မျက်ဝန်းများ၏ ကဗျာ

အရက်ပုလင်းတွေသာ စကားပြောတတ်ရင်
“ဟေ့ကောင် တော်တော့ဟ" လို့ ပြောလိမ့်မယ်

ဆေးလိပ်တွေသာ စကားပြောတတ်ရင်
“ကိုယ်ချင်းစာပါတယ်ကွာ" လို့ ပြောလိမ့်မယ်

အိပ်ဆေးပုလင်းတွေသာ သီချင်းဆိုတတ်ရင်
"သိုးလေးတွေ...
ခြံစည်းရိုးကို ခုန်ကျော်နေတဲ့ အကြောင်း" ပြောပြပါလိမ့်မယ်

မြစ်တွေက တစ်ခုနဲ့တစ်ခုဆုံတဲ့အခါ 
နှုတ်ဆက်ကြတယ်
“အခြေအနေ ဘယ်လိုလဲ”
“ဒီတစ်လအတွင်း အယောက်၂၀‌ကျော်သွားပြီ”

အကယ်၍ 
မျက်ဝန်းတွေသာ စကားပြောတတ်ရင်တော့
မင်းကိုငါ ချစ်ကြောင်း
မင်းကိုငါ လွမ်းကြောင်း
အကြောင်းဆုံဖို့ ကံကြမ္မာကဖန်ပေးမှာလား။

'ဝဋ်ရှိသမျှ ကြေစေ' ဟု ဆုတောင်းရင်း
မီးလောင်နေတဲ့ ကမ္ဘာကို ငေးကြည့်လိုက်ကာ
ဆေးလိပ်ကို အဲ့မီးနဲ့ ညှိလိုက်
ကော်ဖီခွက်ထဲက ဇွန်းကိုမွှေလိုက်ရင်း
ချမ်းသာကြွယ်ဝခြင်းဟာလည်း 
သတ်သေခြင်းမှ ကယ်တင်နိုင်ခြင်းမရှိကြောင်း 
အသိတစ်ခုမှတ်သား...။

နောက်တစ်နေ့ 
မျက်နှာပေါ် ကျလာတဲ့နေရောင်ဟာ
'အဆင်ပြေသွားမှာပါ' ဆိုတဲ့ ခံစားချက်ကို 
သယ်လာဖို့ မျှော်လင့်ကြည့်တယ်
အေးစက်စက် ကျောက်သားကြမ်းပြင်ပေါ် 
ခေါင်းအုံးနေသူတွေကို‌ရော
သံတိုင်တွေကြားကနေ 
ဗန်ဂိုးရဲ့ ပန်းချီကို မြင်ကြည့်နေရသူတွေကိုရော
အိမ်နံရံတွေမှာ ပတ်လည်ဝိုင်းနေတဲ့ မိစ္ဆာတွေကို 
အခန်းမီးပိတ်ထားရင်း ရင်ဆိုင်နေရသူတွေကို‌ရော

'စကားတွေမလိုတဲ့ ဖြေသိမ့်ခြင်းတစ်ခု'
ကျွန်ုပ်ပေးလိုပါတယ်
ဝမ်းနည်းခြင်းဖြင့် စုဝေးလိုက်တဲ့အခါ
ကျွန်ုပ်တို့မျက်ရည်တွေဟာ
ပရိတ်ရေလိုမျိုး ကျွန်ုပ်တို့ ဘဝကို ပြန်ဆေးကြော‌ပေး၍
မျက်ရည်တွေ တိတ်သွားတဲ့ မျက်လုံးကို ပြန်ဖွင့်တဲ့အခါ

အရာရာဟာ...
အဆင်ပြေသွားမှာပါ
အဆင်ပြေသွားမှာပါ
အဆင်ပြေသွားမှာပါ။          ။

Tommy

Comments

  1. အဆင်ပြေသွားမှာပါ

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. အိပ်ဆေးပုလင်းတွေသာ သီချင်းဆိုတတ်ရင်
    "သိုးလေးတွေ...
    ခြံစည်းရိုးကို ခုန်ကျော်နေတဲ့ အကြောင်း" ပြောပြပါလိမ့်မယ်
    #Tommy
    Everything will be okay....

    ReplyDelete
  4. Wheel............dope.🏹🏹🏹

    ReplyDelete
  5. မကြာခင် အရာရာ အဆင်‌ပြေတော့မှာဆိုတဲ့ စိတ်နဲ့ပဲ ..............

    ReplyDelete
  6. ဟုတ်
    အဆင်ပြေသွားမှာပါလေ

    ReplyDelete
  7. လှိင်းတံပိုးတေက ဘဝရဲ့ သံစဉ်တွေလား...
    ငါကဒူးထောက်အရှုးပေးရင်း လေးဘက်ထောက်ဆက်လျှောက်နေသူပါ...
    ထွက်ပေါက်ကို အရက်တစ်ခွက်နဲ့စောင့်ကြည့်ရင်း ...
    သွန်သင်ဆုံးမလိုမရတဲ့သတိရခြင်းနဲ့...
    ခါးသက်သက်အတိတ်တေကို ရေခဲနဲ့ရောရင်း
    မျက်လုံးဆုံမှိတ်မော့ချလိုက်တယ်...
    အား........ ကောင်းလိုက်တဲ့အလွမ်းတစ်ခွက်...

    ReplyDelete
  8. အရာရာအဆင်‌ေြပသွားမှာပါ

    ReplyDelete
  9. အဆင်ပြေသွားမှာပါ☺

    ReplyDelete
  10. အဆင်ပြေမှာပါ မပြေလည်းပြေဘဲ🙄

    ReplyDelete
  11. အဆင်​ပြေသွားမှာပါကွယ်။

    ReplyDelete
  12. မင်းကိုငါလွမ်းနေကြောင်းလည်း ပြောချင်ပါသေးတယ်

    ReplyDelete
  13. အဆင်​ပြေမှာပါ တ​နေ့​နေ့

    ReplyDelete
  14. ယုံကြည်မှု အပြည့်ဖြင့်။

    ReplyDelete
  15. အရာရာဟာ...
    အဆင်ပြေသွားမှာပါ
    အဆင်ပြေသွားမှာပါ ...

    ReplyDelete

Post a Comment

Popular posts from this blog