ညီမလေးသို့

ညီမလေးရေ
တသက်လုံးအဖော်ရှာခဲ့လည်း
တကယ့်ဘ၀မှာ တစ်ယောက်တည်းပဲ မဟုတ်လား၊
လူဆိုတာ ကိုယ့်တရား ကိုယ်နာကြားပြီး
ကိုယ့်ခရီးဆီ ကိုယ်သွားကြရတာပါပဲ။

ညီမလေးရေ
လမ်းတူတိုင်းလည်း လူချင်းလွဲရပြန်တဲ့ဘ၀များ
ဘယ်တရားတော်မှာများ လောကဓံက
ညှာတာခဲ့သလဲ၊

ညီမလေးက သေးသေးလေးတဲ့ 
မမြင်ဖူးခဲ့တဲ့ ကိုယ့်ညီမလေး
ဒုက္ခနဲ့ ရင်ဆိုင်ရတဲ့အခါ ဘာမှမကူနိုင်ပါလားကွယ်။

အမှန်တရားဆိုတာ ‌
လောကဓံအပြင်းစားနဲ့ဖောက်မှ
သောက်လို့ရတဲ့ ကစော် တမျိုးထင်ပါရဲ့၊
ကိုယ်တို့မှာ ပွန်းပဲ့ရသလို
ညီမလေးမှာ ဒဏ်ရာ‌တွေ တနင့်တပိုး။

ခေတ်ဆိုးကြီးကို ရိုက်ချိုးတဲ့အခါ
နာမည်မရှိတဲ့ ကြယ်များ
ဘယ်‌ထိ ကြွေကျရဦးမလဲ၊
ဒီတစ်ခါ အိပ်တန်းပြန်တဲ့အခါ 
နွေးနွေးထွေးထွေးရှိပါစေသား။            ။

ရင်သွေး

Comments

  1. နွေးနွေးထွေးထွေးရှိကြပါစေ

    ReplyDelete
  2. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  3. နွေးထွေးမူတွေရကြပါစေ😚🥺

    ReplyDelete
    Replies
    1. နွေးထွေးပါစေ ချစ်ရတဲ့ ညီမလေး

      Delete
    2. ပြန်ဆုံပါရစေညီမလေးရေ

      Delete
    3. ဆုံချင်ပါသေးတယ် အားလုံးနဲ့ မီးပေါက်ရေ အခုဘယ်ရောက်😢

      Delete
  4. နွေးနွေးထွေးထွေးရှိပါစေသား
    #ရင်သွေး
    🙏🙏🙏

    ReplyDelete
  5. Replies
    1. နွေးနွေးထွေးထွေးရှိပါစေJanuary 17, 2023 at 1:47 AM

      ညီမလေး

      Delete
  6. "အမှန်တရားဆိုတာ ‌
    လောကဓံအပြင်းစားနဲ့ဖောက်မှ
    သောက်လို့ရတဲ့ ကစော် တမျိုးထင်ပါရဲ့"

    ReplyDelete
    Replies
    1. ကျနောက် သောက်နေတာ အဲ့ တမျိုးပဲ

      Delete
  7. ‌ေနွး‌ေထွးပါစေညီမလေးရေ

    ReplyDelete
  8. Wheel............dope.🏹🏹🏹

    ReplyDelete
  9. ​ကော်ရီး​ရေ...
    ကိုယ့်ခရီး ကိုယ်သွားတဲ့ခါ
    သတိတရားနဲ့ သွားပါ​နော်။

    ဆုံနိုင်ခြင်း မဆုံနိုင်ခြင်း​တွေဟာ
    အတိတ်ကံ အရာမို့
    စိတ်အကြံပါသ​လောက်
    ဖြစ်မလာနိုင်ဘူး​​လေ။

    အ​ချော​တွေ ကျန်နေတဲ့ ညီမ​လေးမို့
    ​လောကဓံဟာလည်း
    ​ဒေါကန်စရာ မဟုတ်ပြန်ပါဘူး​။

    ဒဏ်ရာ​တွေ အနန္တ​
    ကြုံလာရာ လူ့ဘဝမှာ
    တုပ စရာမရှိတဲ့ ​မေတ္တာ​​တွေကြောင့်
    ​​တော်လှန်​ခေတ်ဟာ
    ​မော်ဒန်​တွေ ဖြစ်လာပြန်ပါတယ်။

    ​​ကော်ရီး​ရေ...
    ကြယ်​တွေ တဖျတ်ဖျတ်​ကြွေတိုင်း
    ​လေ​ပွေရိုင်း​တွေ ရင်မှာတိုက်လို့
    ပင်လယ်လှိုင်း​တွေ မျက်ဝန်းကို ပုတ်ကြတာ
    ဒုက္ခ​တွေဟာ ကသုတ်ကရက်နဲ့လာတယ်
    အနှုတ်ပြ​လို့ စုတ်ချာနေတဲ့ ​ခေတ်ကို
    အားအင်သစ်​တွေ ပျိုးရင်း
    တိုးတိုးပြီး ပံ့ပိုးကြမယ်​နော်။

    ReplyDelete
  10. အဲ့ညီမ​လေး ...
    နွေးနွေးထွေးထွေးရှိပါစေသား။ ။

    ReplyDelete
  11. ဒီတခါ အိပ်တန်းပြန်တဲ့အချိန်
    နွေးနွေးထွေးထွေး ရှိပါစေသား။

    ReplyDelete
  12. ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ

    ReplyDelete
  13. Wheel............dope.🏹🏹🏹

    ReplyDelete
  14. နွေးနွေးထွေးထွေးရှိပါစေ ညီမလေးရေ..

    ReplyDelete

Post a Comment

Popular posts from this blog