ပြဿဒါးများ - (၁)
ပြက္ခဒိန်ကို လက်ထောက်လို့ ကြည့်လိုက်
ပြဿဒါး နီနီလား
ရက်ရာဇာ အရောင်ပြာပြာလေးလား
တစ်လလုံးက နီရဲနေတယ်
(ပိတ်ရက်မဟုတ်)
Can’t wake up from the nightmare
And started to know that
This is reality
It’s really rare
But no one can bear
I dare you !
Keep reading,
ရိုးရိုးသားသား ဈေးရောင်းရင်း
ကျည်မှန်သွားတဲ့ ခေါင်းပေါ်ကအပေါက်နဲ့ အလောင်းမှာ
မျှော်လင့်ချက်တွေ မီးပျက်ကုန်တဲ့ မိသားစုတွေရှိတာ
ဘယ်သူမှ နားလည်ကြတာမဟုတ်ဘူး၊
Sad reaction လေးပေးပြီးရင်
ဂိမ်းဆော့ပြတာ ဆက်ကြည့်ကြတယ်။
စိတ်ညစ်လိုက်တာဗျို့
ကလပ်သွားရအောင်
ဘီယာလေး ဝိုင်လေးချ အငွေ့လေးရှိုက်
မိတ်ကပ်အပေါစားလေးအုပ်ရင်း
မျက်နှာဖုံး မိန်းမပျိုတွေနဲ့ပျော်ပါးကြ။
မမေ့ကြနဲ့ဦး
မျက်နှာဖုံးက မျက်နှာမဟုတ်ဘူး၊
ကျောင်းပေါက်ဝမှာတင်
သေသွားတဲ့ သွေးကွက်က
အငွေ့တောင်မပြန်လိုက်ရ
မြောင်းထဲကို စီးမကျလိုက်ရခင်
အဖြူနဲ့ အစိမ်းလေးကို ဝတ်ကာ
သားသား ကျောင်းသွားမယ်။
ထမင်းစားခြင်းနှင့်
ထမင်းချက်ခြင်းသည် မသက်ဆိုင်ပေ
ဆာတဲ့သူချက်ကြ
ငါတို့ကတော့ ကျက်ရင်စားမယ်
မချက်ရင် အစုတ်အပြတ်ကောက်ဝါးမယ်
စက်ဝိုင်းကိုကြည့်ရင်း အစရှာရသလို
"ဘယ်ကစသလဲ" ဆွဲတဲ့သူမေးပါရစေ
အိုး ဘုရားသခင်
အသင်သည် ကောင်းတာတွေ ဖန်တီးလေတော့
ဆိုးကျိုးသည် ရလာဒ်ဖြစ်စေလေသလော
ဘုရားသခင်ကား သိပ္ပံနည်းကျလှပါဘိ
အာမင်...။
ယုံကြည်ချက်နောက် လိုက်တဲ့ကဗျာတွေ
"အိမ်လွမ်းတယ်" တဲ့
ရဲဘော်ငယ်တွေက ဖြူစင်စွာပဲပြောကြပါတယ်
ဒါပေမယ့်...
ရေပြင်ပေါ်ကို အရှိန်နဲ့ ဖြတ်လျှောက်နေကြသူတိုင်း
ရေအောက် ဘယ်လောက်နက်လဲ နားလည်ကြတာမဟုတ်
နစ်မြုပ်သွားမှ မထိုက်တန်တဲ့ နာကျင်မှုတွေခံကြရပေါ့။
အမြစ်ကစလို့ ပုပ်သိုးနေတဲ့ ဦးနှောက်ထဲမှာ
တော်လှန်ရေးဆိုတာ
ပေါက်လာတဲ့ အဆိပ်ပင် အသီးတွေကို ခူးစားကြ
နောက် တစ်မျိုးဆက် အဆိပ်သင့်သေကြပြန်ပြီ။
ငါသွားမှဖြစ်မယ်
ငြိမ်းချမ်းဖို့ပါ
ဘယ်သူငြိမ်းချမ်းဖို့လဲ ခင်ဗျားလား နိုင်ငံလား
မီးထဲခုန်ဆင်းပြီး သစ္စာမှန်ကြောင်းပြကြပေမယ့်
လောင်စာတွေပဲ ပြန်ဖြစ်နေကြတယ်။
ထွီ !
ပါးဆယ်ချက်ရိုက်မယ့် အစိုးရကို
ရှစ်ချက်ပဲရိုက်မယ့် အစိုးရနဲ့ လဲရတဲ့နောက်မှာ
မျိုးဆက်တစ်ဆက်ကတော့
သွားတွေ ကျွတ်ထွက်သွားတယ်ပေါ့လေ
ကြေညာစာတမ်းတစ်ခုအတွက်
" အသက် ဘယ်နှစ်ချောင်းကျပါသလဲ "
ဘုရားသခင်ကကို စီးပွားရေးဆန်တာပဲလေ
သူဖန်ဆင်းတာကလည်း အပေးနဲ့အယူပဲပေါ့
သည်းခံနိုင်စွမ်း အားလုံးယူလိုက် !
" နှလုံးသားထဲစီးကျတဲ့
အမုန်းတရားတွေ ပြန်ရစေရမယ် "
မင်းတို့ မိဘကို
မင်းတို့ အော်ဟစ်ပြီးပြောခဲ့တယ် !
