မိန်းကလေးမဆန်တဲ့ မိန်းကလေးတစ်ဦး - ၃

မေလကနေ 
မင်းကိုချစ်လာလိုက်တာ
နိုဝင်ဘာထိ
မင်းကိုအချစ်မပြတ်သေးဘူး။

ဘယ်ကာလသားနဲ့မှလည်း ချိန်းမတွေ့ဘူးတဲ့
အဆင်မပြေမှုတွေဆိုတာ 
မင်းရဲ့ရယ်သံကိုကြားလိုက်ရင် 
ပြေပျောက်သွားစမြဲ
နေ့တိုင်းတစ်ရက်ကို၂၄ကြိမ်မှာ 
တစ်ကြိမ်ကို တစ်နာရီ
မင်းကို အမြဲသတိရတယ်။

ကိုယ်နဲ့မင်း 
လက်‌မောင်းလှဲတာပြိုင်တော့
ကိုယ်မင်းကိုရှုံးခဲ့တယ် 
ဒါ...မထူးဆန်းတဲ့အရာ၊

စတွေ့ကတည်းက 
ရှုံးနေပြီးသား 'ကိုယ်'ပဲလေ
ချစ်ခြင်းမေတ္တာမှာတော့
ကိုယ့်ကိုထပ်ပြီး ကျရှုံးအောင်မလုပ်ပါနဲ့။         ။

ကျွန်တော်

Comments

  1. ကိုယ်က မင်းနဲ့ပတ်သတ်ရင် အရာရာကို အစကတည်း အရူံးပေးပီး ချစ်တဲ့အချစ်မျိုးပါ

    ReplyDelete
    Replies
    1. 🤣🤣ရူးနေလိုက်🤣

      Delete
    2. စတွေ့ကတည်းက ရှုံးနိမ့်ပြီးသား 🎶🎶🎶

      Delete
    3. ဘာတေသဘောကျ🤭

      Delete
    4. အောက်ကမန့်တွေဖတ်မိမှ ကိုယ်ရေးထားတဲ့ သီချင်းစာသား မှားနေတာသိ 😅

      Delete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. မေလကနေနိုဝင်ဘာထိ💕💕💔💔

    ReplyDelete
  4. စတွေ့ကတည်းက
    ရှုံးနေပြီးသား 'ကိုယ်'ပဲလေ
    ချစ်ခြင်းမေတ္တာမှာတော့

    ReplyDelete
    Replies
    1. ချစ်မိပြီဆိုမှဖြင့်😰

      Delete
    2. အသည်းကွဲရတာပေါ့ 🥲

      Delete
    3. လင်းဆက်March 31, 2023 at 11:50 PM

      🤣

      Delete
  5. ငါ့မေတ္တာတရားဟာ ရေဒီယိုမဆန်ဘူး
    ဒါကြောင့်
    မင်းအသံကြားရလိမ့်မယ် မဟုတ်ဘူး ...

    သစ္စာတရားကတော့ ဘီးမပါတဲ့အတွက်
    အရွေ့တရားကို ငြင်းပါလိမ့်မယ် ...

    အ ရာ ရာ ဝေ မျှ နိုင် ပါ ရဲ့

    နာကျင်မှုကိုတော့ ( မင်း နာမည်နဲ့ ညို )
    ငါ ဘယ်သူ့မှ မပေး

    #ကိုး

    ReplyDelete
  6. ကဗျာလေးက ချစ်စရာကောင်းလိုက်တာ 💞

    ReplyDelete
  7. ကိုယ်လည်း မိန်းကလေးမဆန်သူမို့ ချစ်လိုက်တာ ကဗျာလေးကို...🖤

    ReplyDelete
    Replies
    1. ကျား"ယား" မိန်းမသား👍

      Delete
  8. ကြွေ ပြီ ကျွန်တော်ရေ 🌻

    ReplyDelete
  9. Wheel............dope.🏹🏹🏹

    ReplyDelete
  10. စ​တွေ့ကတည်းက ရှူံး​နေပြီးသား 😔

    ReplyDelete
  11. ပိုချစ်ရတဲ့သူကပိုရှုုံးရတယ်❤️

    ReplyDelete
  12. လက်​မောင်းလှဲရင်​တော့ မင်းတို့အားလုံး ကိုယ့်ကို ရှုံးလိမ့်မယ် 💪🏽

    ReplyDelete
  13. စတွေ့ကတည်းက
    ရှုံးနေပြီးသား

    ReplyDelete
  14. Wheel............dope.🏹🏹🏹

    ReplyDelete
  15. လွတ်လတ်တဲ့အရသာကိုကြိုက်တယ်April 28, 2023 at 3:32 AM

    ကျားကျားယားယားနေဖစ်တယ်🤭🤣

    ReplyDelete
  16. ချစ်ခြင်းမေတ္တာမှာတော့
    ကိုယ့်ကိုထပ်ပြီး ကျရှုံးအောင်မလုပ်ပါနဲ့။

    ReplyDelete
  17. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  18. Fighting
    Click,click,click.......

    ReplyDelete
  19. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog