အဆွေး

ဒီကာလ ဆောင်းမနက်တွေဟာ
လွမ်းဆွတ်မှုနဲ့ သတိရခြင်းတွေပါ
ယှဥ်တွဲ ခံစားရစေတယ်။

မြူနှင်းတွေကြား
ကွက်ကြား ထွက်လာသော
နေရောင်ခြည် အစအနတစ်ခု
နွေးထွေးမှု ရလိုရငြား 
အမိအရ ဖမ်းဆုပ်ထားလျက်။

အိမ်ကိုလွမ်းတယ်
အမေ့ကိုလွမ်းတယ် 
လွမ်းဆွတ်မှု လွှမ်းမိုးဖြတ်သန်းလာ
ရဲဘော်တစ်ယောက်ရဲ့ ချစ်သောလက်ဆောင်
ကော်ဖီတစ်ထုပ်ကို
ညက တည်တဲ့ ရေနွေးနွေးနဲ့ ရောမွေမွေ။

ကော်ဖီထဲ အလွမ်းတွေပါလားမသိ
အမေ ဖျော်ပေးတဲ့ ကော်ဖီတစ်ခွက်ကို 
မက်မောနေမိ သတိရနေမိ.....။

ကော်ဖီသောက်တုန်း 
ဆေးပေါ့လိပ်ဖွာရင်း
လွမ်းဆွတ်မိတဲ့ စာတွေရေးရင်း
ဘေးနားက ရဲဘော်တစ်ယောက်က
ဦးငှက်ကြီးရဲ့
"အိမ်ပြန်ချင်တယ် ဟူး...
အနွေးထွေးဆုံး အမေ့အိမ်"
သီချင်း ညည်းသံကြားတော့
ကျွန်တော့်မှာ အိမ်ကို ပိုလွမ်းလာတယ် အမေရယ်...။

မပြီးဆုံးသေးတဲ့ တာဝန်တွေ
ရှင်သန်မှုဟာ အနတ္တ ဖြစ်နေတဲ့
ဒီကာလတွေမှာ 
ပြည်သူတွေ မလုံခြုံသေးသ၍
သား အိမ်ကိုပြန်ဖြစ်မယ် မဟုတ်ဘူး အမေ...။

ရောင်နီသာတဲ့နေ့ကို မျှော်မှန်းရင်း
အိမ်ပြန်ချိန် ဝိုးတဝါးမြင်နေရတဲ့
ဒီကာလကြီးကို ကျွန်တော်တို့ အားလုံး
အလွမ်းတွေသယ်ပြီး 
ဆက်လျှောက်ရဦးမယ် အမေရယ်...။

Zeus

Comments

  1. ဆက်လျှောက်နေပါတယ်
    🕊️🤍🕊️

    ReplyDelete
  2. ကြိုးစားပီး ဆက်လျှောက်နေပါတယ်
    သူရဲကောင်းတို့ အိမ်ပြန်ချိန် နီးပါပီလို့

    ReplyDelete
  3. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  4. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  5. အလွမ်းတွေသယ်ပြီး
    ဆက်လျောက်ရဦးးမယ် အမေရယ်💞

    ReplyDelete
  6. အောင်ပွဲနဲ့အတူ အမြန်ဆုံး အိမ်ပြန်နိုင်ကြပါစေ 💝

    ReplyDelete
  7. ရောင်နီသာတဲ့နေ့ကို တို့တွေလည်း မျှော်မှန်းရင်း ကြိုးစားclickနေကြတယ်။

    ရဲဘော်တို့ အိမ်ပြန်နိုင်တဲ့နေ့ အမြန်ဆုံး ရောက်လာပါစေ။

    ReplyDelete
  8. အလွမ်းတွေတပွေ့တပိုက်နဲ့💔

    ReplyDelete
  9. အမေ မရှိတော့ပေမယ့် အမေလို့ တမိတိုင်း ခွန်းအားရတယ်
    ကျေးဇူးပါ အမေရယ် ...

    ReplyDelete
  10. သဲတစ်ပွင့်

    အဆင်ပြေတယ်ပြောဖို
    အဆင်ပြေနိုင်စရာမရှိတဲ့အခြေနေပါပဲ

    ငါတိုဟာ ဘုရားကိုလည်းမပူဆာတော့ဘူး
    တရားကိုလည်း မယုံတော့ပါဘူး

    ဘယ်သူ့ကိုမှ အပြစ်ပုံချလိုမရတဲ့အဆုံး
    ကိုယ့်ကိုယ်ကိုပဲ အပြစ်တွေပုံချလိုက်တယ်

    ငါတိုတစ်တွေက ဘာမှမဖြစ်သလို
    နေကို နေနိုင်လွန်းတယ်
    လုပ်နိုင်သမျှဆိုပြီး
    ဘာမှ ဆက်မလုပ်ဖြစ်ကြဘူး.....

    ဒါတွေဟာ ငါ့ကိုငါ
    မတရားဘူး.....

    ➣ထွန်းဟိန်းယံ

    ReplyDelete
  11. Wheel............dope.🏹🏹🏹

    ReplyDelete
  12. အို ဟို ဟို ဟို ဆွေးတယ်။

    ReplyDelete
  13. ကြိုးစားပြီး ကလစ်

    ReplyDelete
  14. အိမ်ကိုလွမ်းတယ်
    အမေ့ကိုလွမ်းတယ်
    ခ​လေး​တွေကို လွမ်းတယ်
    အကြင်သူကို လွမ်းတယ်

    ReplyDelete
  15. မသေချာ မရောရာသော အနာဂတ်ဆီသို့ ဆက်လျှောက်

    ReplyDelete
  16. မီးပေါက် အကောက်Del သွားပြန်ပီ ဒီကလေးမတော့ စိတ်ပူအောင်အမြဲလုပ်😢

    ReplyDelete
    Replies
    1. အဲ့ကလေးမ ဘာဖြစ်လဲ မသိ

      Delete
    2. အဲ့လိုပဲ သူက အကုန်သူ့စိတ်ပူပြီးဝိုင်းမေးနေကြတာကို သူ့မုန်းနေကြတယ်ပဲပြောပြော နေတာ ကြာတော့စိတ်ကမရှည်ချင်လာတော့ဘူး

      Delete
  17. ဆက်လျှောက်နေပါတယ်

    ReplyDelete
  18. ဆက်လျှေက်နေပါတယ်

    ReplyDelete
  19. Fighting
    Click,click,click..........

    ReplyDelete
  20. ရောင်နီသာတဲ့နေ့ကို မျှော်မှန်းရင်း
    အိမ်ပြန်ချိန် ဝိုးတဝါးမြင်ရတဲ့
    ဒီကာလကြီးကို
    ကျွန်တော်တို့အားလုံး
    အလွမ်းတွေ သယ်ပြီး
    ဆက်လျှောက်ရဦးမယ်
    အမေရယ်။
    ဖတ်ရတာ ရင်ထဲကို
    စီးမျောသွားတာပဲ။
    ကျန်းမာရေးအရ မှလွဲ၍
    နေ့စဥ်မပျက် ကလစ်ပါ၏။

    ReplyDelete
  21. အေးလိုက်တာ ... 🌳🍀

    ReplyDelete
  22. Wheel............dope.🏹🏹🏹

    ReplyDelete

Post a Comment

Popular posts from this blog