အမိန့်
အမိန့်ဟာ အထက်ကလာတယ်
အမိန့်က
"ခန့်ခန့်ကြီးဓာတ်ပုံတိုက်"မှာ
ခန့်ခန့်ကြီးဓာတ်ပုံရိုက်ခဲ့။
အမိန့်ဆိုတာ
ရုပ်ရှင်လား ရုပ်သေလား မသေချာဘူး။
အမိန့်အရဆို
ရွယ်ရုံပဲလား ရိုက်ရော မရိုက်ခဲ့ဘူးလား။
အမိန့်မှာ
ရဟန်းသံဃာမရှိ
ပြည်သူပြည်သားမရှိ
ကျောင်းသားကျောင်းသူမရှိ၊
အမိန့်ဟာ
ဘီလူးဆိုင်းတီးတဲ့အခါ
"မိုးပေါ်ကို ထောင်မပစ်ဘူး"လို့ ပြောတယ်။
အမိန့်ဟာ
လေချိုသွေးတဲ့အခါ "မိဘပြည်သူများခညာ"လို့
ညောင်နာနာ အသံထွက်တယ်။
အမိန့်အတိုင်း
ဂုဏ်သိက္ခာမရှိတဲ့ သေနတ်ပြောင်းဟာ
စာသင်ခန်းနဲ့ လမ်းမတွေပေါ် လှည့် လှည့်လာတယ်။
အမိန့်ရဲ့ဥပဒေသက
ငါနဲ့မတူ ငါ့ရန်သူဖြစ်တယ်
ငါ့ကိုကာကွယ်ရေးအမြင် ရှိရမယ်
အမိန့်အထပ်ထပ်ရဲ့
နောက်ဆက်တွဲ ဖြစ်ရပ်များကို
"ပက်ပုန်း"မှာ search လုပ်ပါ...။
အမိန့်ဟာ
နာဇီဝါဒ လက်သစ်လား
ဖက်ဆစ်ဝါဒ လက်သစ်လား
နှစ်မျိုးလုံးလား...၊
အမိန့်မှာ
တစ်သွေးတစ်သံ မကဘူး
သွေးဟာ တစ်ပြည်လုံးချောင်းစီးလို့
အသံဟာ 'ခွေးအ' လို အူလို့။
အမိန့်ရဲ့
လက်ကျန်သက်တမ်းမှာ
ကြောက်ရွံစရာတွေနဲ့ ဗျာပါဒများလာ
အမိန့်ဟာ
မိန့်မိန့်ကြီးထိုင်နေရင်းကနေ
ကတုန်ကယင်ဖြစ်လာ...။
အမိန့်အရ
ဘုရားအဆူဆူတည်ပြီး
ထီးအစင်းစင်း တင်သခဲ့တာပဲ
အမိန့်ဟာ
အပါယ်တံခါးကို မပိတ်စေဘူး
ကမ္မနိယာမကို မလွန်ဆန်နိုင်ဘူး။
အမိန့်ဟာ
ထွက်ပေါက်မရှိတဲ့အခါ အမိန့်ပိုဆန်လာ
အမိန့်ဟာ
သူ့အာဏာ သူလက်ယက်ရင်းက
ကယောင်ကတမ်း အော်မြည်လို့
ပိုပြီးစုတ်ပြတ်သတ်လာတယ်
အောက်တန်းစားဆန်လာတယ်။
အမိန့်ဟာ
"အထက်ကလာတယ် အထက်ကလာတယ်"နဲ့
အရူးချေးပန်း ဖြစ်လာပြီးတဲ့နောက်...၊
အမိန့်ခမျာ
ရုပ်ပျက်ဆင်းပျက်နဲ့
အဝီဇိကို ဇောက်ထိုးဆင်းသွားတော့တာပဲ။ ။
ကေဇဝင်း
၂၀၁၅
Mar 3 2021 မုံရွာတွင် ရုပ်အလောင်းကျဆုံးသည်။
Respect & Credit to Poet K.ZaWin
အမိန့်ဟာပိုပြီးစုတ်ပြတ်သတ်လာတယ် အောက်တန်းစားဆန်လာတယ်
ReplyDeleteစစ်ခွေးနိဂုံး2023
Delete🕊️🕊️🕊️
ReplyDeleteAppreciate.
Delete🥰
Deleteအမိန့်ဟာ
ReplyDeleteလေချိုသွေးတဲ့အခါ "မိဘပြည်သူများခညာ"လို့
ညောင်နာနာ အသံထွက်တယ်။
အမိန့်အတိုင်း
ဂုဏ်သိက္ခာမရှိတဲ့ သေနတ်ပြောင်းဟာ
စာသင်ခန်းနဲ့ လမ်းမတွေပေါ် လှည့်လာတယ်။
#ကေဇဝင်း
လက်ရှိဖြစ်ပျက်နေသောအခြေအနေ
ReplyDelete❤️
DeleteClick with love 💕
ReplyDelete🍀🍀🍀🍀🍀
အခုဖစ်နေတဲ့ အခြေအနေတွေဘဲ
ReplyDeleteအမိန့်တဲ့
Delete🌱🍂🍁
DeleteAPPRECIATE.
ReplyDeleteအမိန့်
ReplyDeleteအမိန့်ဟာ
ReplyDelete"အထက်ကလာတယ် အထက်ကလာတယ်"နဲ့
အရူးချေးပန်း ဖြစ်လာပြီးတဲ့နောက်...၊
အမိန့်ခမျာ
ရုပ်ပျက်ဆင်းပျက်နဲ့
အောက်ကို စောက်ထိုးဆင်းသွားတော့တာပဲ။
အမိန့်အရ
ReplyDeleteဘုရားအဆူဆူတည်ပြီး
ထီးအစင်းစင်း တင်သခဲ့တာပဲ
အမိန့်ဟာ
အပါယ်တံခါးကို မပိတ်စေဘူး
ကမ္မနိယာမကို မလွန်ဆန်နိုင်ဘူး။
ကေဇဝင်း
အမိန့်ဆိုပဲ...
ReplyDeleteThis comment has been removed by the author.
ReplyDeleteအောက်တန်းစားအထက်အမိန့်က နောက်ဆုံးမှာတော့စုတ်ပြတ်သတ်ပြီးအောက်ကိုဇောက်ထိုးဆင်းသွားရမှာအသေအချာပဲ
ReplyDeleteTill the end
ReplyDeleteFighting together 💪
Was
ReplyDeleteDone ✅
ReplyDeleteအားလုံးလုံခြုံဘေးကင်းတဲ့ဘဝတွေဆီသို့အမြန်ရောက်ရှိနိုင်ကြပါစေ။
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDelete🙏🙏🙏
DeleteDone
ReplyDeleteအနှစ်တွေဗျာ
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteWheel............dope.🏹🏹🏹
Deleteအမိန့်
ReplyDeleteGood poem
ReplyDelete💔
ReplyDelete😇😇😇😇😇😇
ReplyDelete💔
ReplyDeleteအမိန့် ဆို ဘာအမိန့်မှ မကြိုက်ဘူး
ReplyDeleteအမိန့် အသံဟာ 'ခွေးအ' လို အူလို့။
ReplyDeleteကလစ်ပီးရင်းClick
ReplyDeleteDone
ReplyDeleteFighting
ReplyDelete💔
ReplyDeleteFighting
ReplyDeleteClick,click,click.........
အမိန့်ခမျာ
ReplyDeleteရုပ်ပျက်ဆင်းပျက်နဲ့
အဝီစိကို ဇောက်ထိုးဆင်းသွားတော့တာပါဘဲ။
🙂
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete