When breath becomes air
(Paul Kalanithi)
ခုနောက်ပိုင်း လူငယ်တွေ တဖွဲ့တနွဲ့ရေးထားတဲ့ အချစ်ဝတ္ထုတွေကို တခမ်းတနား လုပ်ပြီး ပြောနေကြ၊ ရေးနေကြတာတွေ တွေ့တော့ တကယ့် ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လိုအရာလဲဆိုပြီး လက်တွေ့ကျကျ ရိုးရိုးရှင်းရှင်းလေး ရေးပြထားတဲ့ စာအုပ်လေးတစ်အုပ်ကို အမြည်းလေး ပေးချင်စိတ်ပေါ်မိတယ်ခင်ဗျာ။
ဒီစာအုပ်လေးကို ပထမဆုံး ဖတ်မိတာက ဘာသာပြန် စာအုပ်လေးအနေနဲ့ပါ။
"When breath becomes air" ဆိုတာကို "ဝင်သက်ထွက်သက်တို့ ရပ်တန့်သွားသောအခါ" လို့ ဘာသာပြန်ထားတဲ့ ဆရာရဲ့ အရေးအသားဟာ ကာလအတော်ကြာအောင် စိတ်နှလုံးကို ညွှတ်နူးစေနိုင်ခဲ့ပါတယ်။
ခုတစ်ခါ မူရင်းစာအုပ်လေးဖတ်မိတော့လည်း ဖတ်ပြီး ပြီးသွားတာမျိုး မဟုတ်ပဲ တွေးစရာလေးတွေ ပြောစရာလေးတွေကျန်နေခဲ့ပြန်ရောပေါ့ဗျာ။ ဆိုတော့... နည်းနည်းလေရှည်မယ်ပေါ့
ဒီစာအုပ်လေးဟာ အမေရိကန်နိုင်ငံက အသက် ၃၆နှစ်သာ ရှိသေးတဲ့ Paul Kalanithi ဆိုတဲ့ ဦးနှောက်နဲ့ အာရုံကြောခွဲစိတ်အထူးကု ဆရာဝန်တစ်ယောက်က သူကိုယ်တိုင်အဆုတ်ကင်ဆာ နောက်ဆုံးအဆင့် ဖြစ်နေတာကို သိပြီးချိန်ကစလို့ နောက်ဆုံး အသက်သေဆုံးချိန်အထိ သူ့ရဲ့ ကျန်ရှိနေတဲ့ ဘဝသက်တမ်းကို ဘယ်လို ရင်ဆိုင်ဖြတ်ကျော်သွားခဲ့တယ်ဆိုတဲ့အကြောင်း ရေးထားတဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ အမျိုးအစားလေးပါ။
ဒီတော့ ဇာတ်လမ်းအစကတော့ သူလိုကိုယ်လို သာမန်ငယ်ဘဝပါပဲ။ ဖခင်က ဆရာဝန်၊ မိခင်က အမြော်အမြင်ကြီးတဲ့ အိမ်ထောင်ရှင်မပီပီ သူမရဲ့သားတွေဖြစ်တဲ့ Paul တို့ ညီအကို၃ယောက်ကို ပညာတတ်တွေ အဖြစ် မြေတောင်မြှောက်ပေးနိုင်ခဲ့တယ်။ စာရေးဝါသနာပါပြီး စာရေးဆရာ ဖြစ်ချင်တဲ့ Paul ဟာ နာမည်ကျော် Cambridge University မှာ philosophy နဲ့ English Literature တွေ ဆည်းပူးလေ့လာတယ်။ ဒါဟာ နောင်အခါ သူနာမကျန်းဖြစ်ချိန်မှာ စာတွေရေးတဲ့အခါ အလွန်အသုံးတည့်လာခဲ့ပါတယ်။ နောက်တော့ Standford University မှာ ဆေးကျောင်းဆက်တက်ပါတယ်။ Yale မှာ ကျောင်းတက်နေစဉ်အတွင်း ဆေးကျောင်းသူ Lucy နဲ့ စတွေ့ခဲ့ပြီး ကျောင်းပြီးတော့ လက်ထပ်ခဲ့ကြပါတယ်။ လူတယောက်ရဲ့ အချစ်ဇာတ်လမ်းဟာ ဘဝမှာ ဒီလောက်လေးပဲလားလို့ ထင်ရင် မှားပါလိမ့်မယ်ခင်ဗျာ။
