ပြဿဒါးများ - ၂
ဘဝအကြောင်း ကဗျာရေးမလား
အများကြီးပဲပေါ့
သေတဲ့တိုင်အောင် မပြည့်စုံဘူး။
အချစ်အကြောင်း ကဗျာရေးမလား
ကမ္ဘာဦးစကတည်းက ရေးလိုက်တာ
ဒီနေ့အထိ
ချစ်ကြတုန်းမလို့ ရေးဖြစ်ကြတုန်းပေါ့။
အနှစ်၆၀…..
ဘယ်လောက်မှန်း မသဲကွဲတော့တဲ့
ခေါင်းထဲက ဂဏန်းတွေထဲမှာ
လူသန်းချီပိတ်မိနေတဲ့ ကမ္ဘာတစ်ခုရှိတယ်
အဲ့ထဲမှာ
ဘုရားကလည်း အရောင်တွေ ဝင်းလို့
သာသနာ၊ဘာသာ၊နိုင်ငံရေးက စလို့
မိဘနဲ့ သားသမီးကြားမှာအထိ
နတ်ဆိုးတစ်ကောင်က ခြယ်လှယ်တယ်
"ငွေ"
ကလေးတွေကို ပထမနေရာအတွက်
အချင်းချင်းသတ်ဖြတ်ဖို့ သင်ကြားပေးထားတယ်
ငါကလည်း
ငွေကြောင့်ရှင်လို့ ငွေကြောင့်သေမပေါ့
ငွေရှိရင်...
ပတ်ဝန်းကျင်ကလည်း ပြုံးပြုံးပြတယ်
ဥပဒေကလည်း နတ်ဆိုးကို အလေးပြုတယ်။
ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ကမ္ဘာတစ်ခုမှာ
ဂေါပက တစ်ခွက်ချပြီး ရီဝေဝေနဲ့ပြောတယ်
လူငယ်တွေက
အရိုအသေသိပ်မဲ့တာ ဒယ်အိုးဆင်းမယ့်ကောင်တွေ
ငရဲခန်း ဒန်းဆေးနဲ့ ခြောက်မှတော့
ဘာသာမဲ့လာတာက မကောင်းတဲ့ရလာဒ်လို့
အော်နေတာက မမှန်သေးဘူး။
ကောင်းဆိုးချမ်းသာ ငွေကြွေလောင်းလို့
အရောင်းအဝယ်ဖြစ်စေသတည်း
ဘုရားသခင်၏ စီးပွားရေးမှာ
သူတို့က ပွဲစားတွေပါပဲ။
သွေးစက်ကို မင်လိုသုံးပြီး
ပုံနှိပ်ရေးတဲ့ ပိုက်ဆံနဲ့
ထမင်းဝယ်စားသူတွေရယ်
သွေးစက်ကို မင်လိုသုံးပြီး
ပုံနှိပ်ရေးတဲ့ အနုပညာကို ခံစားကြသူတွေရယ်၊
အသွေးအသားကို ဖြတ်ထုတ်ပြီး
တည်ထားတဲ့ ဘုရားကို ရှိခိုးနေကြသူတွေရယ်
အားလုံးက မှန်နေတယ်လို့ တကယ်ပဲယုံကြည်သလား
မမှန်တာကို သိသိလျက်နဲ့ နှုတ်ပိတ်ထားသလား
နှုတ်ပိတ်တာလွန်ပြီး ဆွံ့အသလား။
တစ်ယောက်တည်း မေးခွန်းအများကြီးရှိနေတယ်
တချို့အတွက်က အဖြေရှိတယ်
တချို့အတွက်က အဖြေကမတွေ့သေးဘူး
တချို့အတွက်က အဖြေကိုမရှိတာ။
အိုး…..အရှင်ဘုရား
မေတ္တာတရားဆိုတာကို
မိသားစုဝင်တွေ
အသတ်ခံရတဲ့သူတွေကို ဟောကြည့်ပါလား။
လောင်ဇူက ပါးရိုက်ခံရတယ်
ဒီမှာက
ယဉ်ကျေးသိမ်မွေ့ကြရှာပါတယ်
တိတ်တိတ်လေးပဲ လက်သီးတွေဆုပ်
မျက်ရည်တွေကျ တောက်တွေခေါက်ပေါ့။
ငါက
လောကကြီးရဲ့ အပြင်ကိုထွက်နေတာမဟုတ်ပါဘူး
ခွတိုက်ပြီး
လိုက်ဝေဖန်နေတာ သက်သက်လည်းမဟုတ်ပါဘူး
အတုအယောင်၊
အစုတ်အပြတ်တွေကိုပဲ
အရသာခံတတ်တဲ့ ဆေးတွေပဲစားလို့
ထုံနေတဲ့လျှာပေါ်ကို တင်ပေးတဲ့
ငရုတ်သီးတစ်တောင့်ပါပဲ...။
စပ်ကြစေသတည်း...။ ။
Tommy
ဒီမှာက
ReplyDeleteယဉ်ကျေးသိမ်မွေ့ကြရှာပါတယ်
တိတ်တိတ်လေးပဲ လက်သီးတွေဆုပ်
မျက်ရည်တွေကျ တောက်တွေခေါက်ပေါ့။
Crd to Tommy
💪✊
Delete🤜🤛
DeleteAppreciate.
Deleteအိုး…..အရှင်ဘုရား
ReplyDeleteမေတ္တာတရားဆိုတာကို
မိသားစုဝင်တွေ
အသတ်ခံရတဲ့သူတွေကို ဟောကြည့်ပါလား။
#Tommy
🔥
DeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
"ထုံနေတဲ့လျှာပေါ်ကို တင်ပေးတဲ့
ReplyDeleteငရုတ်သီးတစ်တောင့်ပါပဲ...။"
🔥🔥 မိုက်
အလွင့်ကြီးနော်👍
Delete👍
Delete✊✊✊
ReplyDeleteမိုက် 🔥
ReplyDeleteကဗျာထဲကအမှန်တရားများ ။
ReplyDelete💯
Deleteစပ်ကြစေသတည်း...
ReplyDeleteTill the end
Fighting together 💪
Was
ReplyDelete💛
ReplyDeleteအားလုံးလုံခြုံဘေးကင်းတဲ့ဘဝတွေဆီသို့အမြန်ရောက်ရှိနိုင်ကြပါစေ။
ReplyDelete🙏🙏🙏
DeleteAppreciate.
ReplyDeleteDone ✅
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDelete🙏🙏🙏
Delete😔😔😔
ReplyDeleteကဗျာက ရှယ်မိုက် ထိမိ 🤎
ReplyDelete😇😇😇😇😇😇
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete
ReplyDeleteအချစ်အကြောင်း ကဗျာရေးမလား
ကမ္ဘာဦးစကတည်းက ရေးလိုက်တာ
ဒီနေ့အထိ
Done
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete🌳🌧
ReplyDeleteကဗျာရေးသားချက်က
ReplyDeleteကောင်းချက်။
🍀🌧️
ReplyDeleteFighting
ReplyDeleteClick,click,click.....
💪
ReplyDelete😔
ReplyDelete