ကျပျောက်သွားတဲ့နွေ

ပေတရာထက်က ခြောက်ခမ်းသွေးစက်တွေ
ခေါင်းတလားဘေးက ငိုကြွေးသံတချို့
မချိတင်ကဲ တောက်ခေါက် ရေရွတ်သံ။

အိမ်မက်တွေ ကျပျောက်သွားတဲ့ 
လူငယ်တချို့နဲ့ 
ဒီနွေ နေ့ရက်တွေက 
ပူလောင်လွန်းလှ။

တနေ့တခြား လျော့ပါးလာတဲ့ 
ငါတို့အားလုံးရဲ့လွတ်လပ်ခွင့်။
တနေ့တခြား ခမ်းခြောက်လာတဲ့ 
ဆိတ်သုဥ်း လူ့အခွင့်အရေး။

သြော်...
ဖေဖ၀ါရီရဲ့ နေ့စွဲလေးတစ်ရက်ပါပဲ
ငါတို့အားလုံးမှာတော့ ကိုယ်စီကြေကွဲ။

Soe 🖤

Comments

  1. သြော် ဖေဖဝါရီ နေ့စွဲလေးတစ်ရက်ပါပဲ
    ငါတို့အားလုံးမှာတော့ ကိုယ်စီ ကြေကွဲ 💔

    ReplyDelete
    Replies
    1. လုယူ ခံလိုက်ရတာလား

      Delete
    2. ကျပျောက်သွားတာ

      Delete
    3. ဘယ်နားမှာတုန်း🌝

      Delete
  2. နွေ
    ------
    ဝိတ်တန်းမတူပဲ
    အပူချိန်ကို ခံချနေရ

    ကြိတ်ထားတဲ့ အံသွားတွေထဲ
    ချွေးစက်တွေဟာ စုန်ချည်ဆန်ချည်

    မိတ်ကပ်မပါတဲ့နေကို အသက်အောင့်ပြီး
    နမ်းနေရတယ် ဝမ်းစာတွေအတွက်
    မနက်ဖြန်တွေအတွက်

    သစ်ပင်လေးတွေ စိုက်ပါ ငှက်တွေလို
    နားလိုရတယ်မဟုတ်လား။ ။

    ReplyDelete
  3. ‌ဪ...
    ဖေဖော်ဝါရီရဲ့ နေ့စွဲလေးတစ်ရက်ပါပဲ
    ငါတို့အားလုံးမှာတော့ ကိုယ်စီကြေကွဲ🖤

    ReplyDelete
  4. ကျပျောက်သွားတာလား
    လုယူခံလိုက်ရတာလား

    ReplyDelete
  5. နောက်ဆုံးအပုဒ်လေးက
    ဟတ်ထိဆုံးပဲ စိုးရေ

    ReplyDelete
  6. ကျပျောက်သွားတဲ့ နွေ, မိုး, ဆောင်း
    ရာသီတွေ တပတ်လည်ခဲ့ပြီ....

    ReplyDelete
  7. ကိုယ်စီကြေကွဲ....😔

    ReplyDelete
  8. ​ကြေကွဲမူက​နေမြန်၂လွတ်​မြောက်ချင်ပြီ

    ReplyDelete

  9. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  12. ငါတို့အားလုံးရဲ့အနာဂတ်အတွက် ငါတို့နိုင်ကိုနိုင်ရမယ်💪

    ReplyDelete
  13. Feb 1 ရက်နေ့ကို ပြက္ခဒိန်ပေါ်ကနေ ခဏဖျောက်ပေးပါကွယ် ...

    ReplyDelete
    Replies
    1. ဒီလိုဆိုကျနော့်မိသားစုလေး

      Delete
    2. စာပြန်ခဲ့တယ် ဘယ်​ပျောက်သွားတာလဲ 😧💔

      Delete

Post a Comment

Popular posts from this blog