ဆရာဝန်ဘဝမှာ သူကယ်တင်လိုက်နိုင်တဲ့ အသက်တွေအပြင် ဘာမှမတတ်နိုင်တော့လို့ လက်လွှတ်လိုက်ရတဲ့ အသက်တွေကို ကြုံတွေ့လာရတဲ့အခါ၊ ကိုယ်ခန္ဓာကဝေဒနာတွေအပြင် စိတ်ရဲ့ ဒါဏ်ရာတွေကိုပါ ကုသဖို့ လိုလာတဲ့အခါ၊ အထူးသဖြင့် နာတာရှည်လူနာတွေကိုယ်တိုင်အပြင် ပြုစုစောင့်ရှောက်ထောက်ပံ့ပေးမဲ့ မိသားစုဝင်တွေနဲ့ ပြောဆို တိုင်ပင်ပုံတွေ၊ နားလည်မှု ရယူပုံတွေဟာ ပညာသားပါသလောက် လူသားဆန်တဲ့ တကယ့်ကို အတုယူအားကျလောက်စရာ။
Neurosurgeon ဘဝကို ဘာလို့ ရွေးချယ်ခဲ့လဲဆိုတဲ့ အကြောင်းပြချက်လေးကို သူရေးပြထားပုံက ကိုယ်တိုင်ဖတ်ကြည့်မှ ကြက်သီးမွေးညှင်းထလောက်စရာ။
ဦးနှောက်နဲ့အာရုံကြောခွဲစိတ်ပါရဂူ သင်တန်းသားဘဝမှာ နေ့တွေညတွေ မသိရလောက်အောင် စာတွေ့လက်တွေ့ကြားကနေ သူ့ရဲ့ကြိုးစားမှုတွေကြောင့် တခြားနာမည်ကြီးဆေးရုံကြီးတွေ၊ ဆေးတက္ကသိုလ်ကြီးတွေက လစာဝင်ငွေကောင်းတဲ့ အလုပ်ကမ်းလှမ်းချက်တွေ အပြိုင်အဆိုင် ခေါ်လာကြပီ၊ ရှေ့လျောက်ဘဝလမ်းကြီးက ဖြောင့်ဖြူးနေပြီ၊ ပင်ပင်ပန်းပန်း ထွန်ယက်စိုက်ပျိုးခဲ့မှုတွေကနေ အသီးအပွင့်တွေ ခံစားရဖို့နီးလာပြီ။ ဒီအချိန်မှာ ကံကြမ္မာရဲ့ ကြီးမားတဲ့ အလှည့်အပြောင်းနဲ့ ရိုက်ချက်က တုန်လှုပ်စရာ။
ညနေ ညနေ ဖျားတယ်၊ ကိုယ်အလေးချိန်တွေလျော့ကျလာတယ်၊ ရင်ဘတ်အောင့်တယ်၊။
စစ်ကြည့်လိုက်တော့ အဆုတ်ကင်ဆာ။ ရောဂါကို စသိလိုက်ချိန်မှာ ကင်ဆာက ကျောရိုးမကြီးနဲ့ အသည်းကို ပြန့်ပြီးနေပီ။ တစ်နည်းပြောရရင် metastatic lungs cancer ။ အဆုတ်ကင်ဆာ နောက်ဆုံးအဆင့်။ အသက်က ၃၆ နှစ်။
အရှေ့က ပြောခဲ့သလို လူတစ်ယောက်ရဲ့ ဘဝမှာ အချစ်ဟာ ဒီလောက်ပဲလားလို့ထင်ထားရင် အမှားကြီး မှားပါမယ်ခင်ဗျာ။ တကယ့်ချစ်ခြင်းမေတ္တာက အခုမှ စ မှာပါ။
တဒင်္ဂစိတ်လှုပ်ရှားမှုမဟုတ်တဲ့ relationship ထက် အဆပေါင်းများစွာ မြတ်နိုးရတဲ့ partnership ....