" ကျွန်တော်တို့က မွေးဖို့ မတောင်းဆိုပါဘူး "
ဒါပေမယ့် နိုင်ငံတော်ကျ
အကြွေးတွေ မင်းအပေါ်တင်ထားတယ်
အမေရိကန်မှာ ပညာသင်ကြွေးတွေ ပြန်ဆပ်တယ်
'ပိုက်ဆံ' နဲ့
ဒီနိုင်ငံမှာတော့
တစ်မျိုးဆက်အကြွေး နောက် တစ်မျိုးဆက် ဆပ်တယ်
'မျိုးချစ်စိတ်' နဲ့
'နိုင်ငံ့သားကောင်းပါ' တဲ့
စာရိုက်တာ
ဝစ္စနှစ်လုံးပေါက် ကျွံနေတဲ့ သားကောင်တွေပါ။
သွေးတွေလောင်းချထားလို့ ပွင့်တဲ့ပန်းကို
ခေါင်းပေါ် ပန်ရဲတဲ့ စိတ်ရှိတာ
ဒီပျိုမေတို့ကို နားလည်ပေးလို့ကိုမရ
အားလုံးက ကိုယ့်အမြင်နဲ့ကိုယ် မှန်နေမှတော့
ငါ့လက်ထဲက အိပ်ဆေးဘူးဟာလည်း
ငါ့အတွက် အမှန်တရားတစ်ခုဖြစ်ရမပေါ့
ပြက္ခဒိန်ကို ထောက်ကြည့်
ဒီနေ့ 'ပြဿဒါးနေ့ပဲ'...။ ။
Tommy
အယ် ဘယ်သူမှမရှိသေးဘူး😊
ReplyDeleteအာ့ဆိုဖက်စ်ပေါ့ 😁
Delete☺️☺️
DeleteAppreciate.
Delete💕
Delete
ReplyDeleteClick with love 💕
🍀🍀🍀🍀🍀
Wheel............dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
DeleteAppreciate.
Delete'မျိုးချစ်စိတ်' နဲ့
ReplyDelete'နိုင်ငံ့သားကောင်းပါ' တဲ့
စာရိုက်တာ
ဝစ္စနှစ်လုံးပေါက် ကျွံနေတဲ့ သားကောင်တွေပါ။
#Tommy
သွေးတွေလောင်းချထားလို့ ပွင့်တဲ့ပန်းကို
ReplyDeleteခေါင်းပေါ် ပန်ရဲတဲ့ စိတ်ရှိတာ
ဒီပျိုမေတို့ကို နားလည်ပေးလို့ကိုမရ
👍🏻👍🏻👍🏻👍🏻👍🏻👍🏻
👍👍👍
Delete🤝
Deleteပြဿဒါးနေ့တွေ ဝေးပါစေကွာ
ReplyDeleteTill the end
ReplyDeleteFighting together 💪
ထမင်းစားခြင်းနှင့်
ReplyDeleteထမင်းချက်ခြင်းသည် မသက်ဆိုင်ပေ
ဆာတဲ့သူချက်ကြ
ငါတို့ကတော့ ကျက်ရင်စားမယ်
မချက်ရင် အစုတ်အပြတ်ကောက်ဝါးမယ်
#Tommy
ရက်ရာဇာ အရောင်ပြာပြာလေးကို မျှော်လင့်လျှက်
ကိုယ်လျှောက်နေတဲ့ကတ္တရာလမ်းပေါ်မှာစီးကျခဲ့တဲ့သွေးတွေကိုမေ့ပြီး မော်ကြွားနေနိုင်တာ နားမလည်နိုင်သေးဘူး
ReplyDeletecom ရေးထားတာ ဘယ်သူယူသွားတာလဲ🙄
ReplyDeleteဗိုက်ချာလာလို့ ပါ 😁
Deleteမမလက်ချက်ကို ရော့မမ စား🍇🍎🍍🥕🍉🍓
Deleteမီးပေါက်ရေဖိုက်တင်းနော်
Deleteအခုလည်းဘယ်ရောက်
DeleteDone ✅
ReplyDeleteဒီတစ်ဆောင်းကုန်လည်း
ReplyDeleteကိုယ့်မှာ
ပေါင်မုန့်တစ်လုံးဟောင်းသလို
ဟောင်းရုံသာ
ဒါပေမယ့်
သူ့မှာ
ရင်ခုန်စရာ ဂဃနဏမရှိ။
ပန်းကလေးရေ...
ပန်းကလေးရဲ့ကောင်းကင်
မြန်မြန်အရွယ်ရောက်စေချင်လှပေါ့
နှင်းကျတာ ၊နေထွက်တာ...ပန်းပွင့်တာ
ပြီးတော့ ကဗျာရွတ်တာ
သဘာဝတရားကိုမှ မယုံရင်
မင်းနဲ့ငါ
ဘာကိုယုံမလဲ။ ။
မောင်သိန်းဇော်
ပြဿဒါးရက်ပေါင်းများစွာ
ReplyDelete❤️
Delete♡
ReplyDelete...
DeleteSad but true.😔
ReplyDeleteFighting💪
ReplyDeleteDone
ReplyDeletedone😘
ReplyDeleteWe Must Win nlt
ReplyDeleteDone
ReplyDeleteDone
ReplyDeletedone😘
ReplyDeleteDone ✅
ReplyDeleteDone♥
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDeleteထမင်းစားခြင်းနှင့်
ReplyDeleteထမင်းချက်ခြင်းသည် မသက်ဆိုင်ပေ
ဆာတဲ့သူချက်ကြ
ငါတို့ကတော့ ကျက်ရင်စားမယ်
မချက်ရင် အစုတ်အပြတ်ကောက်ဝါးမယ်(မချက်တော့ ခုရှိတာ ကောက်ဝါးနေတာ 😁😁😁)
Done
ReplyDeleteDone
ReplyDeleteFighting
ReplyDeleteI like this poem.
Done
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteFighting
ReplyDeleteClick,click,click........
Done🕊
ReplyDeleteFighting
ReplyDeleteClick,click,click..........
😘
ReplyDelete🍀🌳
ReplyDelete