ပြဿဒါးများ - ၃
ဆရာဝန်ကို ခေါ်ပေးပါဗျို့
နိုင်ငံရေးအကြောင်း ငြင်းစရာ
ကမ္ဘာကြီးအကြောင်း ရှင်းစရာ
အချက်အလက်တွေရှိနေတယ်
မျက်မှန်ထူထူနဲ့
စေ့စပ်လက်စွပ်ကိုစွပ်ထားတယ်
သူပြုံးပြတာပေါ့
“အခြေအနေကောင်းရဲ့လား”
“နည်းနည်းမှမကောင်းဘူးဆရာ”
ကျွန်တော်ကြိုက်တဲ့ အဆိုတော်က နားသွားပြီ
ချစ်ရသူတွေက သေသွားပြီ
ကျွန်တော်ပဲ ညသန်းခေါင်မှာ
လရောင်ကိုရှာနေရင်း လမ်းပျောက်နေတယ်။
ကျွန်တော်ရေးထားတာတွေ ဖတ်ပါဦး ဆရာ
ဒီစာသားတွေကို ဘယ်သူမှ နားမလည်ဘူး
ဒါပေမဲ့...
ဒါက ကျွန်တော့်အတွေ့အကြုံတွေလေ
ထပ်ပြီးတော့ ဘာမှမရေးနိုင်တော့ဘူးဆရာ
အားလုံးကိုသယ်ဆောင်နေရတာ ပင်ပန်းနေပြီ
ကျွန်တော်အကြိုက်ဆုံးအရာကို
လုပ်ရတာတောင် ကျွန်တော်မုန်းနေပြီ။
ကမ္ဘာကြီးက
စောက်တလွဲတွေအပြည့်
လွဲတာကို လွဲတာလို့ပဲ မြင်တတ်တာကြောင့်
မျက်လုံးမမြင်ရတော့အောင် ဓါးချွန်ချွန်ပေးပါ။
စိတ်ထဲကမပါတဲ့ စကားတွေပဲကြားရတာကြာတော့
ဟာသတွေလည်း မရယ်ရတော့ဘူး ဆရာ
နားပိတ်စေမယ့် ဂွမ်းစတစ်မျိုးပေးပါ ဆရာ
နှလုံးတွေခုန်သရွေ့
နာကျင်မှုဆိုတာရှိတယ်ဆိုရင်
သေဆေးတစ်တောင့်ပေးပါ
"ဒီမှာဆေးဖိုး"...။
ဆရာဝန်က ငြိမ်သက်စွာ နားထောင်ပြီးတော့
ဆေးတစ်ခုထပ်ပေးတယ်
Antidepressantsလေးတွေ သောက်ပေးပါ
အဆင်ပြေသွားမှာပါ တရားလည်းထိုင်ပါ
နောက်ဆုံးကျ
အမှန်တရားကို စ သဘောပေါက်တယ်
ဆရာလည်းပဲ နားမလည်ရှာဘူး...။
အချင်းချင်းသတ်တဲ့နိုင်ငံမှာ
မျိုးချစ်စိတ်ဆိုတာလည်း ငါအယုံအကြည်မရှိဘူး
ကားကောင်းကြီးနဲ့ ရောက်လာ
စင်ပေါ်မှာ ခပ်တည်တည်ပြောသွားတဲ့
ငါတို့လူမျိုးအတွက်
ငါတို့တိုက်မယ်ဆိုတဲ့
တော်လှန်ရေးလည်း ငါမယုံဘူး။
"ဘယ်သူက လူမျိုးကြီးလုပ်နေတာ" ဆိုတဲ့ စွဲချက်တွေနဲ့
'Victim role'ကို ကြာကြာကစားသရွေ့တော့
ဘယ်သူမှ ရန်သူကို မြင်ဖို့မရှိဘူး
ဪ ဟုတ်တာပေါ့...။
နောက်ထပ်
အငြင်းပွားဖွယ် စာကြောင်းအချို့ထပ်ရေးမိပြန်ပြီ
အမြင်တွေနဲ့ ကြည့်နေရင်တော့
အားလုံးက မှန်နေဦးမှာပဲ
မင်းတို့တွေပဲ အခွင့်အရေးယူနေတာ
မင်းတို့တွေပဲ
မင်းတို့တွေပဲ
ထောင်ထမင်းစားရတာတောင်
ကြက်ဥပြုတ်အလုံးပိုကြီးသူက
လူမျိုးကြီးဖြစ်ရတယ်ပေါ့လေ...။
ဟားတိုက်ပြီးသာ ရယ်လိုက်ချင်
ပုလင်းထဲက ပုရွက်ဆိတ်အနီ နဲ့ အနက်ဟာ
အတူတူငြိမ်းချမ်းစွာနေတယ်
ပုလင်းကို လှုပ်လိုက်တဲ့အခါ
အချင်းချင်း သေတဲ့အထိ သတ်ကြတယ်တဲ့
ပုလင်းဘယ်သူလှုပ်တယ်ဆိုတာ မမြင်သရွေ့
စွပ်စွဲကြဦးမယ် သတ်ကြဦးမယ်။
တိုက်ပုံဝတ် လူကြီးမင်းများခမျာ
သွေးနဲ့ရေးတဲ့ ကျောက်စာမှာ
နာမည်ပါချင်ဇော မများပါနဲ့
အဆုံးကျ သေတဲ့သူက သေသွားပြီး
မေ့ပျောက်တာပဲခံရမှာ...။
ယူပါ 'နာမည်တွေ ဘွဲ့တွေ'
ပျော်မယ်ဆိုရင်ပေါ့...