ဘဝရည်မှန်းချက်တွေအတွက်ဆိုပြီး သည်းသည်းမည်းမည်း နေ့မအား ညမနား ကြိုးစားလာလိုက်ပြီး သူလှည့်ကြည့်ဖို့ အချိန်မပေးခဲ့တဲ့ Lucy ဟာ Paul ရဲ့ ရောဂါကို သိလိုက်ရချိန်မှာ သူ့နဘေးမှာ အချိန်ပြည့် မားမားမတ်မတ်ရပ်ခဲ့သလို၊ သူတို့ ရဲ့ အနာဂတ်အတွက် တိုင်ပင်ဖော်၊ သူခံစားနေရတဲ့ ဒုက္ခဝေဒနာတွေအတွက် တိုးတိုးဖော်၊ နောက်ဆုံးသူ သေဆုံးပြီးသွားချိန်မှာတောင် သူရေးခဲ့တဲ့ စာအုပ်ထွက်ရှိနိုင်ဖို့၊ စာရေးဆရာ ဖြစ်ချင်ခဲ့တဲ့ သူ့ရဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့ အစွမ်းကုန် ကြိုးစားပေးသူ ဖြစ်ခဲ့ပါတယ်။
ဘဝရဲ့ရိုက်ချက် ပြင်းပြင်းကို ခံစားရပြီးနောက်ပိုင်း Paul ကြုံတွေ့ခဲ့ရတဲ့ အတက်အကျတွေက ကြမ်းလွန်းလှပါတယ်။ ပထမဆုံး အလုပ်ကနေ အနားယူလိုက်တယ်။ ကင်ဆာဆေးသွင်း ကုသတယ်။
ဒီဆေးက သွင်းသာ သွင်းရမှာ ကင်ဆာကျိတ်ပေါ်မှာ ဘယ်လောက်အကျိုးသက်ရောက်မှုရှိမယ်ဆိုတာ ကြိုမပြောနိုင်ဘူး။ လူတယောက်နဲ့ တယောက်ရဲ့ ဆေးအပေါ်တုံ့ပြန်ပုံခြင်း မတူကြပါဘူးတဲ့။
ဒီဆေးနဲ့ အဆင်ပြေသွားရင် ကျန်ရှိမဲ့ သူ့ရဲ့ သက်တမ်းကို သူကိုယ်တိုင်ခန့်မှန်းကြည့်တယ်။ အလုပ်တွေ ပြန်လုပ်မယ်။ တက်လက်စ ဦးနှောက်နဲ့ အာရုံကြော ခွဲစိတ်ပါရဂူ ဘွဲ့ကို ရအောင်ယူမယ်။ ကျန်ရစ်ခဲ့မဲ့ ဇနီး Lucy အတွက် ငွေကြေးစုဆောင်းပေးခဲ့ချင်ပါသေးသတဲ့။
သက်တမ်းစေ့မနေရမှာ သေချာနေတာတောင် ဆေးသွင်းပြီး အသက်ဆက်ရမယ့် ရှိစုရှိမဲ့ လက်ကျန်သက်တမ်းလေးကို အဲ့ဒီလိုခွဲခြမ်းစိတ်ဖြာတာ။
ဘဝရဲ့နောက်ဆုံးအချိန်က ကင်ဆာရောဂါနောက်ဆုံးအဆင့်ဖြစ်နေတဲ့ လူနာတစ်ယောက်ရဲ့ ဆေးသွင်းကြည့်လို့ အဆင်ပြေခဲ့ရင်ဆိုတဲ့ မျှော်လင့်လေးပေါ်မူတည်ပြီး Paul တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက်အပြန်အလှန် အားပေးရင်း၊ နားလည်မှုတွေယူရင်း၊ တစ်ယောက်ကိုတစ်ယောက် စာနာငဲ့ညှာရင်း၊ ရောဂါရဲ့ အတိမ်အနက်ကို သိနေပြီးဖြစ်တဲ့ ဆရာဝန်နှစ်ဦးဟာ လူနာနဲ့ လူနာရှင်တွေနေရာကနေ တစ်လှည့်ကိုယ်တိုင်ဝင်ပြီး လက်တွေ့ဘဝမှာ တွေ့ကြုံခံစားရတာတွေကို ရိုးရိုးသားသားနဲ့ အဖွဲ့အနွဲ့တွေ မပါဘဲရေးထားပုံက မျက်ရည်မခိုင်ချင်စရာ။
အကယ်၍များ ဆေးမတိုးဘူးဆိုပါတော့...
