အမေ

မိုးသားတွေက မည်းလို့မှောင်လို့
အတွေးစတွေကို 
ကောင်းကင်မှာကပ်ထားလေသလား
ငါ့အမေက ကောင်းကင်မှာဆို
ငါ့အတွေးစတို့ ကြည်လင်ပါစေ။

ငါ့အမေ ဆိုတာက
ကိုယ်ကြိုက်တာမှာ အကုန်လာချတဲ့ 
စားသောက်ဆိုင်လိုမျိုး မဟုတ်ဘူး
သူ့ရှိတာနဲ့ ခံတွင်းမြိန်စေတဲ့ 
အတုမရှိ စားဖိုမှူး၊

ငါ့အမေ ဆိုတာက
ကျောင်းမုန့်ဖိုး အလျှံပါယ်ပေးနိုင်တဲ့ 
မပူမပင် မကြောင့်မကြ 
ကြွယ်ကြွယ်ဝဝတောင် မဟုတ်ရှာဘူး
ဥပမာ -
ကျောင်းသွားတဲ့အခါ 
ထန်းလျက်ဖြင့် ထန်းလျက်
ကြံသကာဖြင့် ကြံသကာ 
ကြံဖန်ပြီး ထုပ်ပိုးပေးလိုက်တာမျိုး။

ငါ့အမေ ဆိုတာက
အရာရာတတ်သိနားလည်ပြီး 
ဘဝအောင်မြင်ရေးတွေ 
သင်ပြသွားသူမျိုး မဟုတ်ဘူး
ညှာတာထောက်ထားခြင်းနဲ့ 
ကူညီစောင်မခြင်းဆိုတာ 
ဒါပဲလို့ မပြောဘဲ ပြသွားသူမျိုး။

ငါ့အမေ ဆိုတာက
ရွှေမျိုးလို့ ပါးစပ်က အသံထွက်ပြီး
ဆွေမျိုးဆိုတာ ဒီလိုစိတ်ထားရတယ်လို့
(တစ်ခါတစ်ခါအလိုက်မသိစွာ)
နေပြသွားတဲ့သူမျိုး။

ငါ့အမေရဲ့ အမှန်တရားဆိုတာကျ 
နိမ့်ပါးသူဘက် ခပ်ပါပါ၊
တစ်သက်တာ ဒီလိုနေသွားတဲ့ ငါတို့အမေလေ။

ခုကျ...ခက်တယ်
ငယ်ငယ်ကလို 
ဖိနပ်တစ်ဖက် ပျောက်ဆုံးတာမျိုးမဟုတ်တော့ ခက်တယ်။

ခက်တယ်...
စာမေးပွဲခန်းထဲက 
ကွက်လပ်ဖြည့်ပါ ပုစ္ဆာမဟုတ်တော့ ခက်တယ်။

ခက်တယ်...
အမေတစ်ယောက် ဆုံးရှုံးတယ်ဆိုတာ
လောကဓံထဲက လောကဓံမျှသာဆိုပေမယ့်...၊

ခက်တယ်..
တစ်သက်လုံး ကိုယ်အပိုင်ရတဲ့အရာ 
တစ်ဘဝလုံး အပြီးဆုံးရှုံးသွားတာပဲလေ

တစ်ခါဝဝငိုရုံမျှနဲ့ မလောက်ငှ
ဪ ခက်လှ
မိုးသားညိုညိုဆိုတာတွေကဖြင့် 
မုန်တိုင်းရှိရင် ပြိုကျရဦးမှာ။           ။

ရင်သွေး

Comments

  1. Click with love 💕
    🍀🍀🍀🍀🍀

    ReplyDelete
  2. 💔
    အမေ့ကိုလွမ်း❤️

    ReplyDelete
  3. ​မင်း​ပြောတဲ့ အ​မေက
    ငါ့အ​မေ​တော့ မဟုတ်ပြန်ဘူးရယ်
    ဪ.. အ​မေချင်း ဘယ်တူနိုင်မလဲ။

    ReplyDelete
  4. ကမ္ဘာမြေကြီးပေါ်မှာ
    အကုသိုလ်ပန်းတွေ ဝေပုံကလည်း
    အဖူးပေါ် အညွန့်တက်လို
    တပ်မက်စရာပါလား...အမေ

    အမေရယ်
    လေတွေထန်လာလေလေ
    သားမှာ ကြေကွဲရလေလေပါဘဲ
    မိုးဦးအကျစောမယ်ဆိုတာလည်း
    တကယ်တော့
    လောကဓံတရားပါလား
    အိပ်စရာမရှိတဲ့ညတွေမှာ
    မိုးတွေသိပ်ရွာတာပဲ အမေရယ် ။

    အမှောင်နဲ့စိုစွတ်
    မိုးရေတွေရွှရွှနစ်လို
    အသံတွေတောင်ငုတ်နေခဲ့ပါပြီ အမေ ။

    အမေမသိဘူးလား
    လူတွေရဲ့ အပြုံးမှာ
    ကုန်စျေးနှုန်းတွေပါတယ် အမေရဲ့ ။
    ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
    ဆက်ဆံတတ်တဲ့လူတွေရဲ့ သဘောထားကို
    သား တူးတူးခါးခါး မုန်းတယ်အမေ ။

    #မောင်ချောနွယ်

    ReplyDelete
  5. ခက်တယ်....♡

    ReplyDelete
  6. လွမ်းတယ်ဆိုတာထက် 🥺

    ReplyDelete
  7. Wheel............dope.🏹🏹🏹

    ReplyDelete
  8. မယ်တော်ကြီးကိုလွမ်းတယ်။

    ReplyDelete
  9. ကလစ်တချက်စီတိုင်းက လိုအပ်​သော​နေရာများအတွက် အ​ထောက်အပံ့ဖြစ်ပါ​​စေ

    ReplyDelete
  10. ကိုယ့်အ​မေက​တော့ ကိုယ့်​အ​ပေါ် အရမ်းနားလည်​ပေးသူ
    မျက်နှာတစ်ချက် မညှိုး​စေချင်သူ 🥰

    ReplyDelete
    Replies
    1. ကျ​နော်က ကျ​​နော်​သေရမှာကို မ​ကြောက်ဘူး အ​မေခွဲခွာသွား​မှာ​တော့ ဘွမှာ ​ကြောက်ဆုံးပဲ

      Delete
    2. အတူတူဘဲ ဘရို🥺🤜🤛❤️

      Delete
    3. ဟုတ် ဘရို 🤜🤛🙄

      Delete
  11. Fighting
    Click,click,click........

    ReplyDelete
  12. သတိရတယ်အမေ။
    ပြီးတော့ လွမ်းတယ်......။

    ReplyDelete
  13. အမေ
    စိတ်ပင်ပန်းရတဲ့ခါတိုင်း အမေ့ကိုတမ်းတမိတယ်
    ကျနော့်ရဲ့ ပင်ပန်းမှုတွေကို အမေ့ကိုပြောပြချင်တယ်
    အမေ့ဆီက အားပေးနှစ်သိိမ့်မှုကိုလိုချင်တယ်
    မဖြစ်နိုင်မှန်းလည်းသိပါတယ်..
    ဒါပေမယ့်အမေရယ်..

    ReplyDelete

Post a Comment

Popular posts from this blog