အရှေ့ဘက်စစ်မျက်နှာ

ကတုတ်ကျင်းထဲမှာ
စိတ်ကူးယဉ်ခွင့်မရှိ

ရွက်တိုင်ထိပ်မှာ
အရိုးခေါင်းပုံ အလံလွှင့်ထားရင်
ပင်လယ်ဓားပြပဲ

တချို့က
အမှန်တရားကို အလောင်းဖျောက်ပစ်တယ်

တချို့က
သစ္စာတရားကို အလောင်းပြန်ဖော်တယ်

ဘိန်းစားတစ်ယောက်မှာတောင်
မျှော်လင့်ချက်ရှိသေးတာပဲ

ကိုယ့်တိုင်းပြည်
မီးလောင်နေတာကို ထိုင်ကြည့်နေရတာလောက်
ရာဇဝတ်မှုမြောက်တာ ရှိပါ့မလား

မီးသတ်ကားတစ်စင်း
ဖြစ်ချင်ပါတယ်

ကိုယ့်ဘဝနဲ့ကိုယ် 
သစ်ရွက်တွေကြွေနေပါတယ်

ခရီးတစ်ခုရဲ့အကြောင်း
သံလမ်းများက ပြောပြပါလိမ့်မယ်။

ကြည်ဇော်အေး
8 July 21

Respect & Credit to Poet Kyi Zaw Aye 

Comments

  1. ကိုယ့်တိုင်းပြည်
    မီးလောင်နေတာကို ထိုင်ကြည့်နေရတာလောက်
    ရာဇဝတ်မှုမြောက်တာ ရှိပါ့မလား

    မီးသတ်ကားတစ်စင်း
    ဖြစ်ချင်ပါတယ်

    ကိုယ့်ဘဝနဲ့ကိုယ်
    သစ်ရွက်တွေကြွေနေပါတယ်

    ခရီးတစ်ခုရဲ့အကြောင်း
    သံလမ်းများက ပြောပြပါလိမ့်မယ်။

    ကြည်ဇော်အေး

    ReplyDelete
  2. ကိုယ့်ဘဝနဲ့ကိုယ်😔😔😔😔

    ReplyDelete
  3. "ခရီးတစ်ခုရဲ့အကြောင်း
    သံလမ်းများက ပြောပြပါလိမ့်မယ်"

    ReplyDelete
  4. "ကတုတ်ကျင်းထဲမှာ
    စိတ်ကူးယဉ်ခွင့်မရှိ"

    ReplyDelete
    Replies
    1. ချိုသာတဲ့November 28, 2022 at 7:50 PM

      ကိုယ့်ဘဝနဲ့ကိုယ် ...

      Delete
    2. သစ်ရွက်တွေကြွေနေပါတယ်...

      Delete
    3. ကိုယ့်တိုင်းပြည်
      မီးလောင်နေတာကို ထိုင်ကြည့်နေရတာလောက်
      ရာဇဝတ်မှုမြောက်တာ ရှိပါ့မလား

      Delete
  5. အဆိုးဆုံးတွေကုန်ရင် အကောင်းဆုံးတွေလာမယ်လို သီအိုရီမရှိပါဘူး
    ထပ်ဆိုးတာတွေ ထပ်ပြီ လာချင်လာပါတယ်
    ရွှေဝါရောင် ၂၀၀၇ ပြီးတော့ ၂၀၀၈ဟာ
    နာဂစ်မုန်တိုင်း ဖွဲစည်းပုံအခြေခံဥပဒေ
    ထောင်ကျတန်းကျကြပေါ့ မိတ်ဆွေများ

    ထပ်ဆိုးတဲ့ တိုင်းပြည်မှာ
    ထပ်ဆိုးတာတွေ အထပ်ထပ်ပါပဲ။

    ကြည်ဇော်အေး

    ReplyDelete
  6. ကဗျာလေးတွေကြိုက်တယ်

    ReplyDelete
  7. "ကိုယ့်တိုင်းပြည်
    မီးလောင်နေတာကို ထိုင်ကြည့်နေရတာလောက်
    ရာဇဝတ်မှုမြောက်တာ ရှိပါ့မလား" :'(

    ReplyDelete
  8. ခရီးတစ်ခုရဲ့အကြောင်း
    သံလမ်းများက ပြောပြပါလိမ့်မယ်

    ReplyDelete
  9. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  10. Wheel............dope.🏹🏹🏹

    ReplyDelete
  11. ခရီးတခုရဲ့အကြောင်း
    သံလမ်းများက ပြောပြပါလိမ့်မယ်။

    ReplyDelete
  12. ကိုယ့်ဘဝနဲ့ကိုယ်
    သစ်ရွက်တွေကြွေနေပါတယ် ...

    ReplyDelete

Post a Comment

Popular posts from this blog