သူတစ်သက်လုံး မျှော်မှန်းပြီး ပင်ပင်ပန်းပန်း ကြိုးစားအားထုတ်ခဲ့ရတဲ့ ဆရာဝန်အလုပ်နဲ့ တကွ ပါရဂူဘွဲ့လွန်သင်တန်းကနေ လုံးဝ အပြီးတိုင်အနားယူမယ်ပေါ့။
ဒီဆုံးဖြတ်ချက်ဟာ ဘယ်လောက်ခက်ခဲမယ်ဆိုတာ ပြောပြစရာတောင် လိုမယ်မထင်ပါဘူး။ လူတောင်သေရတော့မှာပဲ။ ကိုယ်ချစ်ခင်ရတဲ့၊ ကိုယ်တန်ဖိုးထားရတဲ့၊ ကိုယ်ယုံကြည်ရတဲ့၊ ကိုယ်ပိုင်ဆိုင်(တယ်လို့ ထင်ခဲ့ရ)တဲ့ အရာတွေ အားလုံးကို အပြီးတိုင်ထားခဲ့ပြီး ကိုယ်တစ်ယောက်တည်း ထွက်သွားရတော့မယ့် လူတစ်ယောက်ရဲ့ နောက်ဆုံး လက်လွှတ်လိုက်ရမှုတွေပဲပေါ့။
ဒါဆို Paul တစ်ယောက် ကျန်ရှိနေတဲ့(အနည်းအကျဉ်းသော) မနက်ဖြန်တွေမှာ ဘာတွေကိုများနောက်ဆုံးအချိန်အထိ ဆက်လက်ဆုပ်ကိုင်ထားမလဲဆိုတာ စိတ်ဝင်စားစရာပေါ့ခင်ဗျာ။
Paul ကတော့ ရှင်းပါတယ်။ သူခင်မင်ရတဲ့မိတ်ဆွေတွေ၊ သူ့ရဲ့ မိသားစုတွေ၊ ချစ်ဇနီး Lucy တို့နဲ့ အတူ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်ရင်း သူ့ငယ်ဘဝကတည်းက ဖြစ်ချင်တဲ့ စာရေးခြင်းအလုပ်ကို နောက်ဆုံးအချိန်အထိ လုပ်သွားဖို့ပါတဲ့။
Paul က ဒီအကြောင်းကို နေ့စဉ် diaryလေးရေးသလို ရိုးရိုးလေး ရေးသွားပေမဲ့ ကျနော့်အတွက်တော့ တော်တော့်ကို ဆန်းဆန်းပြားပြား တွေးစရာတွေဖြစ်ခဲ့ပါတယ်။
လူတွေ ဘဝတွေ ဘယ်လောက်ပဲ ကွဲပြားခြားနားပါစေ နောက်ဆုံးအရေးကြီးဆုံးက ကိုယ်ဝါသနာပါတဲ့ အလုပ်လေးရယ်၊ ကိုယ်ချစ်တဲ့၊ ကိုယ့်ကို ချစ်တဲ့လူတွေရယ်၊ ဒါပဲ မဟုတ်လား...၊
ဒီလိုနဲ့ ဆေးသွင်းဖြစ်တယ်ဆိုပါတော့။ ဆေးသွင်းပြီး ပြန်စစ်ကြည့်တဲ့အခါ အကျိတ်အရွယ်က အတော်သေးသွားတယ်။
မျှော်လင့်ချက်တွေ ပြန်ရှင်သန်လာတယ်။
ကင်ဆာဆေးသွင်းတယ်ဆိုတာ သိတဲ့အတိုင်း လူကတော့ မျော့မျော့ပေါ့။ ဒီအချိန်မှာ သူ့ရဲ့ မျှော်လင့်ချက်မနက်ဖြန်တွေကို အရောင်တင်ပေးသူက Lucy ပါ။
Paul ရဲ့ ရင်သွေးလေးကို (နည်းပညာအကူအညီနဲ့ )ရအောင်ယူပြီး ကိုယ်ဝန်ဆောင်ခဲ့ပါတယ်။ မျှော်လင့်ချက်ယဲ့ယဲ့နဲ့ နောက်ဆုံးအဆင့်ကင်ဆာဝေဒနာသည်ရဲ့ ရင်သွေးကိုယူဖို့ဆိုတာ တကယ့်ကြီးမားတဲ့ စိန်ခေါ်မှုကြီးပါပဲ။ အဖေမရှိဘဲ ကလေးကို သူမတစ်ယောက်တည်းဆက်ပြီး ပြုစုပျိုးထောင်ဖို့ဆိုတာ စိတ်ခွန်အားသိပ်ကြီးမားတဲ့ အမျိုးသမီးတွေအတွက်တောင် အတော်မလွယ်ကူတဲ့ အရာပါ။ Lucy ကတော့ ရဲရင့်ခဲ့ပါတယ်။
