

မင်းစိတ်ကို 
မင်း ညာနေတယ်ဆိုရင်ရော 
ဘယ်သူသိမှာလဲ။

ဘယ်သူမှမသိပေမယ့်
မင်းကိုယ်တိုင်ရော  
လိပ်ပြာလုံလို့လား။        ။

ThaeNu

Comments

  1. ဘယ်သူမှမသိပေမယ့်
    မင်းကိုယ်တိုင်ရော
    လိပ်ပြာလုံလို့လား။ ။

    ThaeNu

    ReplyDelete
  2. Sad reactများများပေးတဲ့လက် ထက် Clickများများနှိပ်တဲ့လက် ဖြစ်ပါစေ။

    ReplyDelete
  3. ဘယ်သူသိသိ မသိသိ
    ကိုယ်တိုင်သိတာမို့ ......

    ReplyDelete
  4. ဘယ်သူမှမသိပေမယ့်......

    ReplyDelete
  5. ဒီကာလမှာ ကိုယ်ဘာလုပ်နေခဲ့လဲ
    တစ်ချိန်မှာ လိပ်ပြာလုံနိုင်ကြပါစေ

    ReplyDelete
  6. လိပ်ပြာလုံစေဖို့ ကြိုးစားနေတုန်း ဒီကာလပြီးမှ ရပ်နားမယ်

    ReplyDelete
  7. "တိတ်တဆိတ် ထွက်သွားသူတွေ...."

    ReplyDelete
  8. လိပ်ပြာလုံရဲ့လား

    ReplyDelete
  9. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  10. လိပ်ပြာလုံပါ​စေကွယ်

    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  13. Done
    Click,click,click...........

    ReplyDelete

Post a Comment

Popular posts from this blog