ကျွန်တော်တို့ကတော့ ဘယ်သူမှပျော်မနေဘူး
ကလောင်တံက ဒီမှာတင် ကျိုးထွက်သွားခဲ့တယ်။
“နောက်တစ်ပတ်ပြန်လာခဲ့ပါ
အခြေအနေ ပိုကောင်းမကောင်း စစ်ပေးပါ့မယ်”...။ ။
Tommy
Click with love 💕
ReplyDelete🍀🍀🍀🍀🍀
🔥 မိုက်ချက်
ReplyDeleteကမ္ဘာကြီးက
Deleteစောက်တလွဲတွေအပြည့်
လွဲတာကို လွဲတာလို့ပဲ မြင်တတ်တာကြောင့်
မျက်လုံးမမြင်ရတော့အောင် ဓါးချွန်ချွန်ပေးပါ။
Tommy
🔥
Delete👊
DeleteAppreciate.
Delete💙💝💙
Deleteဘယ်တော့များလဲ
ReplyDeleteလွမ်းလိုက်တာ 🥺
Deleteလွမ်းလို့ရပါတယ်
Deleteနှလုံးတွေခုန်သရွေ့
ReplyDeleteနာကျင်မှုဆိုတာရှိတယ်ဆိုရင်
သေဆေးတစ်တောင့်ပေးပါ
"ဒီမှာဆေးဖိုး"...။
ကမ္ဘာကြီးက
ReplyDeleteစောက်တလွဲတွေအပြည့်
လွဲတာကို လွဲတာလို့ပဲ မြင်တတ်တာကြောင့်
မျက်လုံးမမြင်ရတော့အောင် ဓါးချွန်ချွန်ပေးပါ။
Tommy
စိတထဲမပါတဲ့စကားတွေပဲကြားနေရ တာကြာတော့ ဟာသတွေလည်းမရယ်ရတော့ဘူး
ReplyDeleteစောက်တလွဲဖြစ်ပုံတွေက
ReplyDeleteပြောမကုန်တဲ့ မြန်မာပြည်
ငါ သိပ်မုန်းတဲ့ မြန်မာပြည်။
စာသားတွေ ကောင်းလိုက်တာ
ReplyDeleteTill the end
ReplyDeleteFighting together 💪
🤍
ReplyDeleteယူပါ 'နာမည်တွေ ဘွဲ့တွေ'
ReplyDeleteပျော်မယ်ဆိုရင်ပေါ့...
#Tommy
Done 💙🍀
ReplyDelete🍁🍁
ReplyDeleteFighting💪
ReplyDelete❤️
ReplyDelete🏞
ReplyDeleteစာသားတွေ ထိမိလွန်းတယ်ဗျာ
ReplyDeleteလုံခြုံဘေးကင်းတဲ့ဘဝတွေဆီသို့အမြန်ရောက်ရှိနိုင်ကြပါစေ။
ReplyDeleteAppreciate.
ReplyDelete😡 အယုံအကြည်မရှိ
ReplyDeleteလုံးဝကန့်ကွက်သည် ...
@ စစ်အာဏာရှင်မှ ...
ကျင်းပပြုလုပ်မည့်
တရားမျှတမှုမရှိသော ...
"ရွေးကောက်ပွဲ"အား အယုံအကြည်မရှိ
လုံးဝ(လုံးဝ)ကန့်ကွက်သည်။
ပြည်သူများကိုယ်စား
🥷 စစ်မင်း ထက်သာ
ကောင်မလေးရေ...
ReplyDeleteညီညွတ်ကြရအောင်နော်။
"ကျွန်တော်အကြိုက်ဆုံးအရာကို
ReplyDeleteလုပ်ရတာတောင် ကျွန်တော်မုန်းနေပြီ။"
🔥
DeleteWheel............dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
DeleteDone
ReplyDeleteDone
ReplyDeleteDone ✅
ReplyDeleteDone♥
ReplyDeleteကမ္ဘာကြီးက
ReplyDeleteစောက်တလွဲတွေအပြည့်
🔥
Delete☻️
DeleteFighting
ReplyDeleteGood poem
🍁🍁🍁
ReplyDelete🍁🍁🍁
ReplyDelete🍀🍀🍀
Delete👍👍👍👍👍
ReplyDelete💪💪💪
ReplyDeleteFighting
ReplyDeleteClick,click,click.......
ကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDeleteFighting
ReplyDeleteClick,click,click........
👍
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete🍀
ReplyDeleteFighting
ReplyDeleteClick, click,click......
👍
ReplyDelete💪
ReplyDelete