Paul အတွက်တော့ တကယ့်ကို နာလန်ထ အားဆေးကြီးပါပဲ။
မျှော်လင့်ချက်တွေနဲ့ Paul ဟာ ပထမသူရွေးချယ်ထားတဲ့ လမ်းကို ဆက်လျှောက်နိုင်ဖို့ ပြင်နေပါပြီ။
အလုပ်ပြန်ဝင်တယ်။ အစကတော့ လူနာကြည့်ရုံ၊ နောက်တော့ ခွဲခန်းပြန်ဝင်နိုင်ဖို့ကြိုးစားတယ်။ ခွဲစိတ်ဆရာဝန်အနေနဲ့ ပထမဆုံးခွဲခန်းပြန်ဝင်တဲ့အခါ operation အပြီးထိ မတ်မတ်မရပ်နိုင်ပါဘူး။ တဝက်မှာတင် ဘေးကခုတင်ပေါ်လှဲပြီး နားလိုက်ရပါတယ်။ သူ့လက်ထောက်က ကျန်တာ ဆက်ခွဲပေါ့။
Paul က အားမလျော့ပါဘူး။ သိပ်မကြာခင်မှာ အရင်လိုပဲ ခွဲစိတ်မှုတွေကို ဦးဆောင်လုပ်ကိုင်နိုင်လာပါပြီ။
Lucy ပေးတဲ့မျှော်လင့်ချက်က အရိုးခိုက်လောက်တဲ့ ဝေဒနာတွေကို အံတုဖို့ အကိုက်အခဲပျောက်ဆေးပေါင်းများစွာထက် ပိုစွမ်းခဲ့ပါတယ်။
ဒီလိုနဲ့ Lucy က သမီးလေးမွေးပါတယ်။ အဲဒီအချိန်မှာတော့ သမီးကို သူဒီအတိုင်း မချီနိုင်တော့ပါဘူး။ မွေးဖွားပြီးစ သမီးလေးကို wheel chair ပေါ်က သူ့လက်ထဲအရောက် ပို့ပေးရပါတယ်။ နောက်တစ်ကြိမ်ပြန်ရိုက်တဲ့ ဓါတ်မှန်မှာ ပိုကြီးတဲ့ အကျိတ်အသစ်တစ်ခုနဲ့အတူ နောက်ထပ်သွင်းတဲ့ ကင်ဆာဆေးတွေဟာ Paul အတွက်အထောက်အကူ မဖြစ်စေတော့ပါဘူး။
2013, မေလမှာ နောက်ဆုံးအဆင့်အဆုတ်ကင်ဆာလို့ စသိချိန်မှာ Paul ဟာ အသက် 36 နှစ်သာ ရှိပါသေးတယ်။ 2014, ဇွန်လမှာ သမီးလေးမွေးပြီး 2015, မတ်လ သူကွယ်လွန်ချိန်မှာ အသက် 37 နှစ်သာ ရှိပါသေးတယ်။ Paul ကွယ်လွန်ပြီး ၁၀လ အကြာမှာ Lucy က ဒီစာအုပ်ကို ထုတ်ဝေခဲ့ပါတယ်။
ဘာလို့ ဒီလောက်လက်ညောင်းခံပြီး ပေရှည်နေလဲ မေးရင် ခေါင်းထဲမှာ ထပ်တလဲလဲ တွေးစရာတွေက နှလုံးသားထိ ရိုက်ခတ်နေလို့ လို့ ဖြေရမှာပဲခင်ဗျ။ ဒါဆို အရေးအသား အဖွဲ့အနွဲ့အတော်ကောင်းလို့ နေမှာပေါ့ ဆိုတော့လည်း မဟုတ်ပြန်ဘူးဗျာ။ ဥပမာ ပြောရရင် -
"What are you most afraid or sad about?”
she asked me one night as we were lying in bed.
“Leaving you,” I told her.
ဒါပဲ။
သူ ဝေဒနာတွေ ခံစားနေရချိန်မှာ Lucy က Paul ခံစားနေရတာတွေ သက်သာစေဖို့ ဖွင့်ထုတ်ဖို့ လမ်းကြောင်းပေးတဲ့ အခါ၊ သူနဲ့အတူ မျှဝေခံစားဖို့ ဖိတ်ခေါ်တဲ့ အခါ "သေခါနီးလူတစ်ယောက်ရဲ့ ဝမ်းနည်းစရာ အကောင်းဆုံးကိစ္စဟာ ရှင်ကျန်ခဲ့မယ့် သူကို ချန်ထားခဲ့ရမှာကိုပါတဲ့"
လူနှစ်ယောက်ကြားမှာ အပြန်အလှန်ထားရှိတဲ့ ချစ်ခြင်းမေတ္တာဆိုတာ ...
ဒါပါပဲ။
သေချာပေါက် သေရတော့မယ်ဆိုတာ သိနေတဲ့ လူတစ်ယောက်ရဲ့ ဟန်တွေမာန်တွေမပါတဲ့ ရိုးရှင်းတဲ့ ဘဝအမြင်နဲ့ အတွေးခေါ်တွေ အရေးအသားတွေက ဘဝင်ခိုက်ရလောက်အောင် ဆွဲဆောင်နေတာမျိုးပါ။ နူးညံ့စွာ ၊ သိမ်မွေ့စွာ၊ ပြီးတော့ ရိုးသားစွာ....
ဒီစာအုပ်လေး ဖတ်နေရင်းနဲ့ တေးရေး တေးဆို ဆရာဝန် ဆရာကြီး စိုင်းခမ်းလိတ်နဲ့ အမေးအဖြေ လုပ်ထားတာလေး သတိရမိတယ်။
မေး - "ဝေဒနာတွေ ခံစားရရင် ဘယ်လိုကျော်ဖြတ်ပါသလဲ။"
စိုင်းခမ်းလိတ် - "တော်ရုံတန်ရုံဆိုရင် ကိုယ်ဝါသနာပါတာ လုပ်ရင်းနဲ့ဖျောက်ရတာပေါ့။ နောက်…တစ်ခါတလေမှာ ပုတီးစိပ်ပြီး ဘုရားတရား အောက်မေ့ရတာပေါ့။
သိပ်ဆိုးလာတော့လည်း နွဲ့တင် အနားမှာရှိရင် ပြီးတာပဲလေ...."
Nay Nwe
Review with love
Click with love 💕
ReplyDelete🍀🍀🍀🍀🍀
စဖတ်လိုက်ကတည်းကထင်တော့ထင်လိုက်တယ် ဆရာ့စာနေမှာလို့ ဟိုးတလောကမန့်မှာဖတ်မိကတည်းကဘယ်တော့တင်လာမလဲလို့မျှော်နေတာ
Delete🤍
DeleteAppreciate.
Deleteရှည်လိုက်တာ ပျင်းသွားပီ🤓
ReplyDeleteပထမတစ်ခေါက်တုန်းက ရေးသူကို မသိလိုက်ဘူး ဒီတစ်ခါမှကြည့်မိတာ respect par nw 💛✨
Delete🤍
DeleteReviewလေး ကြောင့်စာအုပ်လေးပါဖတ်ချင်မိတယ်
ReplyDeleteကျေးဇူးပါ bro Nay Nwe
🤍
Delete😊
DeleteWas
ReplyDelete👌
DeleteThanks Nay Nwe!
ReplyDeleteရင်ထဲနွေးသွားပြီ🤎
ReplyDeleteReview လေးအတွက်ကျေးဇူးပါ @Nay Nwe✨
🤍
DeleteTill the end
ReplyDeleteFighting together 💪
💪
Deleteမေတ္တာတရားတွေမျှဝေပေးပါ
ReplyDeleteမအလတွေကလွဲလို့
🤍
Delete😍
Deleteကောင်းလိုက်တဲ့ Review
ReplyDeleteကျေးဇူးပါ
"ဝင်သက်ထွက်သက်တို့ ရပ်တန့်သွားသောအခါ"
Deleteဘာသာ ပြန်ဆရာကို သိလို့ရမလားဗျ
စာအုပ်လေး ရှာဖတ်ချင်လို့
This comment has been removed by the author.
Deleteစာရေးသူက
Deleteဆရာ ရဲရင့်ကျော် ပါ ခင်ဗျာ။စာပေလောက ပန်းဆိုးတန်း junction city page မှာ စာအုပ်ကြော်ငြာထားတာ တွေ့မိပါတယ်ခင်ဗျာ။
Page ပါ ပြောပြလို့
Deleteကျေးဇူးပါ ဘရားသား 🍀🤍
🕊️🤍🕊️
ReplyDeleteReview လေးဖတ်ပြီး
Deleteစာအုပ်လေးဖတ်ကြည့်ချင်တယ် ဒါမဲ့ ဖတ်လဲမဖတ်ရဲဘူး ကိုယ်က မျက်ရည်မခိုင်ဘူး
အလွမ်းဓါတ်ခံလေးရှိတော့လည်း🤭
Delete🤭🥰
Delete🍁🍁
ReplyDelete🍀
Deleteဝမ်းနည်းစရာအကောင်းဆုံးက ရှင်ကျန်ခဲ့မယ့်သူတွေကိုချန်ထားခဲ့ရမှာ ကိုပါ 🥺
ReplyDelete🤍
Delete💔❤️
ReplyDeleteအရမ်းကိုကောင်းတယ်ဗျာ
Deleteကိုယ့်ခံစားချက်တွေနဲ့တိုက်ဆိုင်တော့မျက်ရည်တောင်ကျမိတယ်၊စာအုပ်လေးဘယ်မှာဖတ်လို့ရမလဲဆိုတာရယ္၊ဘယ်လို၀ယ်လို့ရလံဆိုတာရယ် လမ်းညွှန်ပါအုံးဗျ
စာရေးသူက
Deleteဆရာ ရဲရင့်ကျော် ပါ ခင်ဗျာ။
စာပေလောက ပန်းဆိုးတန်း junction city page မှာ စာအုပ်ကြော်ငြာထားတာ တွေ့မိပါတယ်ခင်ဗျာ။
Deleteဟုတ်ကျေးဇူပါဗျာ
DeleteReview လေးက ပြည့်စုံလှပါတယ်။ စာအုပ်ဖတ်လိုက်ရသလိုပါပဲ။ ကျေးဇူးပါ 🙏🏻
ReplyDelete🏞
ReplyDeleteDone ✅
ReplyDeleteReviewဖတ်ရုံနဲ့ တော်တော်ကောင်းတဲ့ စာအုပ်မှန်းပြောလို့ရတယ်။ ဖတ်ချင်နေတာ ဒီလိုမျိုး။ စာအုပ်လေး ရှာဝယ်ဉီးမှ။
ReplyDeleteညွှန်းပေးလို့ ကျေးဇူးပါ Nay Nwe။
Wheel............dope.🏹🏹🏹
ReplyDelete🏹
Delete🎯
Delete💔
ReplyDeleteကလစ်တချက်စီတိုင်းက လိုအပ်သောနေရာများအတွက် အထောက်အပံ့ဖြစ်ပါစေ
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete